EPL News
  • ထုတ်ပယ်ခံရသော မန်ချီနီ
    ခြေစမ်းပွဲတွင် စပါးကို ၆း၁ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အင်တာအသင်းသည် နည်းပြ မန်ချီနီကို ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။
  • စတိုင်ဂါအကြောင်းပြောတဲ့ မော်ရင်ဟို
    ဂျာမနီအသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါကို အရန်အသင်းသို့ ပို့လိုက်ခြင်းမှာ နည်းပြဖြစ်သူ မိမိ၏ လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ မထူးဆန်းသော ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ကြောင်း မန်ယူ နည်းပြ မော်ရင်ဟိုက ကာကွယ်ပြောဆိုလိုက်သည်။
  • အသင်းကြီးတွေအကြောင်းပြောတဲ့ သူ
    သမိုင်းဝင်အောင်ပွဲအဖြစ် လွန်ခဲ့သော ရာသီတွင် ထင်မှတ်မထားသော လုပ်ရပ်မျိုး ပြသနိုင်ခဲ့ပြီးနောက် ပရီးမီးယား ထိပ်သီး ၆သင်း မှာ ယခုရာသီတွင် မိမိတို့ကို ကျော်လွှားပြနိုင်ရေး အသေအလဲကြိုးစား လာကြလိမ့်မည်ဟု လက်စတာအသင်း နည်းပြ ရေနီယာရီ က ပြောဆိုလိုက်သည်။
  • ကားတစ်စီးစီရသော လက်စတာ
    လက်စတာအသင်းပိုင်ရှင် ထိုင်းလူမျိုး ဗီချိုင်းက ပရီးမီးယားဖလားရရှိရေးတွင် အဓိကပါဝင်ကစားခဲ့ကြသော ကစားသမား ၁၉ဦး အတွက် တစ်စီးလျှင် ပေါင် ၁၀၅၀၀၀စီတန်သော BMW ကားများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
  • ၀က်စ်ဘရွန်းကို တရုတ်ကုမ္ပဏီဝယ်ပြီ
  • မော်ရင်ဟိုကို ထောင်ကျစေလိုသူ
    ဂျာမနီကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါအပေါ် မလျော်ဩဇာသုံးကာ စိတ်ဓာတ်ရေးရာအရ ထိခိုက်စေခဲ့သော အရန် အသင်းသို့ ပို့ခဲ့သည့် မန်ယူနည်းပြ မော်ရင်ဟို၏ လုပ်ရပ်မှာ ထောင်ကျခံရနိုင် သော ကျူးလွန်မှုမျိုး ဖြစ်သည်ဟု FIF Pro မှ တာဝန်ရှိသူတစ်ဦးဖြစ်သော စတီဖာနိုဗစ်က ပြောဆိုလိုက်သည်။
  • လူလျှော့ဦးမည့် ချဲလ်ဆီး
    အမေရိကန်တွင် ကျင်းပသည့် ICC ဖလား နောက်ဆုံးပွဲစဉ်တွင် မီလန်ကို ၃း၁ဖြင့် အနိုင်ရခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ ကွန်တီက အသင်းမှ ကစားသမားအချို့ကို အငှားချခြင်း၊ ထုတ်ရောင်းခြင်းများ လုပ်ရ ဦးမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
  • ဂျီးဆပ်ကို မန်စီးတီးခေါ်ယူ
    မန်စီးတီးအသင်းမှာ ဘရာဇီးကလပ် ပါးမီးရပ်စ်မှ ၁၉နှစ်သား တောင်ပံကစားသမား ဂါဘရီရယ် ဂျီးဆပ်ကို ပေါင် ၂၇ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
  • ဟောလ်စီးတီးကမ်းလှမ်းမှု ဝေလပယ်ချ
    ဝေလလက်ရွေးစင်အသင်းနည်းပြ ခရစ်ကိုးလ်မန်းကို ဟောလ်စီးတီးအသင်းက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှု အား ဝေလဘောလုံးအဖွဲ့ချုပ်က ပယ်ချလိုက်သည်။
  • ၀ီလျံကိုကမ်းလှမ်းမှု ဆွမ်ဆီးပယ်ချ
