Euro 2016

  • လီဗာပူးနှင့်ပွဲ ၀ဲလ်ဘက်ပါမည်

    လစ်သူရေးနီးယားနှင့်ပွဲတွင် ဒူးဒဏ်ရာရခဲ့သော အင်္ဂလန်တိုက်စစ်မှူး ၀ဲလ်ဘက်မှာ လီဗာပူးနှင့် တွေ့ရမည့် စနေနေ့ပွဲစဉ်အတွက် အာဆင်နယ်ဘက်မှ ပါဝင် ကစားနိုင်မည်ဟု ဆိုသည်။

  • ထွက်ရမှာ မကြောက်တဲ့ ဟစ်ဒင့်

    ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အားရစရာ ခြေစွမ်းမျိုးနှင့် ဝေးနေသော်လည်း ထို့အတွက် မိမိထွက်ရမည်ကို ကြောက်မနေကြောင်း ဟော်လန်နည်းပြ ဟစ်ဒင့်က ပြောဆို လိုက်သည်။

  • ပွဲထွက်ခွင့်ရမယ့် ဟယ်ရီကိန်း

    ယနေ့ အီတလီနှင့် ကစားမည့်ခြေမ်းပွဲတွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ အင်္ဂလန်ဘက်တွင် ပွဲဦးထွက် ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်ကစားမည်ဖြစ် သည်။

  • ပြစ်ဒဏ်ချခံရမည့် ၂ သင်း

    ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးနှင့် ရုရှားတို့ ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ပွဲစဉ်ဖျက်သိမ်းရသည်အထိ ဖြစ်ပျက်ခဲ့မှုကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က ထို ၂ သင်းအပေါ် ပြစ်ဒဏ်ချမည်ဟု သိရသည်။

  • ကြိုးစားရဦးမယ်ဆိုတဲ့ ရှဝိန်း

    ဘိုင်ယန်ကွင်းလယ်ကစားသမားဖြစ်သူ ရှဝိန်းစတိုင်ဂါက ဂျာမနီလက်ရွေးစင် အသင်းအနေနှင့် ယခုထက်ပိုကောင်းအောင် များစွာကြိုးစားရဦးမည်ဟု ပြောဆို လိုက်သည်။

  • စက္ကန့် ၈၀ မှာ ဂိုးရတဲ့ ကိန်း

    အင်္ဂလန်လက်ရွေးစင်အဖြစ် ပထမဆုံးပါဝင်ခွင့်ရခဲ့သော စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ ပွဲချိန် ၇၁ မိနစ်တွင် ရွန်းနီနှင့် လူစားလဲဝင်ကစားခွင့်ရပြီးနောက် စက္ကန့် ၈၀ အကြာတွင် စတာလင်၏ ပေးပို့မှုမှတစ်ဆင့် ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခဲ့သည်။

  • ပွဲဖျက်ခဲ့ရသော မွန်တီနီဂရိုး - ရုရှားပွဲ

    ပေါ့ဒ်ဂိုရီကာတွင် ကစားခဲ့သော အိမ်ရှင် မွန်တီနီဂရိုးနှင့် ရုရှားတို့၏ ယူရို ၂၀၁၆ ခြေစစ်ပွဲ ပွဲစဉ်ကို ကစားသမားနှင့် နည်းပြအဖွဲ့ဝင်များ စကားများခဲ့မှုကြောင့် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

  • ပေါ်တူဂီအတွက် စီရိုနယ်ဒို ပါမည်

    တနင်္ဂနွေနေ့ လစ္စဘွန်းတွင် ဆာဘီးယားကို ဧည့်ခံကစားရမည့် ပေါ်တူဂီ၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အိမ်ရှင်ပေါ်တူဂီဘက်၌ စီရိုနယ်ဒို ပါဝင်မည် ဖြစ်သည်။

  • ခြေစစ်ပွဲလွဲမည့် စတားရစ်

    လီဗာပူးတိုက်စစ်မှူး စတားရစ်မှာ မန်ယူကို ၂း၁ နှင့် ရှုံးခဲ့သည့်ပွဲတွင် ဒဏ်ရာရသွားခဲ့သဖြင့် အင်္ဂလန်၏ လစ်သူရေးနီးယားနှင့် ကစားမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲကို လွဲချော်တော့မည် ဖြစ်သည်။

