Coppa Italia Cup News

  • လက်စွမ်းပြခဲ့သော အော့စပီနာ

    ယမန်နေ့ နံနက်ပိုင်းက ကစားခဲ့သော ကိုပါအမေရိက တတိယနေရာလုပွဲတွင် ကိုလံဘီယာဂိုးသမား အော့စပီနာ လက်စွမ်းပြနိုင်မှုကြောင့် အမေရိကန်ကို ၁းဝဖြင့် အနိုင်ရရှိခဲ့သည်။

  • ထပ်ဆင့်ချန်ပီယံ ချီလီ

    ကိုပါအမေရိက နောက်ဆုံး ဗိုလ်လုပွဲတွင် လက်ရှိ ချန်ပီယံ ချီလီမှာ အာဂျင်တီးနားကို ပယ်နယ်တီအဆုံးအဖြတ် ၄း၂ဖြင့် အနိုင်ရကာ ထပ်ဆင့် ချန်ပီယံဘွဲ့ကို ခံယူနိုင်ခဲ့ပြီဖြစ်သည်။

  • ဖိုင်နယ်ပွဲ မသေချာသေးသူ

    အာဂျင်တီးနားကစားသမား ဒီမာရီယာမှာ ဒဏ်ရာပြန်ပေါ်လာသဖြင့် ချီလီနှင့် ကစားရမည့် နောက်ဆုံးဗိုလ်လုပွဲတွင် ပါဝင်ကစားရန် မသေချာသေးကြောင်း သိရသည်။

  • ရာပြည့်ပွဲနှင့် ဆန်းချက်ဇ်

    တိုက်စစ်မှုး ဆန်းချက်ဇ်မှာ ချီလီအသင်းအတွက် ရာပြည့်ပွဲအဖြစ် ယနေ့နံနက် ကိုလံဘီယာနှင့်ပွဲတွင် ပါဝင်ကစားခွင့်ရရှိခဲ့သည်။

  • မကျေပွဲပြန်တွေ့မယ် ၂သင်း

    လွန်ခဲ့သော ၂၀၁၅ ကိုပါအမေရိက နောက်ဆုံးဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သော အာဂျင်တီးနားနှင့် ချီလီတို့မှာ ယခု ၂၀၁၆ ကိုပါအမေရိက ဖိုင်နယ်တွင်လည်း မကျေပွဲအဖြစ် ပြန်လည်ဆုံတွေ့ကြရဦးမည်ဖြစ်သည်။

  • ဖိုင်နယ်ပွဲလွဲမည့် လာဗက်ဇီ

    အာဂျင်တီးနား တိုက်စစ်မှုး လာဗက်ဇီမှာ အမေရိကန်နှင့် ကစားခဲ့သော ဆီမီးဖိုင်နယ်ပွဲတွင် ဒဏ်ရာရရှိသွားသဖြင့် နောက်ဆုံး ဗိုလ်လုပွဲတွင် ပါဝင်ကစားနိုင်တော့မည့် မဟုတ်ဟု သိရသည်။

  • ဂိုးသွင်းဘုရင် မက်ဆီ

    အမေရိကန်ကို ၄းဝဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့သော အာဂျင်တီးနား တိုက်စစ်မှုး မက်ဆီမှာ အာဂျင်တီးနားအတွက် ဂိုးအများဆုံး သွင်းပေးနိုင်သည့် စံချိန်ကို တင်နိုင်ခဲ့ပြီဖြစ်သည်။

  • မက်ဆီကိုမကြောက်တဲ့ ကလင်းစမန်း

    မိမိတို့အနေနှင့် အာဂျင်တီးနားနှင့်အတူ မက်ဆီကိုပါ တွေ့ရမည့်အတွက် မည်သည့်ကြောက်လန့်စိုးရိမ်စိတ်မျှမရှိကြောင်း အမေရိကန်နည်းပြ ကလင်းစမန်းက ပြောဆိုလိုက်သည်။

  • စံချိန်တင်တော့မယ် မက်ဆီ

    ဗင်နီဇွဲလားကို ၄း၁ဖြင့် နိုင်ခဲ့သောပွဲတွင် ဂိုးသွင်းနိုင်ခဲ့သော အာဂျင်တီးနားမှ မက်ဆီမှာ အာဂျင်တီးနားအတွက် စုစုပေါင်း ၅၄ဂိုး သွင်းပေးနိုင်ခဲ့ပြီဖြစ်သဖြင့် ဘာတစ်တူတာ၏ ဂိုးစံချိန်ကို မီခဲ့ပြီဖြစ်ကာ နောက်ထပ်ဂိုးသွင်းနိုင်ခဲ့ပါက သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

  • အယူခံဝင်သော အမေရိကန်

    အမေရိကန်အသင်းမှာ လာမည့် ဆီမီးဖိုင်နယ်တွင် ၀င်ကစားခွင့်မရသော ပွဲပယ်ခံကစားသမား ၂ဦးအတွက် တရားဝင် အသနားခံစာ တင်ထားကြောင်း သိရသည်။

