Serie-A News

  • အမှတ်လျှော့ခံရသော ပါးမား

    စီးရီးအေကလပ်တစ်ခုဖြစ်သော ပါးမားအသင်းမှာ ကစားသမားလစာများပေးချေရန် ပျက်ကွက်နေမှုကြောင့် တစ်မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

  • နည်းပြသစ်ခန့်သော ဆီစီနာ

    စီးရီးအေကလပ် ဆီစီနာသည် ထုတ်ပယ်ခဲ့သော နည်းပြ ဘီဆိုလီ၏နေရာတွင် ဒီကာလိုကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။

  • ဒိုင်ကိုဝေဖန်တဲ့ မန်ချီနီ

    ရိုးမားကို ၄း၂ ဖြင့် ရှုံးခဲ့သော ပွဲအတွက် ကွင်းလယ်ဒိုင်နှင့် ပတ်သက်၍ မိမိဝေဖန်မှု မပြုလိုကြောင်း အင်တာနည်းပြ မန်ချီနီက ပြောဆိုလိုက်သည်။ ယခု ရှုံးပွဲမှာ အင်တာကို မန်ချီနီ တာဝန်ယူခဲ့သည့် ၃ ပွဲတွင် ပထမဆုံးရှုံးပွဲ ဖြစ်သည်။

  • လူခေါ်ဦးမည့် မန်ချီနီ

    အင်တာသို့ နည်းပြသစ်အဖြစ် တစ်ကျော့ပြန် ရောက်ရှိလာခဲ့သော မန်ချီနီမှာ လာမည့် ဇန်န၀ါရီအပြောင်းအရွေှ့တွင် လူထပ်ခေါ်ဦးမည်ဟု သိရသည်။

  • အင်တာနည်းပြဖြစ်လာသော မန်ချီနီ

    မန်စီးတီးနည်းပြဟောင်း မန်ချီနီမှာ စီးရီးအေကလပ် အင်တာသို့ နည်းပြအဖြစ် ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

     

  • ရာသီစပြီဆိုတဲ့ ဟာနာနက်စ်

    အင်တာကွင်းလယ် ကစားသမား ဟာနာနက်စ်က နာပိုလီကို နောက်ကျ ချေပဂိုးများသွင်း၍ သရေကစားနိုင်ခဲ့ပြီး သည့်နောက် အင်တာ၏ စီးရီးအေ ရာသီမှာ ယခုမှ စတင်ပြီး ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

  • ဖလားမျှော်တဲ့ ဘင်နီတက်စ်

    နာပိုလီအနေနှင့် လောလောဆယ် အချိန်တွင် အဆင့် ၇ ၌ သာရှိသော်လည်း နည်းပြဘင်နီတက်စ်က ကစားသမားများ၏ ကြိုးစားမှုကြောင့် စီးရီးအေချန်ပီယံဖြစ်ရန် မျှော်မှန်းနိုင်သည်ဟု ပြောဆိုလိုက်သည်။

  • သက်သာလာသည့် ဂိုမက်ဇ်

    ဖီအိုရင်တီးနားတိုက်စစ်မှူး ဂိုမက်ဇ်မှာ ဒဏ်ရာမှသက်သာလာပြီဖြစ်သဖြင့် မကြာမီလေ့ကျင့်ရေး ဆင်းနိုင်တော့မည်ဟု သိရသည်။

  • စထရော့မန်းကို မရောင်းပါ

    ရိုးမားအသင်းပိုင်ရှင် ဂျိမ်းစပါလော့တာက ကွင်းလယ်ကစားသမား စထရော့မန်းကို မန်ယူသို့ ရောင်းမည်မဟုတ်ဟု ပြောဆိုလိုက်သည်။

