EPL News
  • ကြိုးစားခဲ့သော ဆန်းဒါးလန်း
    ရှုံးပွဲများကြောင့် တန်းဆင်းဇုန်မှ မလွတ်နိုင်သေးသော်လည်း ဆန်းဒါးလန်းမှ အဆင့် ၂မှ လီဗာပူးနှင့် ယှဉ်ပြိုင်ကစားရာတွင် အထူး ကြိုးစားသွားခဲ့ပြီး သရေတစ်မှတ် ရရှိခဲ့သည်။
  • အဆင့် ၄ ရောက်လာသော စပါး
  • ပွဲစဉ်ကိုဝေဖန်တဲ့ ဆမ်
    တနင်္ဂနွေညတွင် အာဆင်နယ်နှင့် အဝေးကွင်းပွဲ ကစားခဲ့ရပြီးနောက် အင်္ဂါည၌ ဆွမ်ဆီးကို ရင်ဆိုင်ရဦးမည့် ပွဲစဉ်ဇယားနှင့် ပတ်သက်၍ ခရစ္စတယ်ပဲလေ့စ် နည်းပြ ဆမ်အလာဒိုက်စ်က ဝေဖန်ပြောဆို လိုက်သည်။
  • တရုတ်ကိုငြင်းခဲ့တဲ့ ဆမ်
    ခရစ္စတယ်ပဲလေ့စ်နည်းပြဖြစ်လာသည့် ဆမ်အလာဒိုက်စ်က သူ့ကို တရုတ်စူပါလိဂ်ကလပ်မှ လစာငွေများစွာနှင့် ကမ်းလှမ်းခဲ့သော် လည်း ငြင်းပယ်ခဲ့ကြောင်း ပြောဆိုလိုက်သည်။
  • မိုဗစ်ကို စိုးရိမ်တဲ့ မော်ရင်ဟို
    ၂၀၁၆ ဇန်န၀ါရီမှ ဒီဇင်ဘာအထိ ၁နှစ်အတွင်းတွင် ၅၂ ဂိုး သွင်းကာ မက်ဆီ၊ စီရိုနယ်ဒိုတို့ထက် ဂိုးအရေအတွက် ပိုများခဲ့သော မန်ယူတိုက်စစ်မှုး မိုဗစ်မှာ ဥရောပထိပ်တန်းလိဂ် ၅ခုတွင် အကောင်းဆုံး တိုက်စစ်သမားအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး မိုဗစ် ဒဏ်ရာရမည်ကို စိုးရိမ်မိကြောင်း နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။
  • ပိုအောင်မြင်ချင်တဲ့ အမ်ခီတာရန်
    အာမေးနီးယားနိုင်ငံအတွက် ၁နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်မြောက်ရရှိခဲ့ပြီဖြစ်သော မန်ယူ ကွင်းလယ်လူ အမ်လီတာရန်က သူ့အနေနှင့် မန်ယူ ကစားသမားအဖြစ်နှင့် ဆုဖလားများစွာ ရယူလိုသေးကြောင်း ပြောဆိုလိုက်သည်။
  • အယူခံဝင်သော ဗာဒီ
    စတုတ်နှင့် ၂ဂိုးစီ သရေကျသော ပွဲစဉ်တွင် ရခဲ့သော တိုက်စစ်မှုး ဗာဒီ၏ အနီကတ်ပြစ်ဒဏ်အတွက် လက်စတာအသင်းက အယူခံ တင်ထားကြောင်း သိရသည်။
  • ဖယ်လာနီကို မီလန်ခေါ်လို
    မန်ယူ ကွင်းလယ်ကစားသမား ဖယ်လာနီကို  မီလန်အခြေစိုက် အင်တာနှင့် အေစီမီလန်အသင်းတို့က ခေါ်ယူလိုနေကြောင်း သိရ သည်။
  • အသက် ၅၀ အထိ ကစားမယ့်သူ
    နောက်ဆုံး ၉ပွဲတွင် ၁၀ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်သော မန်ယူတိုက်စစ်မှုး အီဘရာဟင်မိုဗစ်က သူ့အနေနှင့် အသက် ၅၀ အရွယ်အထိ ကစားနိုင်ဦးမည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။
  • မိုဗစ်အကြောင်းပြောတဲ့ ရှီးယား
