EPL News

  • ဌာနေပြန်တဲ့ ရွန်းနီ

    ၂၀၀၄ တွင် မန်ယူသို့ ရောက်ရှိခဲ့သော တိုက်စစ်မှုး ရွန်းနီမှာ ၁၃ နှစ်အကြာ ၂၀၁၇ တွင် ဇာတိမြေ လီဗာပူးမြို့ အခြေစိုက် အဲဗာတန်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီ ဖြစ်သည်။

  • မန်ယူရောက် လူကာကူ

    မန်ယူအသင်းသည် အဲဗာတန်တိုက်စစ်မှုး လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းပေး၍ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

  • ဗီလာရောက် တယ်ရီ

    ချဲလ်ဆီးနှင့် အင်္ဂလန်အသင်းကပ္ပတိန်ဟောင်းတစ်ဦးဖြစ်သူ ဂျွန်တယ်ရီမှာ အက်စတန်ဗီလာကလပ်သို့ ပြောင်းရွှေ့သွားပြီ ဖြစ် သည်။

  • ပြန်လာမည့် လေးမန်း

    ဂိုးသမားတစ်ဦးဖြစ်ခဲ့သူ လေးမန်းမှာ အသင်းဟောင်း အာဆင်နယ်သို့ ဂိုးနည်းပြ တစ်ဦးအဖြစ် ပြန်လာမည်ဟု သိရသည်။

  • နောက်ခံလူခေါ်တဲ့ အဲဗာတန်

    အဲဗာတန်အသင်းမှာ ဘန်လေမှ အင်္ဂလန်နောက်ခံလူ မိုက်ကယ်ကိန်းကိုခေါ်ယူလိုက်ပြီ ဖြစ်သည်။

  • လာကာဇက်တီကို ဝင်းဂါးခေါ်ယူ

    အာဆင်နယ်နည်းပြ ဝင်းဂါးမှာ လိုင်ယွန်တိုက်စစ်မှုး လာကာဇက်တီကို ကလပ်စံချိန်တင်ဈေး ပေါင် ၄၄ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

  • ဂိုးသမားခေါ်တဲ့ ချဲလ်ဆီး

    ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းမှာ မန်စီးတီးဂိုးသမားဟောင်းတစ်ဦးဖြစ်သော ကာဘယ်လီယိုကို အလွတ်ပြောင်းရွှေ့ ခွင့်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

  • အာဆင်နယ်ကမ်းလှမ်းမှု ပယ်ချခံရ

    မိုနာကိုအသင်းမှ ပြင်သစ်လက်ရွေးစင် လီမာကို အာဆင်နယ်အသင်းက ကမ်းလှမ်းရာ၌ ပယ်ချခံရကြောင်း သိရသည်။

  • ဆက်နေမည့် ရွန်းနီ

    ရွန်းနီအနေနှင့် ယခင်ကရှိခဲ့သော ဦးစားပေးအဆင့်မျိုးမဟုတ်တော့သော်လည်း မန်ယူတွင် လာမည့်ရာသီ ဆက်ရှိသွားလိမ့်မည် ဟု မိမိယုံကြည်ကြောင်း မန်ယူဂန္တဝင် ကစားသမားဟောင်းနှင့် လက်ထောက်နည်းပြဖြစ်ခဲ့သူ ဂစ်က ပြောဆိုလိုက်သည်။

  • ဟန်းနီးမွန်းက စောပြန်ခဲ့သူ

    စပိန်သတင်းစာ AS ၏ ဖော်ပြချက်အရ ချစ်သူနှင့် အိုင်ဘီဇာသို့ ဟန်းနီးမွန်းထွက်နေသော ရီးရဲလ်ကစားသမား မိုရာတာမှာ ခရီးမှ စောပြန်ခဲ့ကာ မန်ယူသို့ ပြောင်းရွှေ့ရေးအတွက် ဆွေးနွေးတော့မည်ဟု သိရသည်။

