EPL News

  • မန်စီးတီးရောက် ဆေးလ်ဗား

    မန်စီးတီးအသင်းသည် ပြင်သစ်အမှတ်ပေးချန်ပီယံ မိုနာကိုအသင်းမှ ကွင်းလယ်ဖန်တီးရှင် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူ လိုက်ပြီ ဖြစ်သည်။

  • မန်ယူတွင် ဗလင်စီယာဆက်နေမည်

    အီကွေဒေါကစားသမားတစ်ဦးဖြစ်သူ ဗလင်စီယာမှာ မန်ယူတွင် ၂၀၉ ဇွန်လအထိ ဆက်ရှိနေမည့် သက်တမ်းတိုး စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

  • သက်တမ်းတိုးသော ကွန်တီ

    စီးရီးအေကလပ် အင်တာ၏ စိတ်ဝင်စားခြင်းကို ခံရသော်လည်း နည်းပြကွန်တီမှာ ၁နှစ်လုပ်ခပေါင် ၉.၅သန်းဖြင့် ၂၀၂၁ အထိရှိ မည့် သက်တမ်းတိုးစာချုပ်ကို ချဲလ်ဆီးနှင့် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

  • ယူ-၂၁ကထွက်တဲ့ ရက်ရှ်ဖို့ဒ်

    မန်ယူနည်းပြ မော်ရင်ဟို၏ တောင်းဆိုမှုကြောင့် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ကို အင်္ဂလန် ယူ-၂၁ လူစာရင်းမှ ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။

  • သက်တမ်းတိုးသော ဇာဟာ

    စပါးအသင်း၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရဘူးသော ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှုး ဇာဟာမှာ ပဲလေ့စ်နှင့် ၅နှစ် သက်တမ်းတိုး စာချူပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

  • လူခေါ်ဦးမည့် မန်ယူ

    ယူရိုပါလိဂ်ဖလားရခဲ့ပြီးနောက် လာမည့်ရာသီတွင် ချန်ပီယံလိဂ်၌ ကစားရသည့်အပြင် ပရီးမီးယားလိဂ်တွင်လည်း ယခုရာသီထက် ပိုမိုအောင်မြင်ရန် ကစားသမားသစ် ၃-၄ဦးခန့် ခေါ်ယူသွားမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

  • မစ်ဒယ်ဘရော့ကထွက်မယ့် ဗဲလ်ဒက်စ်

    ဂိုးသမား ဗစ်တာ ဗဲလ်ဒက်စ်မှာ တန်းဆင်းသွားရသည့် မစ်ဒယ်ဘရော့အသင်းမှ ထွက်တော့မည် ဖြစ်သည်။

  • ရွန်းနီကို ဆက်ရှိစေလိုသူ

    မန်ယူနည်းပြ မော်ရင်ဟိုက ရွန်းနီအနေနှင့် လာမည့် ရာသီ မန်ယူတွင် ဆက်ရှိရန်မျှော်လင့်ကြောင်း အတွေ့အကြုံရင့် တိုက်စစ်မှုးတစ်ဦးအနေနှင့် မန်ယူ၏ အဓိကအစိတ်အပိုင်းအဖြစ် ဆက်ရှိနေ သင့်ကြောင်း ပြောဆိုလိုက်သည်။

  • ဘုန်းမောက်ပြောင်းမယ့် ဒီဖိုး

    ဆန်းဒါးလန်းတိုက်စစ်မှုး ဒီဖိုးမှာ အသင်းတန်းဆင်းသွားရပြီးနောက် ပရီးမီးယားကလပ် ဘုန်းမောက်သို့ အလွတ်ပြောင်းရွှေ့ ခွင့်ဖြင့် ရောက်ရှိသွားပြီ ဖြစ်သည်။

  • နုတ်ထွက်သွားသော ဆမ်အလာဒိုက်စ်

    ခရစ္စတယ်ပဲလေ့စ်အသင်းအား တန်းမဆင်းရရေးစွမ်းဆောင်ပေးခဲ့သော နည်းပြ ဆမ်အလာဒိုက်စ်မှာ ထိုရာထူးမှ နုတ်ထွက် သွားပြီ ဖြစ်သည်။

  • ရွန်းနီထွက်သင့်ပြီဆိုတဲ့ နဗီးလ်

    မန်ယူတိုက်စစ်မှုး ရွန်းနီအနေနှင့် ယခုရာသီအတွင်း ကြုံတွေ့ခဲ့ရသော အနေအထားများကြောင့် အသင်းကိုစွန့်ခွာရန် အချိန်တန် ပြီဖြစ်ကြောင်း မန်ယူကစားသမားဟောင်း ဖီးလ်နဗီးက ပြောဆိုလိုက်သည်။

