Euro 2016

  • အင်္ဂလန်တွင်ဆက်ရှိမည့် ရွန်းနီ

    ယူရို ၂၀၁၆ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရသော်လည်း မိမိသည် အင်္ဂလန်အသင်းတွင် ဆက်ရှိနေမည့်ဟု အသင်းခေါင်းဆောင် တိုက်စစ်မှုး ရွန်းနီက ပြောဆိုလိုက်သည်။

  • အင်္ဂလန်ကိုဝေဖန်သော ရှီးယားရား

    ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အိုက်စလန်ကိုရှုံးပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသော အင်္ဂလန်၏ခြေစွမ်းမှာ မြင်ဖူးသမျှထဲတွင် အဆိုး ဆုံး ခြေစွမ်းဖြစ်ကြောင်း အသင်းခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်ခဲ့သူ အလန်ရှီးယားရား က ပြောဆိုလိုက်သည်။

  • ဟော့ဆန် နှုတ်ထွက်ပြီ

    ယူရို ၂၀၁၆ ရှုံး/ထွက်ပြိုင်ပွဲတွင် အိုက်လန်အား ၁း၂ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်နည်းပြ ဟော့ဆန်မှ ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်သည်။

  • ဖိုင်နယ်ရောက်လိုသော ဘရိုင်နီ

    ဘယ်လ်ဂျီယံ တိုက်စစ်မှုး ဒီဘရိုင်နီက သူ့အသင်းအနေနှင့် ယူရို ၂၀၁၆ ဗိုလ်လုပွဲအထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း ရှုံး/ထွက်ပွဲစဉ်အပြီးတွင် ပြောဆိုလိုက်သည်။

  • အင်္ဂလန်တိုက်စစ်ကို မကြောက်သူ

    အိုက်စလန်နည်းပြ လေဂါဘက်က အင်္ဂလန်အသင်း ကစားပုံမှာ ကောင်းသော်လည်း ဂိုးသွင်းနှုန်းနည်းနေခြင်းအပေါ် မိမိတို့ အခွင့်အရေး ရယူနိုင်ကြောင်း ပြောဆိုလိုက်သည်။

  • ပိုကောင်းလာစေရမယ်ဆိုတဲ့ ရွန်းနီ

    မိမိတို့အသင်းအပေါ် ဝေဖန်မှုများ ရှိနေသော်လည်း မိမိတို့သည် ပိုကောင်းလာသော အသင်းဖြစ်စေရမည်ဟု အင်္ဂလန် အသင်းခေါင်းဆောင် ရွန်းနီက ပြောဆိုလိုက်သည်။

  • သွင်းဂိုးနည်းလာသော ယူရို၂၀၁၆

    ယူရိုပြိုင်ပွဲများတွင် လွန်ခဲ့သော အနှစ် ၂၀ ယူရို ၉၆မှစ၍ ယခုယူရို ၂၀၁၆အထိ ကာလအတွင်း လက်ရှိကစားနေဆဲဖြစ်သော ယူရို ၂၀၁၆ပြိုင်ပွဲ အုပ်စုပွဲစဉ်များမှာ သွင်းဂိုးအနည်းဆုံးဖြစ်နေကြောင်း မှတ်တမ်းများအရ သိရသည်။

  • အင်္ဂလန်ကိုမကြောက်တဲ့ အိုက်စလန်

    ဩစတြီးယားကို ၂း၁ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ရှုံးထွက်အဆင့်တွင် အင်္ဂလန်နှင့်တွေ့ရမည်အပေါ် ကြောက်ရွှံ့နေမည် မဟုတ်ကြောင်း အိုက်စလန်တွဲဖက်နည်းပြ ဟောလ်ဂရင်ဆန်က ပြောဆိုလိုက်သည်။

  • ယူရို ရှုံး/ထွက်ပွဲစဉ်များ

    ယူရို ၂၀၁၆ အုပ်စုပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ရာ ရှရု၊ ယူကရိုန်း၊ ချက်၊ ဆွီဒင်အစရှိသော နာမည်ကြီးအသင်းများ ပြိုင်ပွဲမှ ထွက်ခွာသွားရပြီးဖြစ်ပြီ နာမည်ကြီးပေါ်တူဂီမှာ ကံကောင်းထောက်မစွာဖြင့် အကောင်းဆုံး တတိယ ၄သင်းစာရင်းတွင် ပါဝင်နိုင်ခဲ့၍ ရှုံး/ထွက်အဆင့်တွင် ဆက်လက်ပါဝင်နိုင်မည်ဖြစ်သည်။

  • စပိန်နှင့် အီတလီတွေ့မည်

    ခရိုအေးရှားအသင်းကို ၁း၂ဖြင့် ရှုံးခဲ့ရသော စပိန်အသင်းမှာ လာမည့် ရှုံးထွက်ပွဲစဉ်တွင် အီတလီနှင့် တွေ့ရမည်ဖြစ်သည်။

