EPL News

  • မာတာကို ဂျူဗင်တပ်ခေါ်မည်

    ဒီမာရီယာနှင့် ဖယ်ကာအိုတို့ ရောက်ရှိလာခြင်းကြောင့် ပုံမှန်နေရာရရေး အခက်တွေ့လာနိုင်မည့် မန်ယူကွင်းလယ်ကစားသမား မာတာကို ဂျူဗင်တပ်က လာမည့်အပြောင်းအရွှေ့တွင် ခေါ်ယူနိုင်ရန် ကြိုးစားမည်ဟု သိရသည်။

  • လိဒ်စ်နည်းပြ ဖြစ်ချင်တဲ့ ဖောင်လာ

    တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာသည် လိဒ်စ်ယူနိုက်တက်နည်းပြနေရာအတွက် လျှောက်ထားပြီဟု သိရသည်။

  • မန်ယူ ၀င်ငွေ ပေါင်သန်း ၄၂၀

    မန်ယူအသင်းသည် လွန်ခဲ့သောရာသီက ၀င်ငွေစုစုပေါင်း ပေါင် သန်း ၄၂၀ ရှိခဲ့ပြီး အသားတင်အမြတ်ငွေမှာ ပေါင် ၂၅ သန်း ဟု သိရသည်။

  • ဖယ်ကာအို အသက်မလိမ်ပါ

    တိုက်စစ်မှူး ဖယ်ကာအိုမှာ အသက် ၃၀ ရှိပြီဆိုသော သတင်းများကို မန်ယူက ပယ်ချလိုက်ပြီး မိမိတို့အနေနှင့် ဖယ်ကာအိုကို အသက် ၂၈  နှစ်ဟုသာ ယုံကြည်ထားကြောင်း ပြောဆိုခဲ့သည်။

  • မန်ယူကို ဝေဖန်တဲ့ ဖာဒီနန်

    တိုက်စစ်မှူး ၀ဲလ်ဘက်အား အဓိကပြိုင်ဘက် အာဆင်နယ်ထံရောင်းချခဲ့သည့်ကိစ္စအတွက် ကစားသမားဟောင်း ဖာဒီနန်က မန်ယူ တာဝန်ရှိသူများကို ဝေဖန်လိုက်သည်။

  • ဟော့ဆန်ကို ထောက်ခံတဲ့ ရွန်းနီ

    အင်္ဂလန်အသင်းခေါင်းဆောင် ရွန်းနီက သူနှင့် သူ့အသင်းသားများသည် နည်းပြဟော့ဆန်ကို ရာနှုန်းပြည့်ထောက်ခံ ထားကြောင်း ပြောဆိုလိုက်သည်။

  • အနာဂတ်မသေချာတဲ့ ဘယ်လ်ဒီနီ

    စပါးအသင်းအနေနှင့် ယခုနွေတွင် လိုအပ်နေသော တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ခဲ့ခြင်းမရှိသဖြင့် အားကစားဒါရိုက်တာ ဖရန့်ကို ဘယ်လ်ဒီနီမှာ ဖိအားများအောက် ကျရောက်လျှက်ရှိနေသည်။

  • ဘလက်ပူးနည်းပြဖြစ်နိုင်သည့်ကွိုင်လီ

    အသက် ၄၈ နှစ်ရှိပြီဖြစ်သော အိုဝင်ကွိုင်လီမှာ ဘလက်ဘူးနည်းပြဖြစ်လာရန် ရေပန်းစားလျက်ရှိသည်။

  • ဒဏ်ရာရသည့် စတားရစ်ခ်ျ

    လီဗာပူးတိုက်စစ်မှူး စတားရစ်ခ်ျမှာ လေ့ကျင့်ရေးတွင် ဒဏ်ရာရသွားခဲ့သဖြင့် အင်္ဂလန်အသင်း၏ ဆွစ်ဇာလန်နှင့် ကစားရမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲကို လွဲချော်ပြီ ဖြစ်သည်။

  • စထရော့မန်းကို မန်ယူခေါ်မည်

    မန်ယူနည်းပြ ဗန်ဂေါလ်သည် လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ဟော်လန်လက်ရွေးစင် ကွင်းလယ်ကစားသမား စထရော့မန်းကို ခေါ်ယူဦးမည်ဟု ဆိုသည်။

