EPL News
  • EPL နောက်ဆုံး အပြောင်းအရွှေ့များ
    ဥရောပလိဂ်များ၏ နောက်ဆုံးအပြောင်းအရွှေ့ကာလမှာဩဂုတ်လ ၃၁ရက် ည ၁၂နာရီတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
  • မစ်ဒယ်ဘရော့ပြောင်းမည့် ချမ်ဘာစ်
    အာဆင်နယ်မှ လူငယ်နောက်ခံ ကစားသမား ချမ်ဘာစ်မှာ တန်းတက်အသင်း မစ်ဒယ်ဘရော့သို့ ကာလရှည်အငှား စာချုပ်ဖြင့် ပြောင်းရွှေ့တော့မည် ဖြစ်သည်။
  • ၃ပွဲအပယ်ခံရမည့် အဂူရို
  • ပြင်သစ်ရွှေ့မည့် ဘာလိုတယ်လီ
    လီဗာပူးတွင် နေရာမရဖြစ်နေသော  တိုက်စစ်မှုး ဘာလိုတယ်လီမှာ ပြင်သစ်ကလပ် နိုက်စ်သို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ရန် ပြင်ဆင်နေကြောင်း သိရသည်။
  • အာဆင်နယ်နှင့် ခွဲရမည့် ၀ီလ်ရှီးယား
    အာဆင်နယ် ကွင်းလယ်ကစားသမား ၀ီလ်ရှီးယားမှာ အခြားအသင်းတစ်သင်းသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက်ကစား ရတော့မည် ဖြစ်သည်။
  • နေရာမရွေ့သော ရွန်းနီ
    အင်္ဂလန်အသင်းခေါင်းဆောင် ရွန်းနီမှာ ထိုတာဝန်ဖြင့် ဆက်လက်ကစားရမည်ဖြစ်သကဲ့သို့ ယခုရာသီ မန်ယူတွင် ကစားနေခဲ့ သကဲ့သို့ပင် တိုက်စစ်မှုးအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။
  • ၂ယောက်ထပ်ခေါ်မည့် လက်စတာ
    ပရီးမီးယားချန်ပီယံလက်စတာအသင်းမှာ ချန်ပီယံလိဂ်ပွဲများပါ ကစားရမည့်ဖြစ်သဖြင့် အသင်းအင်အားကို တိုးချဲ့သည့်အနေနှင့် စပို့တင်း လစ္စဘွန်းမှ ဆေးလ်ဗားနှင့် ဆလီမာနီတို့ကို ပေါင် ၄၈သန်းဖြင့် ခေါ်ယူမည် ဖြစ်သည်။
  • အဲဗာတန် ကမ်းလှမ်းမှု နာပိုလီပယ်ချ
    အဲဗာတန် နည်းပြ ကိုးမန်း၏ ဂက်ဘီဒီနီအပေါ် ပေါင် ၂၅သန်းဖြင့် ကမ်းလှမ်းထားချက်ကို နာပိုလီအသင်းက ပယ်ချလိုက်သည်။
  • တိုရီနိုပြောင်းမည့် ဂျိုးဟတ်
    မန်စီးတီး ဂိုးသမား ဂျိုးဟတ်မှာ စီးရီးအေကလပ် တိုရီနိုသို့ ပြောင်းရွှေ့ရန်အတွက် ယနေ့ အီတလီတွင် ဆေးစစ်ခံမည် ဖြစ်သည်။
  • ရက်ရှ်ဖို့ဒ်ကို ရွန်းနီချီးကျူး
    ဟောလ်စီးတီးနှင့် ပွဲတွင် ပွဲချိန်ပြည့်ခါနီးမှ အရေးပါသော အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့သည့် ၁၉နှစ်သား ရက်ရှ်ဖို့ဒ်ကို မန်ယူ အသင်းခေါင်းဆောင် ရွန်းနီက ချီးကျူးလိုက်သည်။
  • ဇာကာအကြောင်းပြောတဲ့ ၀င်းဂါး
    ပထမဆုံး ၀င်ကစားခွင့်ရသည့်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သော ဇာကာကို အာဆင်နယ် နည်းပြ ၀င်းဂါးက ချီးကျူးလိုက်သည်။
