World CUp 2014 News

  • ဟန်ဆောင်လှဲချသူကိုထုတ်ရန်တောင်းဆို

    ပင်နယ်တီကန်ခွင့် ကဲ့သို့သော အကျိုးကိုရလိုမှုဖြင့် ဟန်ဆောင်လှဲချခဲ့ပါက ထိုကစားသမားကိုအ၀ါကဒ်မဟုတ်ပဲ တစ်ခါတည်း ထုတ်ပယ်ရန် ဖီဖာဒုဥက္ကဌ ဘွိုက်စ်ကတောင်းဆိုလိုက်သည်။

  • အီတလီဒိုင် ကိုင်မည့်ဖိုင်နယ်

    အီတလီသား နီကိုလာရစ်ဇိုလီသည် ဂျာမနီနှင့် အာဂျင်တီးနားတို့ ကစားကြမည့်ကမ္ဘာ့ဖလားဖိုင်နယ်တွင် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူမည်ဖြစ်သည်။

  • ရွှေဘောလုံးဆန်ကာတင်စာရင်းထွက်

    ဖီဖာ၏ ရွှေဘောလုံးဆုအတွက် ကစားသမား ၁၀ ဦးပါ ဆန်ကာတင်စာရင်းထွက်ပေါ်လာပြီဖြစ်ပြီး ယင်းတို့အနက် ၇ ဦးမှာ ကမ္ဘာ့ဖလားဖိုင်နယ်ရောက် ကစားသမားများ ဖြစ်ကြောင်း သိရသည်။

  • သက်သာမှု မြန်ဆန်သည့်နေမာ

    ဘရာဇီးတိုက်စစ်မှူးနေမာ၏ ဒဏ်ရာသက်သာမှုမှာ ထင်ထားသည်ထက် ပိုမိုမြန်ဆန်လာကြောင်း သိရသည်။

  • သက်တမ်းတိုးသော အဲလ်ဗက်စ်

    အသက် ၂၉ နှစ်အရွယ် ဘရာဇီးဂိုးသမား ဒီယေးဂိုးအဲလ်ဗက်စ်သည် ဗလင်စီယာအသင်းနှင့် ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက် ပြီ ဖြစ်သည်။

  • ပွဲပယ်ခံရသော နိုင်ဂျီးရီးယား

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် အစိုးရပိုင်းမှပါဝင်ပတ်သက်နေသည့် နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်ကို ပွဲပယ်ပြစ်ဒစ်ချထားပြီ ဖြစ် သည်။

  • ကိုရီးယားနည်းပြ နှုတ်ထွက်

    ၃ ပွဲကစား ၁ မှတ်သာရခဲ့သော တောင်ကိုရီးယားအသင်းကြောင့် နည်းပြဟွန်မြောင်ဘိုမှာ ရာထူးမှ နှုတ်ထွက်သွားပြီဖြစ်သည်။

  • ရော်ဘင်ကိုချီးကျူးတဲ့ ကလွိုက်ဗက်

    ဟော်လန်လက်ထောက်နည်းပြ ကလွိုက်ဗက်က တောင်ပံကစားသမား ရော်ဘင်မှာ ၂၀၁၄ ကမ္ဘာ့ဖလားပွဲတွင် အကောင်း ဆုံးဘောလုံးသမားဖြစ်သည်ဟု ပြောဆိုလိုက်သည်။

  • မရှုံးနိုင်ဘူးဆိုတဲ့ ဆာဘဲလ်လား

    အာဂျင်တီးနားနည်းပြ ဆာဘဲလ်လားက မိမိတို့အနေနှင့် ယနေ့ည ဟော်လန်ကို ရှုံးစရာအကြောင်းမရှိဟု ပြောဆိုလိုက်သည်။

  • ယနေ့ည ဗန်ပါစီမသေချာ

    အာဂျင်တီးနားနှင့် တွေ့ရမည့် ယနေ့ည ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဟော်လန်တိုက်စစ်မှူး ဗန်ပါစီမှာ ၀မ်းကိုက်ဝေဒနာကြောင့် ပါဝင်ရန် မသေချာဟုသိရသည်။