  • နောက်တန်း ၃ယောက်ခေါ်မည့် မန်စီးတီး

    မန်စီးတီးအသင်းမှာ ရာသီကြိုခရီးစဉ်အဖြစ် အမေရိကန်သို့မထွက်ခွာမီ နောက်တန်းလူ ၃ဦးကိုခေါ်ယူသွားမည်ဟု ဆိုသည်။

  • စိတ်လှုပ်ရှားနေသော ဒီဘိုးဝါး

    ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ၃နှစ်စာချုပ်ချုပ်ဆိုခဲ့သော နည်းပြသစ် ဒီဘိုးဝါးကက အသင်း၏ ငွေကြေးများပြားစွာ သုံးစွဲခွင့်ပေး သည့်အပေါ် စိတ်လှုပ်ရှားမိကြောင်း ပြောဆိုလိုက်သည်။

  • ရာပြည့်ပွဲနှင့် တင်မ်ကာဟေးလ်

    အဲဗာတန်ကစားသမားဟောင်းတစ်ဦးဖြစ်သူ တင်မ်ကာဟေးလ်မှာ ချီလီအသင်းနှင့်ပွဲတွင် ဩစတြေးလျလက်ရွေးစင် ပွဲ ၁၀၀ ပြည့်အဖြစ် ပါဝင်ကစားသွားခဲ့သည်။

  • မာရှယ်ဘက်လှည့်လာမည့် ဝင်းဂါး

    အာဆင်နယ်နည်းပြ ဝင်းဂါးအနေနှင့် တိုက်စစ်မှုး အမ်ဘက်ပီကို ခေါ်ယူ၍ မရခဲ့ပါက မန်ယူမှ မာရှယ်ဘက်သို့ ဦးလှည့် လာနိုင်ကြောင်း သိရသည်။

  • ဂျာနူဇက်ကို ဆိုစီဒက်ခေါ်ယူ

    မန်ယူတွင် နေရာမရဖြစ်နေသော လူငယ်ကစားသမား ဂျာနူဇက်ကို စပိန်ကလပ် ဆိုစီဒက်က ပြောင်းရွှေ့ကြေးပေါင် ၁၀ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

  • ထရစ်ပီယာကို သက်တမ်းတိုးပေးမည်

    စပါးအသင်းမှာ နောက်ခံလူ ဝေါလ်ကာကို အသင်းပြောင်းခွင့်ပေးရန် ဆုံးဖြတ်ထားပြီဖြစ်သဖြင့် အခြား နောက်ခံလူတစ်ဦးဖြစ်သော  ထရစ်ပီယာကို ၅နှစ်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုပေးမည် ဖြစ်သည်။

  • ဒီဘိုးဝါးကိုခေါ်မည့် ပဲလေ့စ်

    ပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်သော ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ဟော်လန်လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ ဒီဘိုးဝါးကို နည်းပြအဖြစ် ခန့်အပ်နိုင်ရေးအတွက် ဆွေးနွေးလျက် ရှိသည်။

  • လီဗာပူးကိုရွှေ့တဲ့ ဆာလာ

    အီဂျစ်လက်ရွေးစင်ဆာလာမှာ ရိုးမားအသင်းမှ လီဗာပူးသို့ ပြောင်းရွှေ့လာပြီ ဖြစ်သည်။

  • အရွေးခက်ခဲနေဆဲ မိုဗစ်

    ဆွီဒင်တိုက်စစ်မှုး မိုဗစ်မှာ မန်ယူထံမှ သက်တမ်းတိုးရန် ကမ်းလှမ်းမှုမခံရသောကြောင့် အသင်းပြောင်း ရမည်ဖြစ်သော်လည်း မည်သည့်အသင်းသို့ ပြောင်းရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။

  • ဒဏ်ကြေးပေးခဲ့ရသော ဒီမာရီယာ

    မန်ယူတွင် ကစားခဲ့ဘူးသော ဒီမာရီယာမှာ စပိန်တွင် ပေးဆောင်ရမည့် ဒဏ်ကြေးပေါင် ၂သန်းကို ပေးဆောင်ပြီးနောက် စပိန်တွင် ပျော်စရာအတိဖြင့် နေရတော့မည် ဖြစ်သည်။


Advertisement
Here