EPL News
  • စံချိန်သစ်နှင့် စပါး
    ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်နှင့် ကစားခဲ့သော ပွဲတွင် ၁-၀ဖြင့် အနိုင်ရရှိခဲ့သော စပါးမှာ နောက်ဆုံး ၈ပွဲဆက်တိုက် အနိုင်ရ ခဲ့ခြင်းဖြစ်ပြီး ယင်းစံချိန်မှာ ၁၉၆၀ နောက်ပိုင်း အကောင်းဆုံး စံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
  • တန်းဆင်းရတော့မည့် ဆန်းဒါးလန်း
    တန်းဆင်းဇုန်ဘ၀တူဖြစ်သော မစ်ဒယ်ဘရော့အသင်းကို ၁-၀ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ဆန်းဒါးလန်းအသင်းမှာ တန်းဆင်းဇုန် လွတ်သည့်နေရာနှင့် ၁၂ မှတ် ကွာဟသွားပြီဖြစ်၍ တန်းဆင်းရန် သေချာသထက် သေချာလာနေပြီ ဖြစ်သည်။
  • ဂိုးသမားရှာရမယ့် မန်ယူ
    မန်ချက်စတာရှိ နေအိမ်ကို အရောင်းစာရင်းတင်ထားပြီဖြစ်သော ဂိုးသမား မန်ယူမှ ရီးရဲလ်သို့ ပြောင်းရွှေ့ရန် သေချာနေပြီဖြစ် သည့်အတွက် မန်ယူနည်းပြ မော်ရင်ဟိုအနေနှင့် ဂိုးသမားတစ်ဦးကို ရှာဖွေအစားထိုးရတော့မည် ဖြစ်သည်။
  • မန်စီးတီးအကြောင်းပြောတဲ့သူ
    မန်ယူနည်းပြ မော်ရင်ဟိုက မန်စီးတီးအနေနှင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ဆင့်ကို ရရှိရန် မိမိတို့ထက် ပိုမို၍ ရေပန်း စားနေကြောင်း ပြောဆိုလိုက်သည်။
  • နှိုင်းယှဉ်ပြတဲ့ ကွန်တီ
    ချဲလ်ဆီးအသင်းနည်းပြ ကွန်တီက မန်ချက်စတာမြို့ အခြေစိုက် အသင်း၂သင်းမှာ မိမိတို့ထက် ငွေကြေးသုံးစွဲမှုပိုများသော်လည်း အမှတ်ပေးဇယားကို ဦးဆောင်ခွင့်မရခဲ့ကြောင်း ငွေသုံးတိုင်း အောင်နိုင်မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
  • ဒိုင်အကြောင်းပြောတဲ့ တိုရေး
    မန်စီးတီးကွင်းလယ်ကစားသမား ယာရာတိုရေးက ပရီးမီးယားကွင်းလယ်ဒိုင်များ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ဝေဖန်ထောက်ပြ ပြောဆိုသွားခဲ့သည်။
  • တန်းပြန်တတ်တဲ့ နယူးကာဆယ်
    ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းဖြစ်သော နယူးကာဆယ်အသင်းမှာ ၄၄ ပွဲ ကစားပြီးရာတွင် အမှတ် ၈၈ မှတ်ဖြင့် ဒုတိယနေရာသေချာသွားသောကြောင့် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။
  • PFA ဆုရ ကန်တီ
    ပရီးမီးယားအမှတ်ပေးဇယားကို ဦးဆောင်နေသော ချဲလ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား ကန်တီမှာ ၂၀၁၆-၁၇ ဘောလုံးရာသီ PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီ ဖြစ်သည်။
  • အေးဂျင့်ကြေးအများဆုံးအသင်းများ
    အင်္ဂလန်ရှိကလပ်အသင်းများထဲတွင် မန်စီးတီးနှင့် ချဲလ်ဆီးတို့မှာ ကစားသမားသစ်ခေါ်ယူမှုအတွက် အေးဂျင့်ကြေး အများဆုံးပေး ရသော အသင်းများအဖြစ် စံချိန်တင်ခဲ့သည်။