  • ဂိုးသွင်းစံချိန်တင်သော ကလိုဆေး

    ဂျာမနီတိုက်စစ်မှူး ကလိုဆေးသည် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် ဘရာဇီးမှ ရော်နယ်ဒိုကိုကျော်ကာ ထိပ်ဆုံးသို့ရောက်ရှိသွားပြီ ဖြစ်သည်။

  • ဒိုင်ကောင်းလိုချင်သည့် ဂျာမနီ

    ကိုလံဘီယာနှင့် ရင်ဆိုင်ခဲ့သည့် ပွဲတွင်ပြစ်ဒဏ် ၃၃ ကြိမ်ပြုလုပ်ခဲ့သည့် ဘရာဇီး၏ ကစားပုံကြောင့် ယနေ့ညပွဲတွင် ဒိုင်လူ ကြီးကောင်းတစ်ဦးနှင့် ဆုံမိလိုကြောင်း ဂျာမနီနည်းပြ ကပြောဆိုလိုက်သည်။

  • ဇူနီဂါကို ပြစ်ဒဏ်ပေးရန် တောင်းဆို

    မိမိတို့ တိုက်စစ်မှူးနေမာကို ကြမ်းတမ်းစွာကစားခဲ့သူ ကိုလံဘီယာခံစစ်မှူး ဇူနီဂါကို ဖီဖာအနေနှင့် ပြစ်ဒစ်ပေးရန် ဘရာဇီးဘောလုံး အဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။

  • ထပ်မရှုံးလိုတဲ့ ဘယ်လ်ဂျီယံ

    ဘယ်လ်ဂျီယံနည်းပြ ၀ီလ်မော့စ်က မိမိတို့ အသင်းအနေနှင့် ၁၉၈၆ နောက်ပိုင်းပထမဆုံးအကြိမ် ဆီမီးတက်ရေးအတွက် ကြိုးစားသွား မည်ဖြစ်ပြီး အာဂျင်တီးနားကို ထပ်မရှုံးလိုဟု ပြောဆိုခဲ့သည်။

  • ရော်ဘင် ဒိုက်ထိုးမည်ကို စိုးရိမ်နေ

    ကော်စတာရီကာ နည်းပြပင်တိုက မိမိအနေနှင့် ယနေ့ညပွဲတွင် ဟော်လန်မှရော်ဘင် ဟန်ဆောင်လှဲချဒိုက်ထိုးမည့်အရေးကို ပူပန်မိကြောင်း ပြောဆိုလိုက်သည်။

  • ကမ္ဘာ့ဖလားနဲ့ ဝေးတဲ့နေမာ

    ဘရာဇီးတိုက်စစ်မှူးနေမာမှာ ကိုလံဘီယာကို ၂:၁ ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် လာမည့်ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဟု သိရသည်။

  • ရွှေဘောလုံးဆုနှင့် ရိုဒရီဂုဇ်

    ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဂိုးသွင်းအများဆုံးဆုမည်သူ ရရှိမည်ဆိုသည် မှာလည်း စိတ်ဝင်စားစရာကောင်းလာပြီ ဖြစ်သည်။

  • ဖိအားက ဘရာဇီးမှာဆိုတဲ့ ပီကာမန်

    ကိုလံဘီယာ နည်းပြပီကာမန်က ယနေ့ည ကစားရမည့်ပွဲတွင် ဖိအားမှာ ဘရာဇီးအသင်းတွင်သာ ရှိနေလိမ့်မည်ဟု ပြောဆိုလိုက် သည်။

  • နားတော့မည့် ဟောင်းဝပ်

    အမေရိကန် ဂိုးသမား တင်မ်ဟောင်းဝပ်က သူသည် လက်ရွေးစင်ဘ၀မှ အနားယူရန်စဉ်းစားနေပြီဟု ပြောဆိုလိုက်သည်။

  • ကာပယ်လိုကို ရုရှားဆက်ထားမည်

    ကမ္ဘာ့ဖလားမှ ထွက်ခဲ့ရသော်လည်း နည်းပြကာပယ်လိုမှာ ရုရှားအသင်းတွင် ဆက်ရှိမည်ဟု ဆိုသည်။


Advertisement
Here