EPL News
  • ခ်မ္ဘာကို အာဆင်နယ်ခေါ်
    ဆောက်သင်တန် နောက်ခံလူ ကာလမ်ချမ်ဘာကို အာဆင်နယ်အသင်းက ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။
  • ဘင်ဖီကာရောက် ဘီဘီ
    မန်ယူအသင်းသည် တိုက်စစ်မှူး ဘီဘီကို ပေါင် ၂.၄ သန်းဖြင့် ဘင်ဖီကာသို့ ရောင်းထုတ်လိုက်ပြီ ဖြစ်သည်။
  • ဆီဇာကို ကျူပီအာ ပြန်ခေါ်
    မေဂျာလိဂ်သို့ အငှားချထားခဲ့သော ဂိုးသမား ဂျူလီယိုဆီဇာကို ကျူပီအာအသင်းက ပြန်ခေါ်လိုက်ပြီဖြစ်သည်။
  • လီဗာပူးရောက်မည့် လိုဗရန်
    ဆောက်သင်တန်နောက်ခံလူ လိုဗရန်မှာ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဖြင့် လီဗာပူးသို့ရောက်လာတော့မည် ဖြစ်သည်။
  • တစ်လခွဲ နားရမည့် လယ်လာနာ
    လီဗာပူးအသင်းက ပေါင် ၂၃ သန်းဖြင့် ခေါ်ယူထားသော လယ်လာနာမှာ လေ့ကျင့်ရေးတွင် ဒဏ်ရာရသွားခဲ့၍ တစ်လခွဲခန့် နားရ မည် ဖြစ်သည်။
  • ဒရော့ဘာ ချဲလ်ဆီးပြန်ရောက်
    တိုက်စစ်မှူး ဒရော့ဘာသည် အသင်းဟောင်းချဲလ်ဆီးသို့ ၁ နှစ်စာချုပ်ဖြင့် တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
  • ၄ လနားရမည့် ကာရိုးလ်
  • မေဂျာလိဂ်ရောက် လမ်းပတ်
    ချဲလ်ဆီးကွင်းလယ်ကစားသမား လမ်းပတ်မှာအမေရိကန်မေဂျာလိဂ်မှ နယူးယောက်စီးတီးကလပ်နှင့် ၂ နှစ် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ် သည်။
  • ပီတာဆက်ခ်ျကို နေစေလို
    ချဲလ်ဆီးနည်းပြမော်ရင်ဟိုက ကော့တွိုက်စ် ရောက်လာသော်လည်း ပီတာဆက်ခ်ျကိုပါ ဆက်ရှိနေစေလိုကြောင်း ပြောဆိုလိုက်သည်။
  • လူငယ်နည်းပြ ပေါစခိုးလ်
    လွန်ခဲ့သည့်ရာသီတွင် မန်ယူနည်းပြအဖွဲ့ဝင်အဖြစ်ရှိခဲ့သော ပေါစခိုးလ်မှာ ယခုအခါ မန်ယူလူငယ်အသင်းနည်းပြအဖြစ် ဆက်ခန့် သွားမည်ဟု သိရသည်။
  • မန်ယူ ၇းဝ LA ဂလက်ဇီ
    ချက်ပလက်ဖလားပွဲအဖြစ် ရာသီဦးပထမဆုံး ကစားရသည့်ပွဲစဉ်တွင် မန်ယူသည် အမေရိကန်မှ LA ဂလက်ဇီအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
  • တောရက်စ်ကို အက်သလက်တီကိုလိုချင်
    အက်သလက်တီကိုအသင်းမှာ ချဲလ်ဆီးတိုက်စစ်မှူး တောရက်စ်ကို ခေါ်ယူလိုနေကြောင်းသိရသော်လည်း ပြောင်းရွှေ့ကြေးနှင့် လစာနှုန်းကြောင့် အခက်တွေ့ရလျှက် ရှိသည်။
  • အင်္ဂလန်ကပ္ပတိန် ဖြစ်မည့်သူ
    အင်္ဂလန် ကပ္ပတိန်ဟောင်းတစ်ဦးဖြစ်ခဲ့သူ ဘရိုင်ယန်ရော့ဘ်ဆင်က ဂျရတ်နေရာကို ဆက်ခံမည့်အင်္ဂလန် ကပ္ပတိန်သစ်မှာ ရွန်းနီဖြစ်နိုင်ကြောင်းပြောဆိုခဲ့သည်။
  • လက်ရွေးစင်အဖြစ်မှ ဂျရတ်နား
    အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဂျရတ်သည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက်တွင် လက်ရွေးစင်အဖြစ်မှ အနားယူ လိုက်ပြီဖြစ်သည်။
  • ဟမ်းမဲလ်ကို မန်ယူခေါ်လို
    မန်ယူအသင်းသည် ဒေါ့မွန်မှ ဂျာမနီလက်ရွေးစင်နောက်ခံကစားသမား ဟမ်းမဲလ်ကို ခေါ်ယူရန် ကြိုးစားနေကြောင်း သိရသည်။
  • လူသစ်များရောက်ဦးမည့် မန်ယူ
    လုခ်ရှောနှင့် ဟာရားရားတို့သာ ရောက်လာသေးသည့် မန်ယူသို့ နောက်ထပ်ကစားသမားသစ်များ ရောက်ရှိလာဦးမည်ဟု CEO ၀ုဒ်ဝါ့ဒ် က ပြောဆိုလိုက်သည်။
  • ကာဗယ်ဟိုကို အာဆင်နယ်ခေါ်လို
    အာဆင်နယ်အသင်းသည် ကွင်းလယ်အဖျက်နေရာအတွက် စပို့တင်းလစ္စဘွန်းမှ ကာဗယ်ဟိုကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရ သည်။
  • ၃ လ နားရမည့် ကားရစ်
    မန်ယူကွင်းလယ်ကစားသမား ကားရစ်မှာ လေ့ကျင့်ရေးတွင်ဒဏ်ရာရခဲ့ပြီးနောက် ၃ လခန့် နားရတော့မည်ဖြစ်သည်။
  • သက်တမ်းတိုးတဲ့ ရိုမီယူ
    ချဲလ်ဆီးကွင်းလယ်ကစားသမား ရိုမီယူမှာ အသင်းနှင့် ၂၀၁၇ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။
  • အသင်းဟောင်းပြန်တဲ့ ရေကွယ်လ်မီး
    အာဂျင်တီးနားကွင်းလယ် ဖန်တီးရှင်ဟောင်း တစ်ဦးဖြစ်သူ ရေကွယ်လ်မီးမှာ ဘိုကာဂျူနီယာအသင်းနှင့်စာချုပ် ကိစ္စအဆင်မပြေ၍ အသင်းဟောင်း အာဂျင်တီးနို့စ် ဂျူနီယာအသင်းသို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
Advertisement
Here