ဘလတ္တာ၏နေရာကိုဆက်ခံမည့် ဖီဖာဥက္ကဋ္ဌသစ် ရွေးချယ်ပွဲတွင် UEFA အထွေထွေအတွင်းရေးမှုး အင်ဖန်တီနို ရွေးချယ်ခံခဲ့ရပြီဖြစ်သည်။
မစ်ဂျေးလန်းနှင့် ကစားရသောယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ်တွင် မန်ယူဘက်မှ ပထမဆုံးဝင်ကစားခွင့်ရခဲ့သော လူငယ်တိုက်စစ်မှုး ရက်စ်ဖို့ဒ်မှာ ၂ဂိုးသွင်းယူနိုင်ခဲ့သည်။
ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း မက်ခလီလီမှာ နည်းစနစ်ဒါရိုက်တာရာထူးဖြင့် မိုနာကိုအသင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။
ဥရောပချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲများ၏ မဲခွဲခြင်းကိုယမန်နေ့ကကျင်းပခဲ့သည်။
ဒိန်းမတ်အသင်းကို ၁၅နှစ်တာမျှ ကိုင်တွယ်ခဲ့သောနည်းပြ မော်တင်အိုလ်ဆင်မှာ ဆွီဒင်ကိုရှုံး၍ ယူရိုခြေစစ်ပွဲမှထွက်ခဲ့ရပြီးနောက် အသင်းနှင့် လမ်းခွဲလိုက်ပြီဖြစ်သည်။
နယူးယောက်စီးတီးအသင်းနည်းပြအဖြစ် တာဝန်ယူတော့မည့်ဗီအဲရာက သူ့အနေနှင့်အသင်းမှအားကစား ဒါရိုက်တာ ကလော်ဒီယိုရေနာထံမှ သင်ယူစရာများစွာရှိနေကြောင်း ပြောဆိုလိုက်သည်။
ပြင်သစ်လိဂ်ဝမ်းကလပ်မှလိုင်လီအသင်းမှာ နည်းပြ ရီနတ်ဒ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။
မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးမှ လမ်းပတ်သည်ယမန်နေ့က အသင်းနှင့်အတူ ပထမဆုံးလေ့ကျင့်ရေး စတင်ခဲ့ပြီဖြစ်သည်။
ဟော်လန်လက်ရွေးစင်အသင်းနည်းပြ ဟစ်ဒင့်စ်မှာ၎င်း၏တာဝန်များမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။
ဆီယက်တဲလ်ဆောင်းဒါးစ်ကလပ်မှ တိုက်စစ်မှုးဒမ့်ဆေးမှာ ကွင်းလယ်ဒိုင်ထံမှ မှတ်စုစာအုပ်ကိုဆွဲယူ လွှင့်ပစ်မှုဖြင့် US open Cup ပြိုင်ပွဲမှ ၂ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီဖြစ်သည်။
ပေါ်တူဂီကလပ် ပေါ်တိုကိုကိုင်တွယ်ခဲ့ဘူးသော ဗစ်တာပီရီးယားမှာ အိုလံပီယာကော့စ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ဖီနာဘီချီအသင်းနည်းပြအအဖြစ် ၂ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။
BBC ၏ ၁ နှစ်တာအကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို နိုင်ဂျီးရီးယားနှင့် လီဗာပူးတိုက်စစ်မှူး အေစီစက် အိုရှိုလာက ရရှိခဲ့ပြီဖြစ်သည်။
တူရကီ စူပါလိဂ်ပွဲစဉ် ၃၃ အဖြစ် ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ဖီနာဘီချီအသင်းမှာ အစ္စတန် ဘူလ်ဘာဆက်ရှိဟာ အသင်းကို အဝေးကွင်းတွင် ၂ ဂိုးစီ သရေသာ ကစားနိုင်ခဲ့သဖြင့် အမှတ်ပေး ချန်ပီယံဖြစ်နိုင်ရန် အလှမ်းဝေးသွားခဲ့ပြီး ယင်းပွဲတွင် ကစားသမား ၄ ဦးအထိ အနီကဒ်အပြခံခဲ့ရသည်။
ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ ဒွန်ဂါသည် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲဝင်မည့် ဘရာဇီးအိုလံပစ်ဘောလုံးအသင်းကိုလည်း ပူးတွဲကိုင်တွယ်သွားမည်ဟု သိရသည်။
ရက်ဒ်ဘူးလ် တောင်ပံတိုက်စစ်မှူး ရိုက်ဖိလစ်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် နယူးယောက်စီးတီးနှင့် ကစားသည့်ပွဲတွင် ၂ ဂိုး သွင်းကာ အသင်းကို ၃ မှတ်ရစေခဲ့သည်။
အသက် ၅၂ နှစ်ရှိပြီဖြစ်သော အာဂျင်တီးနားသား ဘာတစ္စတာသည် ပင်လယ်ကွေ့နိုင်ငံဖြစ်သော ဘာရိန်း လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂ နှစ်စာချုပ် ချုပ်တော့မည် ဖြစ်သည်။
အသက် ၃၁ နှစ်ရှိပြီဖြစ်သော တိုက်စစ်မှူး ရော်ဘင်ဟိုမှာ ကိုပါအမေရိက ဖလားပွဲ ၀င်ပြိုင်မည့် ဘရာဇီးလက်ရွေးစင် အသင်းက ပြန်လည်ခေါ်ယူခြင်းကို ခံခဲ့ရသည်။
စတီဖင် ကီရှီသည် နိုင်ဂျီးရီးယား လက်ရွေးစင် အသင်းနည်းပြအဖြစ် တတိယအကြိမ်မြောက် ပြန်လည် တာဝန်ယူလိုက်ပြီ ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် အာဖရိကနိုင်ငံများ ဖလားပွဲ အိမ်ရှင်အဖြစ် ဂါဘွန်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။
အီရန်နည်းပြ ကားလို့စ် ကွီရော့ဇ်သည် ရာထူးမှ နှုတ်ထွက်သွားပြီဟု သိရသည်။