  • ဂရိနည်းပြဖြစ်လာသော မာကာရီယန်

    ဥရုဂွေးနိုင်ငံသား မာကာရီယန်သည် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ရုန်းကန်နေရသော ဂရိအသင်း၏ နည်းပြသစ်အဖြစ် တာဝန်ယူလိုက်ပြီ ဖြစ်သည်။

  • အယူခံပယ်ခံရသော ၂ သင်း

    ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဖြစ်ပွားခဲ့သောကိစ္စများအတွက် ယူအီအက်ဖ်အေမှ ပြစ်ဒဏ်ချမှုအပေါ် ဆာဘီးယားနှင့် အယ်လ်ဘေးနီးယားတို့က အယူခံဝင် ခဲ့သော်လည်း ပယ်ချခံခဲ့ရပြီ ဖြစ်သည်။

  • ခြေစမ်းဦးမည့် အင်္ဂလန်

    နည်းပြ ဟော့ဆန်၏ အင်္ဂလန်အသင်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် ပြင်ဆင်လိုသည့်အနေနှင့် ပြင်သစ်၊ ဂျာမနီ အသင်းများနှင့် ခြေစမ်းဦးမည် ဖြစ်သည်။

  • ကျေနပ်တဲ့ ဟော့ဆန်

    စကော့တလန်နှင့် ခြေစမ်းပွဲတွင် ၁း၃ ရလဒ်ဖြင့် အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်အသင်းခြေစွမ်းမှာ များစွာတိုးတက်လာခဲ့သည်ဟု အင်္ဂလန်နည်းပြ ဟော့ဆန် က ပြောဆိုလိုက်သည်။

  • ၂ ဂိုးသွင်းတဲ့ ရွန်းနီ

    အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ရွန်းနီမှာ စကော့တလန်နှင့် ကစားခဲ့သော ပွဲစဉ်တွင် ၂ ဂိုး သွင်းယူနိုင်ခဲ့သည်။

  • ဒဏ်ရာရတဲ့ မိုဒရစ်

    ခရိုအေးရှားတွင် ကွင်းလယ်ကစားသမား မိုဒရစ်မှာ အီတလီနှင့်ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ပေါင်ခြံဒဏ်ရာရခဲ့ပြီး အတန်ကြာ အနားယူရမည်ဟု သိရသည်။

  • ထုတ်ပယ်ခံရသော ဆူဆစ်

    ဘော့စနီးယား နည်းပြဆူဆစ်မှာ ယူရို ၂၀၁၆ ခြေစစ်ပွဲများတွင် ရလဒ်များ မကောင်းခဲ့သဖြင့် ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။

  • စံချိန်တင်သော စီရိုနယ်ဒို

    အာမေးနီးယားနှင့် ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့သော ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုမှာ ယူရိုပြိုင်ပွဲများတွင် ဂိုးအများဆုံး သွင်းနိုင်သူအဖြစ် စံချိန်တင်ခဲ့ပြီ ဖြစ်သည်။

  • ရာပြည့်ပွဲနဲ့ ရွန်းနီ

    လာမည့် ဆလိုဗေးနီးယားနှင့်ပွဲတွင် လက်ရွေးစင် ပွဲ ၁၀၀ ပြည့်မည့် အင်္ဂလန်ကပ္ပတိန် ရွန်းနီက သူသည် လက်ရွေးစင်ဘ၀မှ မနားမီ ကမ္ဘာ့ဖလား (သို့မဟုတ်) ဥရောပချန်ပီယံ ယူရိုဖလားကို ရယူသွားလိုသေးကြောင်း ပြောဆိုလိုက်သည်။

  • ရှုံးရင်ထွက်မယ့် ဟစ်ဒင့်

    ဟော်လန်နည်းပြ ဟစ်ဒင့်က သူသည် လာမည့်ပွဲတွင် အရှုံးနှင့်ထပ်မံရင်ဆိုင်ရပါက တာဝန်မှ နှုတ်ထွက်မည်ဟု ပြောဆိုလိုက်သည်။

  • ရိုမေးနီးယား၊ ဟန်ဂေရီ ပြစ်ဒဏ်ချခံရ

    ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် ရိုမေးနီးယားနှင့် ဟန်ဂေရီတို့ ကစားခဲ့ရာတွင် ကစားပုံကြမ်းတမ်း ခဲ့လွန်းသည့်အတွက် ယင်း ၂ သင်းကို UEFA မှ ပြစ်ဒဏ်ချ မှတ်ခဲ့သည်။


Advertisement
Here