  • ၃ပွဲအပယ်ခံရနိုင်သော အဂူရို
  • ဆန်းဒါးလန်းရောက်နိုင်သော ဂျိုးဟတ်
    ဆန်းဒါးလန်းအသင်းမှာ ဂိုးသမား အရေးပေါ် လိုအပ်လာသောကြောင့် မန်စီးတီးတွင် နေရာမရဖြစ်နေသော ဂျိုးဟတ် ကို ခေါ်ယူရေးအတွက် စဉ်းစားနေကြောင်း သိရသည်။
  • ပရိသတ်ကိုနားလည်သော နည်းပြ
    ဂိုးသမား ဂျိုးဟတ်အတွက် နုတ်ဆက်ပွဲဟု တင်စားကြသည့် ပွဲတွင် ပရိသတ်များက ဂျိုးဟတ်ကို ၀ိုင်းဝန်းအားပေးခဲ့ကြပြီး ပရိသတ်များ၏ ခံစားမှုကို နားလည်ပါကြောင်း၊ ဂျိုးဟတ်ကို အသင်းပြောင်းခိုင်းသူ နည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်သည်။
  • ဂိုးစသွင်းသော ဂျာနူဇက်
    EFL ဖလားပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် ရှရီဘူရီအသင်းနှင့် ကစားရသောပွဲတွင် ဆန်းဒါးလန်းမှ ဂျာနူဇက်က အနိုင်ဂိုး သွင်းပေးနိုင် ခဲ့သည်။
  • ဂျိုးဟတ်ရဲ့ နုတ်ဆက်တဲ့ပွဲ
    စတီအာဘူခါရက်စ်နှင့် ကစားရသော ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ရသော မန်စီးတီး ဂိုးသမား ဂျိုးဟတ်ကို ပရိသတ်များ က ၀ိုင်းဝန်းအားပေးခဲ့ကြပြီး ဂျိုးဟတ်အတွက် ထိုပွဲမှာ မန်စီးတီး ကစားသမားအဖြစ် နောက်ဆုံး ပါဝင်ကစားရသည့် ပွဲ ဖြစ်ခဲ့ရသည်။
  • ကိုနီကိုမရောင်းတဲ့ မိုရက်စ်
    ဆန်းဒါးလန်းအသင်းနည်းပြ မိုရက်စ်က သူ့အနေနှင့် ကိုနီကို ထုတ်ရောင်းမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
  • တိုက်စစ်မှုးခေါ်မည့် အဲဗာတန်
    အဲဗာတန်အသင်းမှာ ဒီပို့တီဗိုမှ တိုက်စစ်မှုး မာတီနက်ဇ်ကို ပေါင် ၁၅သန်းဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
  • ခေါင်းခဲနေတဲ့ ၀င်းဂါး
    ဗဟို နောက်ခံကစားသမားတစ်ဦးကို အသည်းအသန် ရှာဖွေနေရသော အာဆင်နယ်နည်းပြ ၀င်းဂါးမှာ အလိုချင်ဆုံး ကစား သမားဖြစ်သော မူစတာဖီကို ဗလင်စီယာက မရောင်းပါဟု အကြောင်းပြန်ခဲ့ သကဲ့သို့ ၀က်စ်ဘရွန်းမှ ဂျွန်နီ အီဗန်းစ်မှာ လည်း ပေါင် ၂၅သန်း ပေးမှရမည်ဆို၍  ခေါင်းခဲလျက် ရှိနေသည်။
  • ဂျိုးဟတ်အတွက်ဆွေးနွေးမယ့် အလာဒိုက်စ်
    အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ကိစ္စအတွက် လက်ရွေးစင်အသင်းနည်းပြ ဆမ်အလာဒိုက်စ်က မန်စီးတီးနည်းပြ ဂွာဒီယိုလာနှင့် တွေ့ ဆုံဆွေးနွေးမည်ဟု ဆိုသည်။
Advertisement
Here