Euro 2016

  • ပဲရစ်တွင် သတင်းသမားများ တိုက်ခိုက်ခံရ

    ဘရာဇီးရုပ်/သံ ဌာနတစ်ခု၏ ကင်မရာမင်းနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့မှာ ယမန်နေ့က ပဲရစ်တွင် ဂျာမနီပရိသတ်တစ်စု၏ ရန်စတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

  • နိုင်ပွဲစရသော မြောက်အိုင်ယာလန်

    ဥရောပချန်ပီယံရှစ် ယူရိုပြိုင်ပွဲများတွင် ယခု ယူရို ၂၀၁၆မှသာ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရ ခဲ့သော မြောက်အိုင်ယာလန်အသင်းသည် ပွဲဦးထွက်နေ့က ပိုလန်ကို ၀း၁ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲဖြစ်သည့် ယူကရိုန်းနှင့်ပွဲတွင် ၂းဝဖြင့် အနိုင်ရရှိခဲ့သည်။

  • ဘရိုင်နီနှင့် ဟာဇတ်နားနေဆဲ

    ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇတ်နှင့် ဘရိုင်နီတို့မှာ ဒဏ်ရာကြောင့် နားနေရဆဲဖြစ်ပြီး လေ့ကျင့်ရေး မဆင်းနိုင်သေးကြောင်း သိရသည်။

  • ပရိသတ် ၃၆ယောက် အဖမ်းခံရ

    ရုရှအသင်းကစားရမည့် လိုင်လီမြို့တွင် ဆူပူသောင်းကျန်းခဲ့သော အင်္ဂလန်ပရိသတ်များကို ပြင်သစ်ရဲများက မျက်ရည်ယိုဗုံးများသုံး၍ လူစုခွဲခဲ့ရပြီး ၃၆ယောက်အဖမ်းခံခဲ့ရကာ ၁၆ယောက်မှ ဆေးရုံသို့ တင် ပို့လိုက်ရသည်။

  • ဖိအားများနှင့် ရုရှ

    စလိုဗက်ကီးယားနှင့် ပွဲတွင် ၁း၂ဖြင့် ရှုံးခဲ့ရသောကြောင့် ရုရှအသင်းမှာ ယူရို ၂၀၁၆တွင် နောက်တစ်ဆင့်တက်နိုင်ရေးအတွက် ဖိအားများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

  • ရဲပေါင်း ၄၀၀၀ထပ်ဖြည့်မည့် အင်္ဂလန်ပွဲ

    မနက်ဖြန် လိုင်လီတွင် ကစားရမည့် အင်္ဂလန်နှင့်ပွဲစဉ်အတွက် ပြင်သစ်အစိုးရက ရဲတပ်ဖွဲ့ဝင် ၄၀၀၀ထပ်မံ အင်အားတိုးတာဝန် ချထားမည်ဟု ဆိုသည်။

  • ပရိသတ်ရန်ဖြစ်လျှင်ထွက်ရမည့် ရုရှ

    အင်္ဂလန်ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့သော ရုရှပရိသတ်များအနေနှင့် လာမည့်ပွဲစဉ်ရက်များအတွင်း ထပ်မံပြဿနာရှာပါက ရုရှအသင်းကို ယူရိုပြိုင်ပွဲမှ ထုတ်ပယ်ပစ်မည်ဖြစ်ပြီး ဒဏ်ငွေယူရို တစ်သိန်းခွဲပေးဆောင်ရန် အမိန့်ထုတ်ပြန်ထားပြီဖြစ်သည်။

  • အသင်းကိုသတိပေးတဲ့ နည်းပြ

    အင်္ဂလန်နှင့် ကစားရမည့်ပွဲတွင် အသင်းသားများအနေနှင့် အခြားအကြောင်းအရာများထက် ပွဲကိုသာ အာရုံစိုက်ကစား ရန် ဝေလအသင်းနည်းပြ ကိုးလ်မန်းက ပြောဆိုလိုက်သည်။

  • သက်သာလာတဲ့ ဒီမာရီယာ

    ပနားမားနှင့်ပွဲတွင် ဒဏ်ရာရသော အာဂျင်တီးနားလက်ရွေးစင် ဒီမာရီယာမှာ သက်သာလာပြီဟု သိရသည်။

  • ဘယ်လ်ဂျီယံအကြောင်းပြောတဲ့ ကွန်တီ

    ဘယ်လ်ဂျီယံအနေနှင့် ယူရို ၂၀၁၆ ဗိုလ်စွဲနိုင်သော အသင်းများထဲတွင် ပါဝင်နေသည်ဟု ယနေ့ည ဘယ်လ်ဂျီယံနှင့် ကစားရတော့မည့် အီတလီနည်းပြ ကွန်တီက ပြောဆိုလိုက်သည်။