  • မန်စီးတီးကို စွန့်ခွာရမည့်သူများ

    ယခုရာသီတွင် မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမား ၇ဦးရှိနေပြီး ယင်းတို့အထဲမှ ကလစ်ချီက သူ့အနေနှင့် အသင်းကို စွန့်ခွာတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

  • မိုဗစ်အကြောင်းပြောတဲ့ ဆပ်တန်

    ဆန်းဒါးလန်းနည်းပြအဖြစ်မှ နုတ်ထွက်ခဲ့သော ဒေးဗစ်မိုရက်စ်မှာ ပရီးမီးယားလိဂ်တွင် နည်းပြပြန်ဖြစ်ရန် မလွယ်တော့ပဲ တရုတ်စူပါလိဂ်တွင်သာ ရကောင်းရမည်ဟု ဘလက်ဘန်းတိုက်စစ်မှုးဟောင်း တစီဦးဖြစ်သူ ခရစ်ဆပ်တန်က ပြောဆိုလိုက်သည်။

  • အဆင့် ၄နှင့် လွဲသော အာဆင်နယ်

    ရာသီသိမ်းပွဲစဉ် ၃၈ တွင် ပြိုင်ဘက် အဲဗာတန်ကို ၃-၁ဖြင့် အနိုင်ရခဲ့သော်လည်း အဆင့် ၄ နေရာကို လီဗာပူးက ၁မှတ် အသာဖြင့် ရယူသွားခြင်းကြောင့် အာဆင်နယ်မှာ နှစ်ပေါင်း ၂၀ ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်သွားရပြီ ဖြစ်သည်။

  • ရှယ်ယာဝယ်ချင်သေးသော အူစမာနော့

    ဥဇဘက်ကစ္စတန် သန်းကြွယ်သူဋ္ဌေး အူစမာနော့မှာ အာဆင်နယ်အသင်း ရှယ်ယာစုစုပေါင်း၏ ၃၀% ကို ပိုင်ဆိုင်ထား ပြီးဖြစ်သော်လည်း ထပ်မံဝယ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။

  • လူကာကူကို အဲဗာတန်ဆက်ထိန်းလို

    အဲဗာတန်နည်းပြ ကိုးမန်းက တိုက်စစ်မှုး လူကာကူကို လာမည့်ရာသီ၌ အသင်းတွင် ဆက်ရှိစေလိုကြောင်း ပြောဆိုလိုက်သည်။

  • မန်ယူအကောင်းဆုံး ဟာရားရား

    မန်ယူအသင်းအကောင်းဆုံးဆုများပေးအပ်သည့်အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ရာ အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်ကစားသမား ဟာရားရားက ရရှိခဲ့သည်။

  • အိမ်ကွင်းဂိုးအနည်းဆုံးရာသီ

    ကိုယ့်ကိုယ်ကိုစပါယ်ရှယ်ဝမ်းဟု ဟစ်ကြွေးခဲ့ဘူးသူ မော်ရင်ဟို စတင်ကိုင်တွယ်ခဲ့သည့်ရာသီတွင် မန်ယူမှာ အိမ်ကွင်းသွင်းဂိုး ၂၄ ဂိုးသာရှိခဲ့သဖြင့် နှစ်ပေါင်း ၄၀ကျော်အတွင်း အနည်းဆုံးစံချိန်ဖြစ်ခဲ့ရသည်။

  • စီးရီးအေပြောင်းချင်တဲ့ တိုရေး

    မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်သော အိုင်ဗရီကို့စ်နိုင်ငံသား တိုရေးမှာ အမေရိကန်မေဂျာလိဂ်၊ တရုတ်စူပါလိဂ် တို့ထက် စီးရီးအေသို့ပြောင်းရန် ပိုမိုစိတ်အားထက်သန်နေကြောင်း သိရသည်။

  • ၄ဂိုးသွင်းတဲ့ ကိန်း

    လက်ကျန်ပွဲစဉ်အဖြစ် လက်စတာနှင့် ကစားရသောပွဲတွင် စပါးတိုက်စစ်မှုး ဟယ်ရီကိန်းက ၄ဂိုးသွင်းယူနိုင်ခဲ့သည်။


Advertisement
Here