    အသင်းခေါင်းဆောင်ဖြစ်သူ ၀ီလျံကို အဲဗာတန်အသင်းမှ ပေါင် ၁၀သန်းဖြင့် ကမ်းလှမ်းမှုအား ဆွမ်ဆီးအသင်းက ပယ်ချလိုက် သည်။
  • ကွင်းလယ်လူခေါ်သော မန်စီးတီး
    မန်စီးတီးအသင်းသည် ဂျာမနီကွင်းလယ်ကစားသမား လီရွိုင်စိန်းကို ပေါင် ၃၇သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
  • မူစတာဖီကို အာဆင်နယ်ခေါ်မည်
    လာမည့် ၁၄ရက်နေ့ ပရီးမီးယားပွဲများ မစတင်မီ အာဆင်နယ်အသင်းက နောက်ခံလူ မူစတာဖီကို အရခေါ်ယူနိုင်မည်ဖြစ်ကြောင်း နည်းပြ ၀င်းဂါးက ပြောဆိုလိုက်သည်။
  • ရွန်းနီကို ချီးကျူးတဲ့ ဖာဂူဆန်
    မန်ယူကစားသမား ရွန်းနီမှာ ပရီးမီးယားလိဂ်၏ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း အဲဗာတန်တွင် အတူကစားခဲ့ဖူးသူ ဒန်ကန်ဖာဂူဆန်က ချီးကျူးလိုက်သည်။
  • နည်းပြသစ်တွေကို သတိပေးသူ
    လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပရီးမီးယားသို့ ရောက်လာကြသည့် နည်းပြသစ်များအနေနှင့် ချန်ပီယံဖြစ်ရန် မည်မျှခက်ခဲသည် ကို လက်တွေ့ကြုံကြရတော့မည်ဖြစ်ကြောင်း သတိပေးပြောဆိုလိုက်သည်။
  • အရန်အသင်းရောက် စတိုင်ဂါ
    မန်ယူကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါမှာ အသင်းကြီးနှင့် လေ့ကျင့်ရေးမဆင်းရတော့ပဲ အ၀တ်လဲခန်းမှာလည်း ယူ-၂၃ အ၀တ်လဲခန်းကိုသာ သုံးခွင့်ရတော့ကြောင်း သိရသည်။
  • ဗန်ဂေါလ်ကားကိုစီးတဲ့ မိုဗစ်
    မန်ချက်စတာသို့ ရောက်လာပြီဖြစ်သော မန်ယူတိုက်စစ်မှုး မိုဗစ်မှာ လက်ရှိ သူ၏ သွားလာရေးအတွက် ယခင်မန်ယူ နည်းပြ ဗန်ဂေါလ် ပိုင်ဆိုင်ခဲ့သော မာစီးဒီး ငွေရောင်ကားကို သုံးစွဲလျက် ရှိနေသည်ကို တွေ့ရသည်။
  • လူကာကူကို ၆၈သန်းပေးမည်
    ပေါင် ၅၇သန်းဖြင့် ကမ်းလှမ်းခဲ့ရာတွင် ပယ်ချခံခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းမှာ အဲဗာတန်မှ ဘယ်လ်ဂျီယံ တိုက်စစ်မှုး  လူကာကူ ကို ပေါင် ၆၈သန်းဖြင့် ထပ်မံကမ်းလှမ်းလိုက်သည်။
  • အသင်းအကြောင်းပြောတဲ့ ရွန်းနီ
    မိမိတို့ မန်ယူအသင်းသည် ယခင်က အောင်မြင်ခဲ့ဖူးသော အသင်းပုံစံမျိုးသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း အသင်းခေါင်းဆောင် ရွန်းနီက ပြောဆိုလိုက်သည်။
  • သက်တမ်းတိုးမည့် အေဂူရို
    မန်စီးတီးတိုက်စစ်မှုး အေဂူရိုမှာ အသင်းနှင့် ၂၀၁၉အထိ စာချုပ်သက်တမ်းရှိနေသေးသော်လည်း ယခုရာသီမစမီ သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်ဟု သိရသည်။
  • ဒဏ်ရာရသော ကရိုင်းရပ်စ်
    လီဗာပူးဂိုးသမားသစ် လောရစ်ကရိုင်းရပ်စ်မှာ အမေရိကန်တွင် ချဲလ်ဆီးနှင့် ကစားရသည့် ခြေစမ်းပွဲတွင် လက်ကျိုးသည့် ဒဏ်ရာ ရရှိသွားခဲ့ပြီး ၂လကျော် နားရမည်ဟု သိရသည်။
Advertisement
Here