EPL News

  • ဆက်နေမည့် ရွန်းနီ

    ရွန်းနီအနေနှင့် ယခင်ကရှိခဲ့သော ဦးစားပေးအဆင့်မျိုးမဟုတ်တော့သော်လည်း မန်ယူတွင် လာမည့်ရာသီ ဆက်ရှိသွားလိမ့်မည် ဟု မိမိယုံကြည်ကြောင်း မန်ယူဂန္တဝင် ကစားသမားဟောင်းနှင့် လက်ထောက်နည်းပြဖြစ်ခဲ့သူ ဂစ်က ပြောဆိုလိုက်သည်။

  • ဟန်းနီးမွန်းက စောပြန်ခဲ့သူ

    စပိန်သတင်းစာ AS ၏ ဖော်ပြချက်အရ ချစ်သူနှင့် အိုင်ဘီဇာသို့ ဟန်းနီးမွန်းထွက်နေသော ရီးရဲလ်ကစားသမား မိုရာတာမှာ ခရီးမှ စောပြန်ခဲ့ကာ မန်ယူသို့ ပြောင်းရွှေ့ရေးအတွက် ဆွေးနွေးတော့မည်ဟု သိရသည်။

  • နောက်တန်း ၃ယောက်ခေါ်မည့် မန်စီးတီး

    မန်စီးတီးအသင်းမှာ ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်သို့မထွက်ခွာမီ နောက်တန်းလူ ၃ဦးကိုခေါ်ယူသွားမည်ဟု ဆိုသည်။

  • စိတ်လှုပ်ရှားနေသော ဒီဘိုးဝါး

    ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ၃နှစ်စာချုပ်ချုပ်ဆိုခဲ့သော နည်းပြသစ် ဒီဘိုးဝါးကက အသင်း၏ ငွေကြေးများပြားစွာ သုံးစွဲခွင့်ပေး သည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း ပြောဆိုလိုက်သည်။

  • ရာပြည့်ပွဲနှင့် တင်မ်ကာဟေးလ်

    အဲဗာတန်ကစားသမားဟောင်းတစ်ဦးဖြစ်သူ တင်မ်ကာဟေးလ်မှာ ချီလီအသင်းနှင့်ပွဲတွင် ဩစတြေးလျလက်ရွေးစင် ပွဲ ၁၀၀ ပြည့်အဖြစ် ပါဝင်ကစားသွားခဲ့သည်။

  • မာရှယ်ဘက်လှည့်လာမည့် ဝင်းဂါး

    အာဆင်နယ်နည်းပြ ဝင်းဂါးအနေနှင့် တိုက်စစ်မှုး အမ်ဘက်ပီကို ခေါ်ယူ၍ မရခဲ့ပါက မန်ယူမှ မာရှယ်ဘက်သို့ ဦးလှည့် လာနိုင်ကြောင်း သိရသည်။

  • ဂျာနူဇက်ကို ဆိုစီဒက်ခေါ်ယူ

    မန်ယူတွင် နေရာမရဖြစ်နေသော လူငယ်ကစားသမား ဂျာနူဇက်ကို စပိန်ကလပ် ဆိုစီဒက်က ပြောင်းရွှေ့ကြေးပေါင် ၁၀ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

  • ထရစ်ပီယာကို သက်တမ်းတိုးပေးမည်

    စပါးအသင်းမှာ နောက်ခံလူ ဝေါလ်ကာကို အသင်းပြောင်းခွင့်ပေးရန် ဆုံးဖြတ်ထားပြီဖြစ်သဖြင့် အခြား နောက်ခံလူတစ်ဦးဖြစ်သော  ထရစ်ပီယာကို ၅နှစ်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုပေးမည် ဖြစ်သည်။

  • ဒီဘိုးဝါးကိုခေါ်မည့် ပဲလေ့စ်

    ပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်သော ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ဟော်လန်လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ ဒီဘိုးဝါးကို နည်းပြအဖြစ် ခန့်အပ်နိုင်ရေးအတွက် ဆွေးနွေးလျက် ရှိသည်။

