Bundesliga News

  • နိုင်ပွဲရသော ဒေါ့မွန်

    တန်းဆင်းဇုန် အောက်ဆုံးသို့ရောက်နေသော ဒေါ့မွန်မှာ ယမန်နေ့ညက ဟော့ဖန်ဟိန်းနှင့်ပွဲစဉ်တွင် ၁းဝ ဖြင့် အနိုင်ရခဲ့၍ တန်းဆင်းဇုန်မှ လွန်လာပြီဖြစ်သည်။

  • ထွက်မှာမဟုတ်တဲ့ ဒေါ့မွန်နည်းပြ

    ၈ ပွဲမြောက် ရှုံးပွဲကို တွေ့ကြုံခဲ့ရသော်လည်း ရာထူးမှထွက်ခွာရန် မစဉ်းစားဟု ဒေါ့မွန် နည်းပြ ဂျာဂင်ကလော့က ပြောဆိုလိုက်သည်။

  • ဘာကာကို မပြန်တဲ့ ဂွာဒီယိုလာ

    ဘိုင်ယန်နည်းပြ ဂွာဒီယိုလာက သူသည် ယခင် အသင်းဟောင်း ဘာစီလိုနာသို့ပြန်ရန် အကြောင်းမရှိဟု ပြောဆိုလိုက်သည်။

  • ဒေါ့မွန်မှာ ဆက်နေမယ့် ဟမ်းမဲလ်

    ဘွန်ဒစ်လီဂါ အသင်းတစ်သင်းဖြစ်သော ဒေါ့မွန်မှ ဂျာမနီလက်ရွေးစင်နောက်ခံလူ ဟမ်းမဲလ်က သူသည် လက်ရှိကလပ်တွင်သာ ဆက်နေဦးမည်ဖြစ်ကြောင်း ပြော ဆိုလိုက်သည်။

  • ကလိုဆေး နားပြီ

    ဂျာမနီ၏ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအဖြစ် စံချိန်တင်ထားသည့်တိုက်စစ်မှူး ကလိုဆေးသည် နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူ လိုက်ပြီ ဖြစ်သည်။

  • စပိန်သွားမယ့် ခရူးစ်

    ဘိုင်ယန်ကွင်းလယ်ကစားသမား တိုနီခရူးစ်မှာ သူ၏အေးဂျင့်နှင့်အတူ ယနေ့စပိန်သို့ သွားရောက်၍ အသင်းပြောင်းရွှေ့ရေး အတွက် ဆွေးနွေးမည်ဟု သိရသည်။

  • ရှာကီရီကို မရောင်းပါ

    ဆွစ်ဇာလန်လက်ရွေးစင် ရှာကီရီကို ရောင်းထုတ်မည်မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ပြောဆိုလိုက်သည်။

  • အသင်းပြောင်းမယ့် မန်ဇူကစ်

    ဂျာမနီသတင်းစာတစ်စောင်၏ အဆိုအရ ဘိုင်ယန်တိုက်စစ်မှူး မန်ဇူကစ်မှာ လာလီဂါကလပ် အက်သလက်တီကိုသို့ ပေါင် ၁၇.၅ သန်းဖြင့် ပြောင်းရွှေ့မည်ဟု သိရသည်။

  • စာချုပ်မချုပ်ရသေးတဲ့ ခရူးစ်

    ဂျာမနီတွင် ကွင်းလယ်ကစားသမား တိုနီခရူးစ်မှာ ဘိုင်ယန်နှင့် စာချုပ်သစ် ချုပ်ဆိုခြင်းမရှိသေးကြောင်းသိရပြီး ယင်းကြောင့် မန်ယူသို့ ပြောင်းရန်မှာ ဖြစ်နိုင်သည်ဟု ဆိုသည်။

  • မာကိုရူးစ် ဒဏ်ရာရ

     ဒေါ့မွန်အသင်းမှ ဂျာမနီလက်ရွေးစင် မာကိုရူးစ်မှာ အာမေးနီးယားကို ၆:၁ ဖြင့် နိုင်ခဲ့သော ခြေစမ်းပွဲတွင်ဒဏ်ရာ ရရှိသွားခြင်းကြောင့် ကမ္ဘာ့ဖလားပွဲ ကစားနိုင်ရေးအတွက် စိတ်မအေးစရာ ဖြစ်ခဲ့ရသည်။

