ဥရောပပြိုင်ပွဲများ ၀င်ကစားရန်မရှိသော မန်ယူအသင်းသည် စနေ၊ တနင်္ဂနွေမဟုတ်သော ကြားရက်များတွင် တိုင်းတစ်ပါးအသင်းများနှင့် ခြေစမ်းပွဲကစားရန် စီစဉ်လျှက် ရှိသည်။
အာဆင်နယ်အသင်းမှာ ဒဏ်ရာရကစားသမားများလာခြင်းကြောင့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်အတွက် စိုးရိမ်ရလျက် ရှိသည်။
ဝက်စ်ဟမ်းနှင့်ပွဲတွင် တိုက်ရိုက်အနီကဒ်ဖြင့် ထွက်ခဲ့ရခြင်းအပေါ် မန်ယူကပ္ပတိန် ရွန်းနီက ကစားဖော်များနှင့် ပရိသတ်များကို တောင်းပန်လိုက်သည်။
ပရီးမီးယားလိဂ်ပွဲစဉ် ၅ ကစားအပြီးတွင် စုစုပေါင်းသွင်းဂိုးမှာ ၁၄၃ ဂိုးရှိခဲ့သဖြင့် လွန်ခဲ့သောရာသီထက် ၃၆ ဂိုး ပိုမိုလာခဲ့ကာ တိုက်စစ်မှ ဂိုးပိုသွင်းလာနိုင်ခဲ့ကြောင်း အာဆင်နယ်နည်းပြ ၀င်းဂါးက ပြောဆိုလိုက်သည်။
မန်စီးတီးကွင်းလယ်ကစားသမား နာဆရီမှာ ပေါင်ခြံဒဏ်ကြောင့် တစ်လခန့် နားရမည်ဟု သိရသည်။
ယနေ့ည ၀က်စ်ဟမ်းကို ဧည့်ခံရမည့် မန်ယူအသင်းမှာ ကစားသမား ၉ ယောက် ဒဏ်ရာရနေသည့်အပြင် ဘလက်ကက်မှာလည်း ပွဲပယ်ခံထားရသဖြင့် ရလဒ်ကောင်းရန် ရုန်းကန်ရဦးမည်ဖြစ်သည်။
ဒူးဒဏ်ရာကြောင့် ၁၀ လခန့်နားနေရခဲ့သော တိုက်စစ်မှူး ၀ါးလ်ကော့သည် လာမည့်လတွင် အာဆင်နယ်အတွက် ပြန်ကစားပေးနိုင်တော့မည် ဖြစ်သည်။
အာဆင်နယ်နောက်ခံလူ ဒီဘူချီမှာ ဘယ်ဘက်ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ခံရပြီးနောက် ၃ လခန့်နားရမည်ဖြစ်သည်။
မန်ယူနောက်ခံလူ အီဗန်းစ်မှာ လီဆက်စတာကို ၅း၃ နှင့် ရှုံးခဲ့သောပွဲစဉ်တွင် ဒဏ်ရာရသွားခဲ့သဖြင့် မန်ယူခံစစ်တန်းအတွက် ပို၍ စိတ်ပူစရာများ ဖြစ်လာခဲ့ရသည်။
လီဆက်စတာအား ၅း၃ ဖြင့် ရှုံးခဲ့ရသည့် မန်ယူ၏ဖြစ်ရပ်တွင် အလှည့်အပြောင်းဖြစ်စေခဲ့သည်မှာ ကွင်းလယ်ဒိုင် ဂလက်တန်ဘာ့ဂ်၏ အငြင်းပွားစရာ ပင်နယ်တီပေးမှုမှစတင်ခဲ့ခြင်းဖြစ်ကြောင်း
ဆောက်သင်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၂၀ မှ မတတ်နိုင်သေးသည့် နယူးကာဆယ်အတွက် နည်းပြ အလန်ပါဂျူးမှာ ဖိအားများစွာအောက်သို့ ကျရောက်လျှက်ရှိနေသည်။
ဖူလ်ဟမ်ကွင်းလယ်ကစားသမားဟောင်း ဒန်နီမာဖီက လစ်လပ်နေသော ဖူလ်ဟမ်နည်းပြနေရာအတွက် စိတ်ဝင်စားနေကြောင်း ပြောဆိုလိုက်သည်။
ဒဏ်ရာရသူများနေသော နောက်တန်းအတွက် အာဆင်နယ်အသင်းသည် နောက်ခံလူ ၂ ယောက်ကို အရေးပေါ်ခေါ်ယူရန် ကြိုးစားလျှက်ရှိသည်။
အက်စတန်ဗီလာနည်းပြ ပေါလ်လမ်းဘတ်သည် ၂၀၁၈ ဇွန်လအထိ ရှိမည့် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။
အိမ်ကွင်းတွင် ကစားရပါလျှက် ရှုံးပွဲတွေ့ခဲ့ရသောကြောင့် ကာဒစ်နည်းပြကို ဆိုးလ်ရှားမှာ ဖိအားများနှင့် ရင်ဆိုင်ရလျှက်ရှိသည်။
ယခုရာသီပထမဆုံးနိုင်ပွဲကို ရရှိခဲ့ပြီးနောက် မန်ယူနည်းပြ ဗန်ဂေါလ်က ယခုရလဒ်သည် မန်ယူအောင်ပွဲများအတွက် အစသာ ရှိသေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
နယူးကာဆယ်အသင်းပိုင်ရှင် အက်ရှ်လေက သူသည်အနည်းဆုံး လာမည့်ရာသီအကုန်အထိ အသင်းကို ထုတ်ရောင်းရန် အစီအစဉ် မရှိကြောင်း ပြောဆိုလိုက်သည်။
UK နိုင်ငံများထဲတွင်ပါသော စကော့တလန်မှ နည်းပြကြီးဖာဂူဆန်နှင့်အတူ အင်္ဂလန် စကော့တလန်၊ ဝေလ၊ အိုင်ယာလန် အစရှိသောနိုင်ငံများမှ ကစားသမားအများစုဖြင့် မန်ယူတစ်ခေတ်ထူထောင်ခဲ့
ဂျာမနီမှ ပိုဒေါစကီးကြောင့် ဒဏ်ရာရခဲ့သော အာဂျင်တီးနားသား ဇာဘာလက်တာမှာ လာမည့် စနေနေ့ အာဆင်နယ်နှင့်ပွဲအတွက် မန်းစီးတီးဘက်မှ ပါဝင်ရန်ကြံ့ခိုင်မှုအပြည့်ရှိနေကြောင်း ပြောဆိုလိုက်သည်။
အက်စတန်ဗီလာတိုက်စစ်မှူး အဘွန်လဟောသည် အသင်းနှင့် ၄ နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။