Bundesliga News

  • သက်တမ်းတိုးမည့် ဒေါ့မွန်နည်းပြ

    ဒေါ့မွန်အသင်းအနေနှင့် နည်းပြ တူချယ်ကို သက်တမ်းတိုးပေးရန် စီစဉ်နေကြောင်း အသင်း CEO ၀စ်ဇကီက ပြောဆိုလိုက်သည်။

  • နားတော့မယ့် ဖိလစ်လမ်း

    ဘိုင်ယန်အသင်း ကပ္ပတိန် ဖိလစ်လမ်းက လာမည့် ရာသီကုန်တွင် အနားယူတော့မည်ဟု ပြောဆိုလိုက်သည်။

  • ဆုရပြန်တဲ့ လီဝန်ဒေါစကီး

    ဘိုင်ယန်တိုက်စစ်မှုး လီဝန်ဒေါစကီးမှာ ပိုလန်နိုင်ငံ၏ ၁နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ် ဆက်တိုက် ထပ်မံ ရရှိ ခဲ့ကြောင်း သိရသည်။

  • မန်ယူကိုကျော်တက်တဲ့ ဘိုင်ယန်

    ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်အသင်းမှာ ယမန်နေ့က အိမ်ကွင်းတွင် ချန်ပီယံလိဂ်ပွဲအဖြစ် ရော့စတော့နှင့် ကစားခဲ့ရာတွင် ၅းဝဖြင့် အနိုင်ရရှိခဲ့ပြီး၊ ယခင်က မန်ယူတင်ထားခဲ့သော ချန်ပီယံလိဂ်အိမ်ကွင်း ၁၂ပွဲ ဆက်တိုက် အနိုင်ရစံချိန်ကို ၁၃ပွဲဖြင့် ကျော်ဖြတ်၍ စံချိန်သစ် တင်လိုက်ပြီ  ဖြစ်သည်။

  • ရှော့ကေးအကြောင်းပြောတဲ့ သူ

    ဘိုင်ယန်နည်းပြ အန်ဆလော့တီက ယမန်နေ့က ကစားခဲ့ရသော ရှော့ကေးနှင့် ပွဲမှာ များစွာခက်ခဲခဲ့ကြောင်း၊ ရှော့ကေး ကစားပုံ မှာ အံ့အားသင့်စရာကောင်းကြောင်း ပြောဆိုလိုက်သည်။

  • သပိတ်မှောက်မည့် ပရိသတ်

    တန်းတက်လိုက်ပဇစ်အသင်းနှင့် ကစားရမည့် အဝေးကွင်းပွဲကို ဒေါ့မွန်ပရိသတ်များက သွားရောက်အားပေးခြင်းမပြုပဲ သပိတ်မှောက်မည်ဟု ဆိုသည်။

  • ဘိုင်ယန်တွင် ရီဘာရီဆက်နေမည်

    ပြင်သစ်လက်ရွေးစင်ဟောင်း ရီဘာရီက သူ့အနေနှင့် ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်တွင် ဆက်ကစားရန် မျှော်လင့် ထားကြောင်း ပြောဆိုလိုက်သည်။

  • ကျေနပ်သွားတဲ့ အန်ဆလော့တီ

    ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်တွင် ဘိုင်ယန်အသင်းက ၀ါဒါဘရီမင်အသင်းကို ၆ဂိုးပြတ်ဖြင့် နိုင်ခဲ့ပြီး၊ ထိုပွဲအတွက် ကျေနပ်ကြောင်း နည်းပြ အန်ဆလော့တီက ပြောဆိုလိုက်သည်။

  • လက်ကျိုးခဲ့သော ဟာနန်ဒက်စ်

    လေဗာကူဆင် တိုက်စစ်မှုး ဟာနန်ဒက်စ်မှာ လှေကားမှ ချော်ကျကာ ညာဘက်လက်ကျိုးသွားသောကြောင့် ၂ပတ်ခန့်နားရမည် ဟု သိရသည်။

  • အမြတ်ပေါ်သော ဒေါ့မွန်

    ဒေါ့မွန်အသင်းမှာ ၂၀၁၅ ဇူလိုင် ၁ရက်နေ့က ၂၀၁၆ ဇွန်လ ၃၀ရက်နေ့အထိဖြစ်သော ဘဏ္ဍရေးနှစ်အတွင်း စံချိန်တင်အမြတ်ငွေ ယူရို ၃၇၆.၃သန်း ရရှိခဲ့ကြောင်း သိရသည်။

