Serie-A News

  • အနာဂတ်အကြောင်းမပြောသေးသူ

    အီတလီလက်ရွေးစင်အသင်းမှနှုတ်ထွက်တော့မည့်နည်းပြကွန်တီက သူ၏အနာဂတ်နှင့်ပတ်သက်၍လက်ရှိအချိန်တွင် မစဉ်း စားသေးကြောင်းပြောဆိုလိုက်သည်။

  • ရှုံးပွဲကြုံသော PSG

    အမှတ်ပေးချန်ပီယံဖြစ်ရန် သေချာခဲ့ပြီဖြစ်သော PSGအသင်းမှာ ယမန်နေ့က မိုနာကိုနှင့်ကစားရသည့် အိမ်ကွင်းပွဲစဉ်တွင် ၀း၂ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး ယင်းအရှုံးမှာယခုရာသီအတွင်း ဒုတိယမြောက်ရှုံးပွဲနှင့် ၂၀၁၄ မေလနောက်ပိုင်း ပထမဆုံးအိမ်ကွင်းရှုံးပွဲဖြစ်ခဲ့ရသည်။

  • နားရဦးမည့် စတာလင်နှင့်ဂျိုးဟတ်

    မန်စီးတီးအသင်းမှ အင်္ဂလန်လက်ရွေးစင်၂ဦးဖြစ်သော စတာလင်နှင့်ဂျိုးဟတ်တို့မှာမန်ယူနှင့်ပွဲတွင် ဒဏ်ရာရခဲ့သောကြောင့် အင်္ဂလန်အသင်း ၏ခြေစမ်းပွဲ၂ပွဲတွင် ပါဝင်နိုင်တော့မည်မဟုတ်ဟု သိရသည်။

  • အထုတ်ခံရတော့မည့် ဂါဒီ

    အမှတ်ပေးဇယားအောက်ဆုံးသို့ရောက်နေသော အက်စတန်ဗီလာအသင်းသည် လက်ရှိနည်းပြ ဗာဒီကိုထုတ်ပယ်၍ လက်စတာနည်းပြဟောင်း နီဂယ်ပီယာဆန်နှင့်အစားထိုးလိမ့်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

  • ရှုံးရင်ပြီးပြီဆိုတဲ့ ဗန်ဂေါလ်

    မန်ယူနည်းပြဗန်ဂေါလ်က မန်စီးတီးနှင့်ကစားရမည့် ပွဲစဉ်တွင်ရှုံးခဲ့ပါက ချန်ပိယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကုန်ဆုံသွားလိမ့်မည်ဟု ပြော ဆိုလိုက်သည်။

  • တိုက်စစ်မှုးကိုကမ်းလှမ်းသော ချဲလ်ဆီး

     ချဲလ်ဆီးအသင်းသည် PSGမှဆွီဒင်တိုက်စစ်မှုး အီဘရာဟင်မိုဗစ်ကို ပေါင် ၁၉.၅သန်းနှင့်ကမ်းလှမ်းမည်ဟု ဆိုသည်။

  • ကွာတားတက်သော မန်စီးတီး

    မန်စီးတီးအသင်းမှာအိမ်ကွင်းတွင် ဒိုင်နမိုကိယက်ကိုဂိုးမရှိသရေကစားခဲ့ပြီးနောက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်သွားပြီဖြစ်သည်။

  • လီဗာပူး CEO နှုတ်ထွက်မည်

    CEOဖြစ်သူ အီယန်အေရီမှာ အသင်းနှင့်စာချုပ်ရှိနေသည့် ၂၀၁၇ မေလအထိသာ လက်ရှိရာထူးတွင်ဆက်နေမည်ဖြစ်ပြီး ယင်းကာလကျော်လွန်ပါက နှုတ်ထွက်တော့မည်ဖြစ်ကြောင်း လီဗာပူးအသင်းကကြေညာချက်ထုတ်ပြန်လိုက်သည်။

  • လေ့ကျင့်ရေးစတဲ့ ဘင်နီတက်ဇ်

    နယူးကာဆယ်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြိဖြစ်သော ဘင်နီတက်ဇ်မှ အသင်းသို့ရောက်လာပြီး တစ်နာရီခွဲအတွင်းမှာပင် ပထမ ဆုံးလေ့ကျင့်ရေး အစီအစဉ်ကိုစတင်ခဲ့သည်။