    မန်ယူတွင် ဂိုးများသွင်းယူပေးနေသော ဆွီဒင်တိုက်စစ်မှုး အီဘရာဟင်မိုဗစ်မှာ ကမ္ဘာ့အဆင့်ရှိသူဟု ဆိုနိုင်သော်လည်း မက်ဆီ၊ စီရိုနယ်ဒိုတို့နှင် တန်းတူထား၍ မရသေးကြောင်း အင်္ဂလန် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယားက ပြောဆိုလိုက်သည်။
  • အဝေးကွင်းညံ့ဆဲ ချန်ပီယံ
    ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာမှာ ယမန်နေ့က ပွဲတွင် ဘုန်းမောက်ကို ၁-၀ဖြင့် ရှုံးနိမ့်ခဲ့ပြီး အဝေးကွင်းရလဒ် ညံ့ဖျင်းလွန်း လှသော စံချိန်ကို ဆက်ထိန်းထားဆဲ ဖြစ်သည်။
  • မန်ယူကို ခွာမည့် ၂ယောက်
    ယခုရာသီ ပရီးမီးယားပွဲများတွင် ပွဲဦးထွက် ကစားသမားအဖြစ် ကစားခွင့်မရခဲ့သေးသော ဒီပေးနှင့် ရှနိုက်ဒါလင်တို့မှာ လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် မန်ယူကို စွန့်ခွာကြတော့မည်ဟု သိရသည်။
  • ဧည်သည့်များ မနိုင်ခဲ့သည့် EPL 15
    ယခုအပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ကို ကစားခဲ့ရာ ထူးခြားမှုတစ်ခုအဖြစ် အဝေးကွင်းတွင် လာကစားရသော ဧည်သည့် အသင်း ၁၀သင်းတွင် တစ်သင်းမျှ နိုင်ပွဲရခဲ့ခြင်း မရှိပေ။
  • ၂ပွဲနားရမည့် အမ်ခီတာရန်
    စပါးနှင့် ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သော်လည်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရသည့် မန်ယူမှ အမ်ခီတာရန် မှာ ပွဲစဉ် ၂ပွဲခန့် လွဲချော်မည် ဖြစ်သည်။
  • အမှတ်အဖြုန်းဆုံး မန်ယူ
    ပရီးမီးယားလိဂ်အသင်း ၂၀ထဲတွင် မန်ယူမှာ နောက်ဆုံး ၁၀ မိနစ်အတွင်း ပေးဂိုးများကြောင့် အမှတ်အဆုံးရှုံးရဆုံး အသင်းအဖြစ် စံချိန်ဝင်ခဲ့ပြီ ဖြစ်သည်။
  • ၃ လနားမည့် ကာဇိုလာ
    အာဆင်နယ် ကွင်းလယ်ကစားသမား ကာဇိုလာမှာ ခြေကျင်းဝတ် ဒဏ်ရာခွဲစိတ်ခံရမည်ဖြစ်ပြီး ၃လခန့် အနားယူရမည်ဟု ဆို သည်။
  • သက်တမ်းတိုးသော ဂါစီယာ
    မန်စီးတီးကွင်းလယ်ကစားသမား မာနူဂါစီယာမှာ အသင်းနှင့် ၂၀၂၀အထိ ရှိမည့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို လိုက်ပြီ ဖြစ်သည်။
  • ပွဲပယ်ခံရမည့် ရွန်းနီ
  • မော်ရင်ဟိုကို ဝေဖန်တဲ့ ပူးလ်
    မန်ယူနည်းပြ မော်ရင်ဟိုအနေနှင့် ၀က်စ်ဟမ်းနှင့် ပွဲက အပြုအမူအတွက် ၆ပွဲပယ် ပြစ်ဒဏ်အထိ ကျခံသင့်ကြောင်း နာမည်ကြီး ဒိုင်လူကြီးတစ်ယောက်ဖြစ်သူ ဂရေဟမ်ပူးလ်က ပြောဆိုလိုက်သည်။
  • ဒဏ်ရာရသွားသော ဘိုင်လေ
    ချဲလ်ဆီးကို ၄-၀ဖြင့် ရှုံးခဲ့သောပွဲတွင် မန်ယူနောက်ခံလူ ဘိုင်လေမှာ ဒူးဒဏ်ရာရရှိသွားခဲ့ပြီး ကာလအတန်ကြာနားရမည်ကို မန်ယူ တာဝန်ရှိသူများက စိုးရိမ်လျက် ရှိသည်။
Advertisement
Here