  • ဖလားစရသော အန်ဆလော့တီ

    ဘိုင်ယန်နည်းပြသစ် အန်ဆလော့တီမှာ ရာသီအဖွင့်ပွဲအဖြစ် ဒေါ့မွန်နှင့် ကစားရသည့် ဂျာမန်စူပါဖလားပွဲတွင် ၂းဝဖြင့် အနိုင်ရရှိ ကာ ဆုဖလားတစ်လုံးကို ဗွေဆော်ဦး ရရှိခဲ့ပြီ ဖြစ်သည်။

  • လူသစ်မလိုတဲ့ ဘိုင်ယန်

    ဘိုင်ယန်နည်းပြ အန်ဆလော့တီက သူ့အနေနှင့် ကစားသမားသစ် ထပ်ခေါ်ရန် လိုတော့မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

  • တစ်လနားမည့် ရူးစ်

    ဒေါ့မွန်မှ မာကိုရူးစ်မှာ ဒဏ်ရာကြောင့် နောက်တစ်လခန့် နားရဦးမည်ဟု သိရသည်။

  • ဒေါ့မွန်ရောက်မည့် ဂေါ့ဇီ

    ဒေါ့မွန်အသင်းသည် ဘိုင်ယန်မှ ဂေါ့ဇီကို ခေါ်ယူရန်အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။

  • မီတာရန်ကို ဒေါ့မွန်ရောင်းမည်

    ဘွန်ဒစ်လီဂါအသင်းတစ်သင်းဖြစ်သော ဒေါ့မွန်အသင်းမှာ မီတာရန်နှင့် စာချုပ်သက်တမ်းတိုးရေး ကိစ္စဆွေးနွေးရာတွင် သဘောတူညီမှု မရခဲ့သဖြင့် ၎င်းကစားသမားကို ထုတ်ရောင်းတော့မည်ဟု ဆိုသည်။

  • နည်းပြသစ်ခန့်သော ရှော့ကေး

    ဘွန်ဒစ်လီဂါကလပ် ရှော့ကေးအသင်းမှာ ၀ိန်းဇီရယ်ကို ၃နှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

  • ဥက္ကဋ္ဌဟောင်းကို ကြိုမည့်သူ

    အခွန်ရှောင်တိမ်းမှုကြောင့် ၂၀၁၄တွင် ရာထူးမှ နုတ်ထွက်ပေးလိုက်ရသော ဥက္ကဋ္ဌဟောင်း ဟိုးနက်စ်အနေနှင့် အသင်း သို့ ပြန်လာမည်ဆိုပါက ၀မ်းမြောက်စွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ဘိုင်ယန် ဥက္ကဋ္ဌ ရမ်မီနစ်က ပြောဆိုလိုက်သည်။

  • Play - Off ပွဲနိုင်သော ဖရန့်ဖတ်

    ဘွန်ဒစ်လီဂါ တန်းတက်ခွင့်အတွက် Play-Off ကစားခဲ့ကြရာတွင် ဘွန်ဒစ်လီဂါမှ ဖရန့်ဖတ်မှာ ဒုတိယတန်း မှ နူရင်ဘတ်ကို နှစ်ကျော့ပေါင်း ၂း၁ဖြင့် အနိုင်ရခဲ့သဖြင့် လာမည့်ရာသီတွင် ဘွန်ဒစ်လီဂါ၌ ဆက်ရှိနေဦးမည်ဖြစ်သည်။

  • ထောင်ကျနိုင်သော ကွန်တီ

    ၂၀၁၁ခုနှစ်က ဖြစ်ပွားခဲ့သောလုပ်ပွဲကစားမှုတွင် ပါဝင်သတ်သက်နေသည်ဆိုသော အီတလီလက်ရွေးစင်အသင်းနည်းပြကွန်တီမှာ ထောင်၆ လကျခံရမည့်အရေးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

  • မန်စီးတီးကိုလေးစားတဲ့ ဘလန့်စ်

    ချန်ပီယံကွာတားဖိုင်နယ်တွင်တွေ့ရမည့် မန်စီးတီးအသင်းမှာမိမိလေးစားသောအသင်းတစ်သင်းဖြစ်ကြောင်း PSGနည်းပြဘလန့်ကပြောဆို လိုက်သည်။


Advertisement
Here