Serie-A News

  • ရာသီကုန်နားမည့် မာချီဆီယို

    အီတလီနှင့် ဂျူဗင်တပ်ကွင်းလယ်ကစားသမား ကလော်ဒီယို မာချီဆီယိုမှာ ဒူးဒဏ်ရာကြောင့် ရာသီကုန် နားရတော့မည် ဖြစ်သည်။

  • သက်တမ်းတိုးတဲ့ မာ့ခ်ဟုခ်ျ

    စတုတ်စီးတီးနည်းပြ မာ့ခ်ဟုခ်ျသည် အသင်းနှင့် ၂၀၁၉ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

  • ဖာဂူဆန်နဲ့နှိုင်းတဲ့ မန်ချီနီ

    လက်ရှိအချိန်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသော အင်တာနည်းပြ မန်ချီနီက အသင်းတစ်သင်းကိုအောင်မြင်သော အသင်းဖြစ်ရန် ချက်ချင်းတည်ဆောက် ၍မရကြောင်း မန်ယူနည်းပြ ဖာဂူဆန်နှင့် နှိုင်းယှဉ်၍ ပြောဆိုသွားခဲ့သည်။

  • အနားယူတဲ့ မက်ဂီယို

    နာပိုလီနောက်ခံလူ အသက် ၃၃ နှစ်အရွယ်ရှိ ခရစ္စတီယန် မက်ဂီယိုသည် အီတလီလက်ရွေးစင်အဖြစ်မှ အနားယူလိုက်ပြီဖြစ်သည်။

  • ရှုံးပွဲတွေ့တဲ့ နာပိုလီ

    ချန်ပီယံလိဂ်ဝင်ခွင့် သေချာစေရေးအတွက် ကြိုးစားနေသော နာပိုလီမှာ အဆင့် ၁၄ မှ ဗီရိုနာကို ရှုံးသွားခဲ့သဖြင့် လာမည့်ပွဲစဉ်များတွင် ကြိုးပမ်းအားထုတ် ရဦးမည် ဖြစ်သည်။

  • ၂၀၀၅ အကြောင်းပြောတဲ့ ပီယာလို

    ကွင်းလယ်ကစားသမားကြီး ပီယာလိုက သူသည် လွန်ခဲ့သော ၂၀၀၅ က ချန်ပီယံလိဂ်ဖိုင်နယ်တွင် လီဗာပူးကိုရှုံးခဲ့ပြီးနောက် ဘောလုံးလောကကို စွန့်ခွာရန် ကြံစည်ခဲ့ဘူးကြောင်း ပြောဆိုလိုက်သည်။

  • ငယ်ဘ၀အကြောင်းပြောတဲ့ တီဗက်ဇ်

    ဂျူဗင်တပ်တိုက်စစ်မှူး တီဗက်ဇ်က ငယ်ဘ၀ကခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပုံများကို ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

  • ၂ မှတ် ထပ်လျှော့ခံရသော ပါးမား

    စီးရီးအေကလပ် ပါးမားအသင်းမှာ ကစားသမားနှင့် ၀န်ထမ်းများလစာငွေ ပေးချေရန် ပျက်ကွက်ခဲ့သည့် စွဲချက်အရ နောက်ထပ် ၂ မှတ် အလျှော့ခံရကြောင်း သိရသည်။

  • ၂ လကျော် နားရမည့် ကာစီရက်စ်

    ဂျူဗင်တပ်နောက်ခံလူ ကာစီရက်စ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ခံရပြီးနောက် ၂ လခွဲခန့် အနားယူရမည်ဟု သိရသည်။

  • အထုတ်ခံရသော ဇိုလာ

    စီးရီးအေကလပ် ကက်ဂလီယာရီအသင်းသည် ရလဒ်များဆိုးရွားလာခဲ့သဖြင့် နည်းပြ ဇိုလာကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

  • ရာသီသိမ်းမယ့် ပါးမား

    ကစားသမားနှင့် ၀န်ထမ်းများကို လစာပေးချေနိုင်ခြင်းမရှိသော ကိစ္စနှင့် ရင်ဆိုင်နေရသည့် ပါးမားကို စီးရီးအေ ကလပ် ၁၆ သင်း စုပေါင်းကာ ယူရို ၅ သန်း ကူညီမည်ဖြစ်သဖြင့် ပွဲစဉ်များဆက်ကစားခွင့် ရသွားပြီဖြစ်သည့် ပါးမားအတွက် အနည်းငယ်စိတ်အေးသွားရပြီ ဖြစ်သည်။