  • လီဗာပူးကိုရွှေ့တဲ့ ဆာလာ

    အီဂျစ်လက်ရွေးစင်ဆာလာမှာ ရိုးမားအသင်းမှ လီဗာပူးသို့ ပြောင်းရွှေ့လာပြီ ဖြစ်သည်။

  • အရွေးခက်ခဲနေဆဲ မိုဗစ်

    ဆွီဒင်တိုက်စစ်မှုး မိုဗစ်မှာ မန်ယူထံမှ သက်တမ်းတိုးရန် ကမ်းလှမ်းမှုမခံရသောကြောင့် အသင်းပြောင်း ရမည်ဖြစ်သော်လည်း မည်သည့်အသင်းသို့ ပြောင်းရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။

  • ဒဏ်ကြေးပေးခဲ့ရသော ဒီမာရီယာ

    မန်ယူတွင် ကစားခဲ့ဘူးသော ဒီမာရီယာမှာ စပိန်တွင် ပေးဆောင်ရမည့် ဒဏ်ကြေးပေါင် ၂သန်းကို ပေးဆောင်ပြီးနောက် စပိန်တွင် ပျော်စရာအတိဖြင့် နေရတော့မည် ဖြစ်သည်။

  • ဒါမီယံကို ဂျူဗီစောင့်ကြည့်

    ဂျူဗင်တပ်အသင်းမှာ နောက်ခံလူ အဲလ်ဗက်စ်နေရာကို အစားထိုးရန်အတွက် မန်ယူမှ ဒါမီယံကို စောင့်ကြေည့်နေကြောင်း သိရ သည်။

  • လူချင်းလဲမယ့် မန်ယူ

    အီတလီမှလာသောသတင်းအရ မန်ယူအသင်းမှာ ဂိုးသမား ဒီဂီရာနှင့် ပေါင် ၁၈၃ သန်းဖြင့် စီရိုနယ်ဒို + မိုရာတာ အတွဲကိုလဲ မည်ဟု ကမ်းလှမ်းလိုက်ကြောင်း သိရသည်။

  • မန်စီးတီးကခေါ်မည့် အဲလ်ဗက်စ်

    မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာမှာ လိုအပ်ချက်များရှိနေသော နောက်တန်းကို အားဖြည့်နိုင်ရန်အတွက် ဂျူဗင်တပ်နောက်ခံ လူ အဲလ်ဗက်စ်ကို ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။

  • ဂျာနူဇက်ကို ဆိုစီဒက်ခေါ်လို

    စပိန်လာလီဂါကလပ်တစ်ခုဖြစ်သော ဆိုစီဒက်အသင်းမှာ မန်ယူလူငယ်တိုက်စစ်မှုး ဂျာနူဇက်ကို ခေါ်ယူနိုင်ရေးအတွက် ကြိုးစားနေကြောင်း သိရသည်။

  • နားရဦးမည့် ဆွန်ဟန်မင်း

    နည်းပြ ပိုချက်တီနို၏စပါးအသင်းမှ တောင်ကိုရီးယားသား ဆွန်ဟန်မင်းမှာ ဒဏ်ရာခွဲစိတ်ကုသခံရမည်ဖြစ်သဖြင့် ရာသီကြို ခရီးစဉ်နှင့် ပရီးမီးယားအဖွင့်ပွဲအချို့တို့ကို လွဲချော်မည် ဖြစ်သည်။

  • ကလက်ဆန်ကို အဲဗာတန်ခေါ်ယူ

    အဲဗာတန်အသင်းသည် အေဂျက်ကွင်းလယ်ကစားသမားနှင့် အသင်းခေါင်းဆောင်ဖြစ်သူ ကလက်ဆန်ကို ပြောင်းရွှေ့ကြေးပေါင် ၂၃.၆ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

  • ဆောက်သင်တန်နည်းပြဖြစ်လိုသူ

    မန်ယူကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ရွိုင်ယန်ဂစ်က နည်းပြနေရာလစ်လပ်နေသော ဆောက်သင်တန်ကို ကိုင်တွယ်လို သည်ဟု ပြောဆိုလိုက်သည်။

  • ထုတ်ပယ်ခံရမှု လျော့နည်းလာ

    ပြီးခဲ့သော ၂၀၁၆-၁၇ ရာသီတွင် အင်္ဂလန်လိဂ် ၄ခုမှ နည်းပြများထုတ်ပယ်ခံရမှုမှာ ထိုမတိုင်မီရာသီက နှိုင်းယှဉ်ပါက ၅၃%လျော့နည်းသွားကြောင်း သိရသည်။


Advertisement
Here