  • အိမ်ပြန်ပို့ခံရသော ပရိသတ်

    ရှရုပရိသတ်အုပ်စုတစ်ခုမှ ခေါင်းဆောင်ဖြစ်သူ အလက်ဇန္ဒားရှရီဂင်ကို ပြင်သစ်အာဏာပိုင်များက ပဲရစ်မှ မော်စကိုသို့ နောက် တစ်ကြိမ် ပြန်ပို့လိုက်ပြီဖြစ်သည်။

  • နည်းပြခန့်သော ဘရာဇီး

    ကိုရင်သီယန်ကလပ်နည်းပြဟောင်း တိုင်ကီကို ဘရာဇီးဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်လိုက် ပြီဖြစ်သည်။

  • ရှရုနည်းပြ နုတ်ထွက်ပြီ

    ဝေလအသင်းအား ၀း၃ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရှရုအသင်းနည်းပြ ဆလက်စကီးမှာ ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။

  • စံချိန်ချိုးသော ဘေးလ်

    ဝေလတိုက်စစ်မှုး ဘေးလ်မှာ ယူရို ၂၀၁၆ပြိုင်ပွဲ ၃ပွဲလုံးတွင် ဂိုးသွင်းနိုင်သူအဖြစ် စံချိန်ဝင်ခဲ့ပြီး ဝေလအသင်းမှာလည်း အဓိက ပြိုင်ပွဲကြီးတစ်ခုတွင် ၅၈နှစ်အတွင်း ဂိုးအများဆုံး သွင်းနိုင်သည့်ပွဲအဖြစ်  ရှရု နှင့်ပွဲတွင် ၃းဝရလဒ်ဖြင့် စံချိန်တင်သွားခဲ့သည်။

  • အလုပ်မဖြစ်သော ဟော့ဆန်ကစားကွက်

    အင်္ဂလန်နည်းပြ ဟော့ဆန်မှာ အုပ်စုဗိုလ်စွဲရေးအတွက် အရေးကြီးသော စလိုဗက်ကီးယားနှင့် ပွဲတွင် ကစားသမား ၆ယောက် ပြောင်းလဲကစားစေခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပဲ ဂိုးမရှိသရေရလဒ်နှင့်  အဆုံးသတ်ခဲ့ရသည်။

  • အရေးယူခံရမည့် ၃သင်း

    ဟန်ဂေရီ၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီအသင်းများမှာ ၎င်းတို့၏ ပရိသတ်များ ဆိုးသွမ်းမှုကြောင့် UEFA ၏ ပြစ်ဒဏ်ပေးမည့် အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

  • အပြောင်းအလဲလုပ်မည့် အင်္ဂလန်

    အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စလိုဗက်ကီးယားနှင့် ကစားရမည့် အဆုံးအဖြတ်ပွဲစဉ်တွင် နည်းပြဟော့ဆန်မှာ အင်္ဂလန်အသင်း လူစာရင်းတွင် ၆နေရာကို အပြောင်းအလဲလုပ် ကစားမည်ဟုသိရပြီး  အသင်းခေါင်းဆောင် ရွန်းနီ ပါဝင်မည်မဟုတ်ဟုဆိုသည်။

  • အနိုင်နဲ့ ထိုက်တန်တယ်ဆိုတဲ့ နည်းပြ

    ကိုလံဘီယာနည်းပြ ပီကာမင်က မိမိတို့အသင်းအနေနှင့် ပီရူးအပေါ် အနိုင်ရခဲ့ခြင်းမှာ ထိုက်တန်သော အောင်ပွဲ ဟု ပြောဆိုလိုက်သည်။

  • ယုံကြည်နေဆဲ ပက်ထရီစီယို

    အိုက်စလန်နှင့်ပွဲတွင် မမျှော်လင့်ပဲ သရေကျခဲ့သော်လည်း မိမိတို့သည် ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိနေကြောင်း ပေါ်တူဂီ ဂိုးသမား ပက်ထရီစီယိုက ပြောဆိုလိုက်သည်။

  • အရေးယူခံရမည့် ခရိုအေးရှား

    ချက်အသင်းနှင့် ကစားခဲ့သောပွဲတွင် ပရိသတ်များသောင်းကျန်းခဲ့ကြသဖြင့် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ကို UEFA က အရေးယူရန် စီစဉ်နေပြီး ကွင်းအတွင်း မီးရှုးမီးပန်းများ ပစ်လွှတ်ကာ ဆူပူခဲ့ကြသော ပရိသတ်များကိုလည်း စုံစမ်းဖော် ထုတ်အရေးယူသွားမည်ဟု သိရသည်။


Advertisement
Here