  • ပွဲစဉ်ဖျက်သိမ်းသော ပါးမား

    ကစားသမားများ လစာမရမှုကြောင့် ဆန္ဒပြခဲ့ခြင်းအတွက် ပါးမား၏ ဂျီနိုအာနှင့် ကစားရမည့်အဝေးကွင်းပွဲစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

  • ပါးမားကို ကူချင်တဲ့ ဆမ်ဒိုးရီးယား

    ဆမ်ဒိုးရီးယားအသင်းဥက္ကဌ ဖာရီယိုက စီးရီးအေအသင်းများအနေနှင့် ငွေကြေးဆိုင်ရာ အခက်အခဲကြုံနေရသော ပါးမားအသင်းအပေါ် ကူညီနိုင်မည့်နည်းလမ်းများ ရှာကြရန်တိုက်တွန်း ပြောဆိုလိုက်သည်။

  • ပါးမား-အူဒီးနီးစ် ပွဲစဉ် ဖျက်သိမ်း

    ကစားသမားလစာများ မပေးချေနိုင်သည့် ကိစ္စများဖြစ်ပွားနေသည့် ပါးမားအသင်း၏ တနင်္ဂနွေနေ့ အူဒီနီးစ်နှင့် ကစားရမည့်ပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

  • အီတလီအကြောင်းပြောတဲ့ နည်းပြဟောင်း

    အီတလီလက်ရွေးစင် အသင်းနှင့် မီလန်အသင်းနည်းပြဟောင်း တစ်ဦးဖြစ်သူ အာရီဂို ဆက်ချီက အီတလီလူငယ်အသင်းများတွင် လူမည်းကစားသမား များလွန်းလှကြောင်း ပြောဆိုလိုက်သည်။

  • အသင်းကိုဝေဖန်တဲ့ ဘူဖွန်

    ဂျူဗင်တပ်အသင်းကပ္ပတိန် ဂိုးသမား ဘူဖွန်က ဆီစီနာနှင့် ၂ ဂိုးစီ သရေကျခဲ့သော ပွဲစဉ်တွင် အသင်းကစားပုံကို ဝေဖန်ခဲ့သည်။

  • ပြစ်ဒဏ်ရင်ဆိုင်ရဦးမည့် ပါးမား

    ကစားသမားလစာငွေများပေးချေရန် ပျက်ကွက်ခဲ့မှုကြောင့် ရာသီအစတွင် အမှတ်လျှော့ခံခဲ့ရသော ပါးမားအသင်းမှာ ယခု နောက်ထပ်ပြစ်ဒဏ်များနှင့် ရင်ဆိုင် ရဦးမည်ဟု သိရသည်။

  • တောင်းပန်ရတဲ့ အီတူး

    ဆမ်ဒိုးရီးယား တိုက်စစ်မှူး အီတူးမှာ လေ့ကျင့်ရေးတွင် နည်းပြ မီဟာလိုဗစ်နှင့် အချင်းများခဲ့ပြီးနောက် ပြန်လည် တောင်းပန်ခဲ့ရကြောင်း သိရသည်။

  • မီလန်ကိုဝေဖန်တဲ့ တောရက်စ်

    မိမိအနေနှင့် မီလန်ထံမှ စောစီးစွာထွက်ခဲ့ရသည့် အကြောင်းရင်းထဲတွင် မီလန်၏ ကတိမတည်မှုများက အဓိကဖြစ်ကြောင်း တိုက်စစ်မှူး တောရက်စ် က ပြောဆိုလိုက်သည်။

  • မီလန်ကို ချီးကျူးတဲ့ မီနက်ဇ်

    ၃ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီးနောက် ယမန်နေ့က ပါးမားကို နိုင်ခဲ့သည့် မီလန်၏ ကစားပုံကို ပြင်သစ်သား မီနက်ဇ်က ချီးကျူး ပြောဆိုလိုက်သည်။


Advertisement
Here