  • ဗီဇာရသည့် ရိုဂျို

    ပေါင် ၁၆ သန်းတန် မန်ယူနောက်ခံလူ ရိုဂျိုသည် မန်ယူတွင် ပါဝင်ကစားခွင့်အတွက် အလုပ်ပါမစ် ဗီဇာရရှိခဲ့ပြီဖြစ်သောကြောင့် ၁၄ ရက်နေ့ ကျူပီအာနှင့်ပွဲတွင် ပါဝင်လာမည်ဖြစ်သည်။

  • ဗီဇာကိစ္စ လုံးပမ်းနေရသည့် ဖယ်ကာအို

    မန်ယူသို့ အငှားဖြင့်ရောက်လာသော ကိုလံဘီယာတိုက်စစ်မှူး ဖယ်ကာအိုမှာ ကိုလံဘီယာ-ဘရာဇီးပွဲအတွက် မိုင်ယာမီသို့ရောက် ရှိနေချိန်တွင် မန်ယူ၌ကစားခွင့်အတွက် ဗီဇာရရှိရေးကိုပါ ကြိုးပမ်းနေရလျက်ရှိသည်။

  • အိုဝင်ကို ကျော်တက်တဲ့ ရွန်းနီ

    အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အိုဝင်နှင့်အတူ ဂိုး ၄၀ သွင်းထားသော ရွန်းနီမှာ နော်ဝေနှင့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့သဖြင့် အိုဝင်ထက် သာလွန်ကာ အင်္ဂလန်အတွက် စတုတ္ထမြောက်ဂိုးအများဆုံး သွင်းထားသူဖြစ်လာခဲ့သည်။

  • မန်စီးတီးကပ္ပတိန် ဒဏ်ရာရ

    မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပါနီမှာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်ရေးဆင်းနေစဉ် ဒဏ်ရာရခဲ့သော   ကြောင့် ယနေ့ သြစတြေးလျနှင့် ကစားမည့်ပွဲစဉ်အတွက် မသေချာဟု သိရသည်။

  • ဂျွန်ဆင်ကို ပဲလေ့စ်ပြန်ခေါ်

    ကျူပီအာမှ ထွက်ခွာခွင့်ရထားသော တိုက်စစ်မှူး အင်ဒရူးဂျွန်ဆင်ကို ခရစ္စတယ်ပဲလေ့စ်အသင်းက ပြန်လည်ခေါ်ခဲ့ပြီ ဖြစ်သည်။

  • ကလီဗာလေ ဗီလာသို့ရွှေ့

    အက်စတန်ဗီလာအသင်းမှာ မန်ယူကွင်းလယ်ကစားသမား ကလီဗာလေကို နှစ်ရှည်အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်။

  • အသုံးကြမ်းတဲ့ ပရီးမီးယားလိဂ်

    ယခုနွေရာသီအပြောင်းအရွေှ့တွင် ပရီးမီးယားလိဂ်အသင်းများသည် အခြားသောလိဂ်များထက် ငွေကြေးပိုမိုသုံးစွဲကာ ကစားသမား သစ်များကို ခေါ်ယူခဲ့ပြီး စုစုပေါင်း အသုံးစရိတ်မှာ ပေါင် ၈၅၈ သန်း အထိ ရှိခဲ့သည်။

  • စတမ်ဘိုလီကို စပါးခေါ်ယူ

    စပါးအသင်းသည် မောင့်ပယ်လီယာမှာ ပြင်သစ် ယူ-၂၁ လက်ရွေးစင်ဟောင်း စတမ်ဘိုလီကို ခေါ်ယူခဲ့ပြီဖြစ်သည်။

  • ဖယ်ကာအိုကို ချီးကျူးတဲ့ စီရိုနယ်ဒို

    တိုက်စစ်မှူး ဖယ်ကာအို မန်ယူသို့ပြောင်းရွေှ့ခြင်းမှာ နှစ်ဦးလုံးအတွက် အကောင်းဆုံးဖြစ်လာလိမ့်မည်ဟု စီရိုနယ်ဒိုက ပြောဆိုလိုက် သည်။

  • ထိပ်သီး ၅ သင်းနှင့် အ၀င်အထွက်

    ယခုနွေအတွက် အပြောင်းအရွေှ့ရာသီကား ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။


Advertisement
Here