  • အမ်မရီကန်ကို လီဗာပူး စိတ်ဝင်စား

    လီဗာပူးအသင်းမှာ မိမိတို့ ကွင်းလယ်ကစားသမား အမ်မရီကို စိတ်ဝင်စားကာ ကမ်းလှမ်းမှုပြုထားကြောင်း လေဗာကူဆင်အသင်းမှ စီအီးအို မိုက်ကယ်ရှာဒီက အတည်ပြု ပြောဆိုလိုက်သည်။

  • ဘိုင်ယန်ဥက္ကဌဟောင်း ထောင်ထဲစ၀င်

    အခွန်တိမ်းရှောင်မှုဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံရမည့် ဘိုင်ယန်ဥက္ကဌဟောင်း အူလီဟိုးနက်စ်မှာ သူ၏ ပြစ်ဒဏ်ကို စတင်ကျ ခံပြီဖြစ်ကြောင်း သူ၏ရှေ့နေများက အတည်ပြု ပြောဆိုခဲ့သည်။

  • ဆဲလ်တစ် ဥက္ကဌ ဆွေးနွေး

    အိုင်ယာလန် လက်ရွေးစင်အသင်း လက်ထောက်နည်းပြ ရွိုင်ကိန်းသည် ဆဲလ်တစ် ပိုင်ရှင်နှင့် ဥက္ကဌဖြစ်သူ ဒါမော့ ဒက်စ်မွန်နှင့် ဆွေးနွေးနေကြောင်း သိရသည်။

  • ဘိုင်ယန်မှ မန်ဇူကစ် ထွက်မည်

    ဘိုင်ယန်တိုက်စစ်မှူး မန်ဇူကစ်မှာ ယနေ့ည ဒေါ့မွန်နှင့် ကစားရမည့် ဂျာမန်ပိုကယ်ဖလားဖိုင်နယ်ပွဲတွင် ပါဝင်တော့မည်မဟုတ်ပဲ အသင်းပြောင်းရန် စီစဉ်နေပြီဟု ဆိုသည်။

  • နှုတ်ဆက်ခဲ့သော လီဝန်ဒေါ့စကီး

     ဒေါ့မွန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးမှာ လွန်ခဲ့သော စနေနေ့ အိမ်ကွင်း နောက်ဆုံး ပွဲစဉ်တွင် ပရိသတ်များကို လက်ပြနှုတ်ဆက်ခဲ့ ပြီး လာမည့် ရာသီတွင် ဘိုင်ယန်သို့ သွားရောက်ကစားတော့မည် ဖြစ်သည်။

  • သက်တမ်းတိုးခဲ့သည့် နူအာ

    ဘိုင်ယန်မြူးနစ်အသင်း၏ အဓိက ဂိုးသမား မန်နူရယ်နူအာသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၁၉ အထိ ရှိနေစေမည့် သက်တမ်းတိုး စာချုပ်အား ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းမှ သောကြာနေ့တွင် ကြေညာသွားခဲ့သည်။

  • ပြန်ကစားနိုင်တော့မည့် ရှမယ်လ်ဇာ

     ဒေါ့မွန်အသင်း၏ နောက်ခံကစားသမား မာဆယ်ရှမယ်လ်ဇာသည် ပေါင်ခြံဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်ရာ လာမည့် စနေနေ့တွင် ဟော့ဖန်ဟိန်း အသင်းနှင့် ရင်ဆိုင်မည့်ပွဲစဉ်၌ အသင်းအတွက် ပြန်လည်ပါဝင် ကစားနိုင်တော့မည် ဖြစ်သည်။

  • စာချုပ်ကိစ္စ ကြေညာသည့် မာကိုရူးစ်

    ဂျာမန်ထိပ်သီးအသင်း တစ်သင်းဖြစ်သည့် ဒေါ့မွန်အသင်းမှ ကွင်းလယ်ကစားသမား မာကိုရူးစ်သည် အသင်းမှ စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုအား ငြင်းပယ်ခဲ့သော်လည်း မိမိအနေဖြင့် ဒေါ့မွန်အသင်းနှင့် ပျော်ရွှင်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

  • မီလစ်ခ်အား အငှားခေါ်ယူ

    နယ်သာလန်ထိပ်သီးကလပ် အေဂျက်အသင်းသည် လေဗာကူဆင်အသင်းမှ တိုက်စစ်မှူး မီလစ်ခ်အား အငှား စာချုပ်ဖြင့် ခေါ်ယူရန် အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်သည်။


Advertisement
Here