  • ဟာဇတ်အကြောင်းပြောတဲ့ ကန်တီ
    ချဲလ်ဆီးကွင်းလယ်ကစားသမား ကန်တီမှာ PFA  ၁နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားနေသော်လည်း အသင်းဖော် ဟာဇတ်သာ ထိုဆုနှင့် ထိုက်တန်သည်ဟု ပြောဆိုလိုက်သည်။
  • သက်တမ်းတိုးသော လင်ဂတ်
    မန်ယူကွင်းလယ်ကစားသမား လင်ဂတ်မှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးခဲ့ပြီး စာချုပ်သစ်အရ တစ်ပတ်လစာ ပေါင်တစ်သိန်း ရရှိတော့မည် ဖြစ်သည်။
  • ၁၈မှတ်လိုတဲ့ ချဲလ်ဆီး
    လက်ကျန် ၈ပွဲတွင်  ၆ပွဲနိုင်(သို့မဟုတ်) ၁၈ မှတ်သာရပါက မိမိတို့ ချန်ပီယံဖြစ်ပြီဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီက ပြောဆိုလိုက်သည်။
  • ကြိုးစားသွားမယ့် ၀က်စ်ဟမ်း
    အမ်းမရိတ်စ်ကွင်းတွင် အာဆင်နယ်ကို ၃ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အနေနှင့် ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင် သန်နိုင်ရေးအတွက် ကြိုးစား၍ တိုက်ပွဲဝင်သွားမည်ဟု ၀က်စ်ဟမ်းနည်းပြ ဘီလစ်က ပြောဆိုလိုက်သည်။
  • မနိုင်ပြန်သော မန်ယူ
    အဲဗာတန်ကို အိမ်ကွင်းတွင် ဧည့်ခံရသော မန်ယူမှာ အနောက်မှ လိုက်ကစားခဲ့ရပြီး နာကျင်အချိန်ပိုတွင်ရသော ပယ်နယ်တီကြောင့်သာ သရေတစ်မှတ်ရရှိနိုင်ခဲ့သည်။
  • ဒိုင်ချီပြောသော အာဆင်နယ်
    ဘန်လေနည်းပြ ရှောင်ဒိုင်ချီက ဗြိတိသျှလူမျိုးနည်းပြများအနေနှင့် အာဆင်နယ်နည်းပြနေရာကို ရရှိကြလိမ့်မည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
  • ဒဏ်ရာများနှင့် မန်ယူ
  • နှုတ်ဆက်ချိန်မရတဲ့ စတိုင်ဂါ
    အမေရိကန်မေဂျာလိဂ်သို့ ပြောင်းရန်ဆုံးဖြတ်ပြီး နောက်ပိုင်းတွင် မိမိအနေနှင့် အသင်းဖော်များကို နှုတ်ဆက်ခွင့်ပင်မရတော့ပဲ မန်ယူကို စွန့်ခွာခဲ့ရကြောင်း ဂျာမနီသား ရှဝိန်းစတိုင်ဂါက ပြောဆိုလိုက်သည်။
  • အိမ်ကွင်းပြန်ကစားမယ့် စပါး
    စပါးအသင်းအနေနှင့် ကွင်းသစ်တည်ဆောက်နေချိန်တွင် ၀င်ဘလေကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခွင့်ရခဲ့သော်လည်း လာမည့် ရာသီတွင် မူလအိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် ပြန်ကစားမည်ဟု အသင်းဥက္ကဋ္ဌ လီဗိုင်းက ပြောဆိုလိုက်သည်။
  • ဒဏ်ရိုက်ခံရသော မန်စီးတီး
    လီဗာပူးနှင့် သရေကျခဲ့သောပွဲမှ ကစားသမားများ၏ ပြုမူနေပုံများအတွက် FA က မန်စီးတီးကို ဒဏ်ငွေပေါင် ၃၅၀၀၀ ပေးဆောင် ရန်  အမိန့်ချခဲ့သည်။
  • တစ်လနားမည့် ပီတာဆက်ခ်ျ
    အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျမှာ ၀က်ဘရွန်းကို ရှုံးခဲ့သည့်ပွဲတွင် ရခဲ့သောဒဏ်ရာကြောင့် တစ်လခန့် နားရမည် ဖြစ်သည်။
Advertisement
Here