  • ဒဏ်ရိုက်ခံရသော ဂါစီယာ

    ရိုးမားနည်းပြ ဂါစီယာမှာ ဂျူဗင်တပ်နှင့်ပွဲတွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များအပေါ် စောဒကတက်ခဲ့ရာမှ ထုတ်ပယ်ခံရသကဲ့သို့ ဒဏ်ငွေ ယူရို ငါးထောင် ပေးဆောင်ရန် ပြစ်ဒဏ်ချခံခဲ့ရသည်။

  • ဝေဖန်မှုကိုလက်ခံတဲ့ မက်ဇာရီ

    အင်တာနည်းပြ မက်ဇာရီက အိမ်ကွင်းတွင် ကက်ဂလီယာရီကို ၁း၎ ဖြင့် ရှုံးခဲ့ရသည့်အတွက် ဝေဖန်နေကြခြင်းများကို လက်သင့်ခံပါကြောင်း ပြောဆိုခဲ့သည်။

  • အသင်းကိုချီးကျူးတဲ့ ဘင်နီတက်ဇ်

    နာပိုလီနည်းပြ ဘင်နီတက်ဇ်က မိမိကစားသမားများအနေနှင့် အကောင်းဆုံးကြိုးစားပြနိုင်ခဲ့၍ အဝေးကွင်းတွင် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။

  • မစိုးရိမ်တဲ့ ဘင်နီတက်ဇ်

    အိမ်ကွင်းတွင် ပါလာမိုကို အနိုင်မကစားနိုင်တဲ့ ၃ ဂိုးစီသရေကျခဲ့သည့်ပွဲအပြီးတွင် နာပိုလီနည်းပြ ဘင်နီတက်ဇ်က သူ့အနေနှင့် ထုတ်ပယ်ခံရမည်ကို မစိုးရိမ်ကြောင်း ပြောဆိုလိုက်သည်။

  • ဂိုးစသွင်းတဲ့ တောရက်စ်

    ချဲလ်ဆီးမှ မီလန်သို့ ပြောင်းရွေှ့လာသော စပိန်တိုက်စစ်မှူး တောရက်စ်မှာ ယမန်နေ့ကပွဲတွင် ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။

  • မီကာရစ်ချတ် ဖီအိုရင်တီးနားရောက်

    အသက် ၂၆ နှစ်ရှိပြီဖြစ်သော နောက်ခံလူ မီကာရစ်ချတ်မှာ စီးရီးအေကလပ် ဖီအိုရင်တီးနားသို့ အငှားစာချုပ်ဖြင့် ရောက်ရှိသွားပြီဖြစ် သည်။

  • ဘယ်လိုတယ်လီအတွက် လီဗာပူးဆွေးနွေး

    လီဗာပူးအသင်းသည် မီလန်တိုက်စစ်မှူး ဘာလိုတယ်လီကိုခေါ်ယူနိုင်ရေးအတွက် အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

  • ကွန်တီကိုဆုတောင်းတဲ့ ပရန်ဒယ်လီ

    အီတလီနည်းပြဟောင်း ပရန်ဒယ်လီက သူ့ကို ဆက်ခံသောနည်းပြသစ် ကွန်တီအတွက် အစစအောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်သည်။

  • အီတလီနည်းပြဖြစ်လာသော ကွန်တီ

    ဂျူဗင်တပ်နည်းပြဟောင်း ကွန်တီကို အီတလီဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းနည်းပြအဖြစ် ရွေးချယ်ခန့်အပ်လိုက် ပြီ ဖြစ်သည်။

  • ကျူပီအာရောက် အစ္စလာ

    တန်းတက်အသင်းဖြစ်လာသော ကျူပီအာမှာ ဂျူဗင်တပ်နောက်ခံလူ အစ္စလာကို ခေါ်ယူလိုက်ပြီဖြစ်သည်။

  • ဂျူဗင်တပ်ပြောင်းမည့် ရိုမူလို

    လွန်ခဲ့သောရာသီတွင် စီးရီးအေ၌ နာမည်ရခဲ့သူ ရိုမူလိုမှာ ဗီရိုနာမှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။


Advertisement
Here