Breaking News

ဒဏ်ရိုက်ခံရသော မန်စီးတီး

Aug 15 , 2017

ပရီးမီးယားလိဂ် အပြောင်းအရွှေ့စည်းမျဉ်းများကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် မန်စီးတီးမှာ ဒဏ်ကြေးငွေ ပေါင် ၃သိန်း အပြင် အကယ်ဒမီအဆင့် ကစားသမားများကို ၂နှစ်ခေါ်ယူခွင်ပိတ်ပင်သည့်ပြစ်ဒဏ်များ ချမှတ်ခံလိုက်ရပြီ ဖြစ်သည်။

မန်စီးတီးအသင်းမှာ အခြားအသင်းကစားသမားအဖြစ် မှတ်ပုံတင်ထားသော လူငယ်ကစားသမား ၃ဦးကို တရားမ၀င်ခေါ်ယူ ခဲ့ခြင်းကြောင့် ယခုပြစ်ဒဏ်မျိုး ချမှတ်ခံရခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ် ဘုတ်အဖွဲ့၏ ဧပြီလ သတင်းပို့မှုများထဲတွင် မန်စီးတီးအနေနှင့် အဲဗာတန်မှ ၁၁ နှစ်သား ကွင်းလယ်ကစားသမားနှင့် ၀ုလ်ဖ်မှ ၁၅ နှစ်သားကစားသမားတို့ အပါအ၀င် စုစုပေါင်း ၃ဦးကို စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ကြောင်းနှင့် ယင်းသို့ ခေါ်ယူမှုကို မိခင် ကလပ်များအား အသိပေးခွင့်ပြုချက် တောင်းခံခဲ့ခြင်းမရှိကြောင်း ဖော်ပြခဲ့သည်။

ခေါ်ယူခွင့် ပိတ်ပင်ထားသည့်ကာလအတွင်း ၂၀၁၈ ဇွန်လမှစ၍ အသင်းအနေနှင့် လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့် သွားမည်ဖြစ်ပြီး ထပ်မံဖောက်ဖျက်ပါက နောက်ထပ် ၃နှစ် ပိတ်ပင်ခံရမည် ဖြစ်သည်။

U Myo Thant


Advertisement
Here