  • ပေးဂိုးမရှိစံချိန်နှင့် ဂျူဗင်တပ်

    စီးရီးအေအား ဦးဆောင်နေသော ဂျူဗင်တပ်အသင်းမှာ ယမန်နေ့က ဆက်ဆူအိုလိုနှင့်ပွဲတွင် ၁းဝနှင့်နိုင်ခဲ့သကဲ့သို့ ပေးဂိုးမရှိသည့် ပွဲမှာ ၁၀ ပွဲဆက်တိုက်ရှိနေပြီးဖြစ်သည်။

  • အီဘရာဟင်မိုဗစ်ကို မန်ယူခေါ်လို

    PSGနှင့် စာချုပ်သက်တမ်းပြည့်တော့မည့် တိုက်စစ်မှုး အီဘရာဟင်မိုဗစ်ကို ခေါ်ယူလိုသော ကလပ်များထဲတွင် မန်ယူလည်း ပါဝင် လာပြီဖြစ်သည်။

  • ဆီမီးတက်သော ပဲလေ့စ်

    FA ဖလားကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် ရီးဒင်းနှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားကြရာ ပဲလေ့စ်က ၂ ဂိုးပြတ်ဖြင့်အနိုင်ရပြီး ၂၁နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

  • ကွာတားတက်သော ၀ုလ်စ်ဘတ်

    ဂျာမနီဘွန်ဒစ်လီဂါကလပ်တစ်ဖြစ်သော ၀ုလ်စ်ဘတ်အသင်းမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံ ကွာတားဖိုင်နယ် သို့ တက်ရောက်နိုင်ခဲ့ပြီးဖြစ်သည်။

  • ဒဏ်ရာမှ ပြန်လာတော့မည်

    မန်ယူကစားသမား ၃ ဦးဖြစ်သော ဖယ်လာနီ ၊ ဖီးလ်ဂျုန်းစ်နှင့် ဗလင်စီယာတို့မှာ ဒဏ်ရာမှသက်သာလာပြီဖြစ်သဖြင့် အရန်အသင်းတွင် ပြန် လည်ကစားကြတော့မည်ဖြစ်သည်။

  • ကြောက်နေကြပြီဆိုတဲ့ ရေနီယာရီ

    ပရီးမီးယားအသင်းကြီးများအနေနှင့်လက်စတာ၏ခြေစွမ်းပြနေနိုင်မှုအပေါ် ကြောက်ရွံ့နေကြပြီးဖြစ်ကြောင်း နည်းပြရေနီယာရီ ကပြော ဆိုလိုက်သည်။

  • အင်တာမှာဆက်နေမယ့်နာဂါတိုမို

    ၂၉ နှစ်သား ဂျပန်ကစားသမား နာဂါတိုမိုက သူသည် အင်တာတွင်သာဆက်ကစားဦးမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

  • ချဲလ်ဆီးရောက်နိုင်သော အယ်လီဂရီ

    ဂျူဗင်တပ်နည်းပြအယ်လီဂရီမှာ လာမည့်ရာသီတွင်ချဲလ်ဆီးသို့ရောက်ရှိသွားနိုင်ကြောင်း ဂျူဗင်တပ်နည်းပြဟောင်း ဂါလီယိုနီကပြောဆိုလိုက်သည်။

  • ၁၂ ပွဲဆက်တိုက်နိုင်သောဂျူဗီ

    ချီယေးဗိုးနှင့်ကစားရသော စီးရီးအေအဝေးကွင်းပွဲစဉ်တွင် ၀း၎ ဖြင့်အနိုင်ရခဲ့သဖြင့် ဂျူဗင်တပ်မှာ ၁၂ပွဲဆက်တိုက်အနိုင်ရသည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

  • အထုတ်ခံရသောနည်းပြ

    ဂျီနိုအာနှင့်ဂိုးမရှိသရေကျခဲ့သောပွဲစဉ်တွင် ဖီအိုရင်တီးနားနည်းပြဆိုဆာမှာ ပွဲကိုအဟန့်အတားဖြစ်စေသည့်အပြုအမှုမျိုးလုပ်ခဲ့မိသဖြင့် ထုတ်ပယ်ခံခဲ့ ရသည်။

  • တိုက်စစ်မှုးခေါ်တဲ့အင်တာ

    အင်တာအသင်းသည်လက်စတာမှခေါ်ရန်ကြံစည်နေသောဆမ်ဒိုးရီးယားတိုက်စစ်မှုး အီဒါကိုအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။


Advertisement
Here