  • ဆီမီးတက်သော အမေရိကန်

    ကိုပါအမေရိက ၂၀၁၆ပြိုင်ပွဲ ပထမကွာတားဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်အမေရိကန်အသင်းမှာ အီကွေဒေါကို ၂း၁ဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

  • ကိုပါအမေရိက ကွာတားပွဲများ

    ကိုပါအမေရိကဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များကို ယနေ့နနက်က ယှဉ်ပြိုင်ပြီးစီးသွားပြီဖြစ်ပြီး လာမည့် သောကြာနေ့နံနက် မှစ၍ ကွာတားဖိုင်နယ်ပွဲများ စတင်တော့မည်ဖြစ်သည်။

  • ယုံကြည်မှုပိုရှိလာတဲ့ ချီလီ

    အုပ်စုနောက်ဆုံးပွဲစဉ်အဆုံးအဖြတ်ပွဲတွင် ဗွေဆော်ဦး ဂိုးပေးခဲ့ရသော်လည်း အနောက်မှ လိုက်ကစားကာ ပနားမားကို ၄း၂ဖြင့် နိုင်ခဲ့ပြီးနောက် ချီလီအသင်းမှာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရန် ယုံကြည်မှုပိုရှိလာစေသည်ဟု တိုက်စစ်မှုး ဗားဂက်စ်က ပြောဆိုလိုက်သည်။

  • ကိုပါကို နှုတ်ဆက်တဲ့ ဘရာဇီး

    ပီရူးမှ ရူဒီအက်ဇ်၏လက်ဖြင့် ထိဝင်သွားသော ဂိုးကို ကွင်းလယ်ဒိုင်က ခွင့်ပြုခဲ့ခြင်းကြောင့် နာမည်ကြီး ဘရာဇီးမှာ ကိုပါအမေရိကပြိုင်ပွဲကို နှုတ်ဆက် ထွက်ခွာရပြီဖြစ်သည်။

  • ဒိုင်ကိုဝေဖန်သော နည်းပြ

    ချီလီနှင့် ကစားရသောပွဲတွင် နာကျင်အချိန်ပိုတွင် ဧရိယာအတွင်း လက်ထိဘောဖြစ်သည်ဟုဆိုကာ ပင်နယ်တီပေးခဲ့သော ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို ဘိုလီးဗီးယား နည်းပြဘယ်ဒစ်ဗီဆိုက ဝေဖန် လိုက်သည်။

  • ဟက်ထရစ်ရသော မက်ဆီ

    ဒဏ်ရာကြောင့် ချီလီနှင့် ပွဲတွင် မပါဝင်ခဲ့သော အာဂျင်တီးနားသား မက်ဆီမှာ ပနားမားနှင့် ပွဲတွင် ကစားခွင့်ရသော မိနစ် ၃၀အတွင်း ၃ဂိုး သွင်းပြနိုင်ခဲ့သည်။

  • မျှော်လင့်ချက်ကုန်သော ဥရုဂွေး

    ကိုပါအမေရိကပြိုင်ပွဲဝင် ယနေ့နံနက်ပိုင်း ဗင်နီဇွဲလားနှင့် ပွဲတွင် ရှုံးနိမ့်ခဲ့သဖြင့် ပြိုင်ပွဲမှ ထွက်ရတော့မည်ဖြစ်သည်။

  • ၂၀၁၉ Copa အိမ်ရှင် ဘရာဇီး

    ဘရာဇီးအနေနှင့် လာမည့် ၂၀၁၉ ကိုပါအမေရိကပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဟု တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒိုမင်ဂုဇ်က တရားဝင်ထုတ်ပြန်ပြောဆိုလိုက်သည်။

  • ကိုပါပွဲအကြောင်းပြောသူ

    ကိုပါအမေရိကပြိုင်ပွဲမှာ ယူရို ၂၀၁၆ပြိုင်ပွဲထက် စွမ်းဆောင်ရည် ပိုပြနိုင်မည့်ပွဲဖြစ်ကြောင်း အမေရိကန်လက်ရွေးစင်အသင်း နည်းပြ ကလင်းစမန်းက ပြောဆိုလိုက်သည်။

  • ကိုပါပွဲ လွဲမည့် နှစ်ယောက်

    PSGအသင်းဖော်ဟောင်း နှစ်ယောက်ဖြစ်သည့် အာဂျင်တီးနားလက်ရွေးစင် ပက်စတိုနှင့် လာဗက်ဇီတို့မှာ ဒဏ်ရာကိစ္စများကြောင့် အမေရိကန် တွင် ကျင်းပမည့် ကိုပါအမေရိကန်ပွဲကို လွဲချော်ရပြီဖြစ်သည်။


Advertisement
Here