  • စောင့်ကြည်နေဆဲ ဘော့စကေး

    ချက်အသင်းနှင့် ကစားရမည်ပွဲအတွက် လူစာရင်းထုတ်ရန် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဘော့စကေး က ပြောဆိုလိုက်သည်။

  • ၂မိနစ်အတွင်း ဂိုးသွင်းပြသူ

    ယူကရိုန်းနှင့် ကစားရသောပွဲစဉ်တွင် ဒဏ်ရာမှ ပြန်လာသော ဂျာမနီကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါက ၀င်ကစားပြီး ၂မိနစ်အကြာတွင် အနိုင်သေချာစေမည့် ဂိုးကို သွင်းယူပေးခဲ့သည်။

  • ယမကာပိတ်ပင်မည့် ပြင်သစ်

    အင်္ဂလန်နှင့် ရုရှ၊ ဂျာမနီနှင့် ယူကရိုန်းတို့မှ ပရိသတ်များအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ပွဲစဉ်ရှိသည့် နေ့များတွင် ပရိသတ်ရှိရာနယ်မြေများ၌ ယမကာရောင်းချသောက်သုံးခွင့် ပိတ်ပင်ထားပြီဖြစ်သည်။

  • ကွင်းလယ်မှာကစားမယ့် ရွန်းနီ

    ယူရို ၂၀၁၆ အဖွင့်ပွဲစဉ်အဖြစ် ယနေ့ည ရုရှနှင့် ရင်ဆိုင်ရမည့်ပွဲတွင် အင်္ဂလန်အသင်းခေါင်းဆောင် ရွန်းနီမှာ ကွင်းလယ်ကစား သမားအဖြစ် ပါဝင်မည်ဖြစ်သည်။

  • မသေချာသော ဆွာရက်ဇ်

    မက္ကဆီကိုအား ၃း၁ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲတွင် မပါဝင်ခဲ့သော ဥရုဂွေး တိုက်စစ်မှုး ဆွာရက်ဇ်မှာ မနက်ဖြန်ကစားမည် ဗင်နီဇွဲလားနှင့် ပွဲတွင်လည်း ပါဝင်ရန် မသေချာသေးကြောင်း သိရသည်။

  • ရှုံးပွဲတွေ့သော စပိန်

    ယူရို၂၀၁၂ချန်ပီယံ စပိန်အသင်းမှာ ၁နှစ်ကျော်ကာလအတွင်း ပထမဆုံး ရှုံးပွဲအဖြစ် ဂျော်ဂျီယာအသင်းအား ခြေစမ်းပွဲတွင် ၀း၁ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

  • ရွေးရခက်နေတဲ့ ဘော့စကေး

    စပိန်အသင်းနည်းပြ ဒဲလ်ဘော့စကေးက သူ့အနေနှင့် လာမည့် ယူရို ၂၀၁၆ ပွဲစဉ်များအတွက် ဂိုးသမား ရွေးရ ခက်နေကြောင်း ပြောဆိုလိုက်သည်။

  • ယူရို ၂၀၁၆ အသင်းများ

    ယူရို၂၀၁၆ပြိုင်ပွဲကြီးမှာ လာမည့် ဇွန်လ၁၀ရက်နေ့တွင် စတင်တော့မည်ဖြစ်သည်။ ၂၄သင်း ပါဝင်ယှဉ်ပြိုင်ကြမည့် ထိုပြိုင်ပွဲအတွက် ပါဝင်ခွင့်ရခဲ့သော အသင်းများ၏ ထူးခြားချက်နှင့် နောက်ခံအကြောင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • လူ၎ယောက်လဲခွင့်ရှိမည့် Copa

    နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့က ၂၀၁၆-၁၇ ရာသီအတွက် စည်းမျဉ်းဥပဒေများကို ယခုအပတ် ထုတ်ပြန်ခဲ့ရာ စည်းမျဉ်းသစ်အချို့ ပါဝင်ခဲ့ပြီး ယင်းအထဲတွင် လူစားလဲခွင့် ၃ယောက်မှ ၄ယောက် အထိ ပြောင်းလဲသတ်မှတ်ထားရာ ယခု စတင်နေပြီဖြစ်သော ကိုပါအမေရိက ပွဲများတွင် စတင်ကျင့်သုံးတော့မည်ဖြစ်သည်။

  • အသက်အငယ်ဆုံး အင်္ဂလန်အသင်း

    ယူရို ၂၀၁၆ပြိုင်ပွဲတွင် အင်္ဂလန်အသင်းမှာ အသက်အငယ်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်း၏ ပျှမ်းမျှအသက်မှာ ၂၆နှစ်အောက်တွင်သာ ရှိနေသည်။


Advertisement
Here