ပေါ်တူဂီကလပ်ပေါ်တိုအသင်းသည် အယ်လ်အာလီအသင်းနည်းပြဟောင်း ပီဆီရိုးကိုနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်သည်။
ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြည်တွင်းဖူဆယ်လိဂ်(အမျိုးသား) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းရှစ်သင်း ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး မြန်မာ ယူ -၁၉ ဖူဆယ်အသင်း လည်း ဖူဆယ်လိဂ်ပြိုင်ပွဲတွင် အသင်းတစ်သင်းအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ကူဝိတ်အသင်းအား ဖီဖာကအရေးယူထားခြင်းကြောင့် မြန်မာအသင်းနှင့်ကစားရမည့် ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအကျော့ပွဲစဉ်ကို ရက်ရွေ့ဆိုင်း ထားခဲ့ရာမှ ယခုအခါ မြန်မာအသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ပေးလိုက်ကြောင်း ဖီဖာက ယနေ့တွင်ထုတ်ပြန်လိုက်သည်။
ချီလီလက်ရွေးစင်အသင်းနည်းပြ ဆမ်ပါအိုလီက သူ့အနေနှင့်မကြာခင်တွင်အသင်းနှင့်လမ်းခွဲရန် အစီအစဉ်ရှိကြောင်း ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံ၌ FIFA 11 for Health ဘောလုံးနှင့်ကျန်းမာရေးပေါင်းစပ်လှုပ်ရှားမှုပညာပေးအစီအစဉ်အား ပထမဆုံးစတင်ဆောင် ရွက်ပြီးနောက် လာမည့်နှစ်များတွင် အာရှနိုင်ငံများဖြစ်သော လာအို၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၌ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။
အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြဆမ်ဆန်မှာအသင်းနှင့် ၂၀၁၉ကမ္ဘာ့ဖလားပွဲအထိရှိနေမည့် သက်တမ်းတိုးစာချုပ်ကိုချုပ်ဆို ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာအမျိုးသမီးဖူဆယ်အသင်း အတွက် ကစားပေးရန် လက်ရွေးစင်ဘောလုံးသမားဟောင်းများဖြစ်သည့် စန်းစန်းမော်နှင့်သန်းသန်းထွေးတို့ကို ကမ်းလှမ်းရန်စီစဉ်နေကြောင်း ဖူဆယ်ကော်မတီမှ သိရသည်။
တူရကီကလပ်အား ကစားသမား/နည်းပြအဖြစ်တာဝန်ယူခဲ့ရသော အီတူး၏နည်းပြတာဝန်မှာ ၅ပွဲအပြီးတွင် ရပ်နားလိုက်ရပြီဖြစ်သည်။
စပိန်ဘုရင့်ဖလားပွဲအဖြစ် အက်စပန်ညိုနှင့်ကစားရသောပွဲတွင် အ၀တ်လဲခန်းသို့အပြန်၌ ပြိုင်ဘက်ကစားသမားများနှင့်ရန်ဖြစ်ခဲ့သော ဘာစီလိုနာ မှဆွာရက်ဇ်မှာ ဘောလုံး အဖွဲ့ချုပ်၏ အရေးယူမှုကိုခံရမည်ဖြစ်သည်။
အသက် ၁၄ နှစ်အောက် အမျိုးသမီးဘောလုံးပွဲတော် (U-14 Girls Football Festival 2016)ကို ဂျပန်နိုင်ငံ၌ မတ် ၁၁ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ လူငယ်အမျိုးသမီးအသင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာလက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဂျာမန်လူမျိုး ဂတ်ဆီဇီ၏တောင်းဆိုမှုကြောင့် ၂၀၁၆ ခုနှစ် တွင် မြန်မာလက်ရွေးစင် ဘောလုံးအသင်းပါဝင်ကစားမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရသည်။
စင်ကာပူနိုင်ငံ၌ကျင်းပမည့် မာလိုင်းယွန်းဖိတ်ခေါ်ဖလားပြိုင်ပွဲ ပျက်ပြယ်သွားပြီဖြစ်၍ မြန်မာလက်ရွေးစင်အသင်းအနေဖြင့် နိုင်ငံ တကာခြေစမ်းပွဲ တစ်ပွဲကစားရန် စီစဉ်ခဲ့ပြီး စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားနိုင်ရေးအတွက် လက်ရှိတွင် သဘောတူညီမှုရရှိ ထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် FIFA 11 For Health စီမံကိန်းအကောင်အထည်ဖော်ရန် ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ အခြေခံ ပညာကျောင်း ၂၈၈ ကျောင်းသို့ ၁၁ ပတ်ကြာခရီးစဉ် သွားရောက်လျက်ရှိကြောင်း သိရသည်။
မြန်မာလက်ရွေးစင်အသင်းယှဉ်ပြိုင်ရန်စီစဉ်ထားသည့် Merlion Cup ပြိုင်ပွဲကို ရက်ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း စင်ကာပူဘောလုံး အဖွဲ့ချုပ်နှင့် ပြိုင်ပွဲစီစဉ်သူများက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ ဆက်သွယ်အကြောင်းကြားခဲ့သည်။
တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို ယမန်နေ့ညပိုင်းတွင် တရုတ်နိုင်ငံ၌ကျင်းပရာ မြန်မာအမျိုးသမီးဖူဆယ်အသင်းမှာ တတိယနေရာရရှိခဲ့သည်။
ဂျပန်အမျိုးသမီးလက်ရွေးစင် ဟိုမာရီးဆာဝါမှာ ဘောလုံးကစားခြင်းမှ အနားယူပြီဟုသိရသည်။
မြန်မာဖူဆယ်လ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့်အရည်အသွေးပြည့်ဝသည့် ဖူဆယ်လ်နည်းပြဆရာ များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းပြီး AFC Futsal Level 1 Coaching Course 2016 ဖူဆယ်လ်သင်တန်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာပြည့်မည့် ၂၀၁၆ ကိုပါအမေရိက ပွဲစဉ်များကို အမေရိကန်တွင်ကျင်းပမည်ဖြစ်သည်။
တရုတ်နိုင်ငံ၌ ကျင်းပမည့် တရုပ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲဝင်ရန် မြန်မာလက်ရွေးစင်ဖူဆယ်အသင်း လေ့ကျင့်ရေးပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး ဒီဇင်ဘာ ၁၆ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာဖူဆယ်အသင်းအနေဖြင့် ထိုင်းဖူဆယ်အသင်းကို အဆင့်အတန်းတူ ယှဉ်ပြိုင်နိုင်ရေးအတွက် အဓိကလိုအပ်သည့် အဆင့်မီဖူဆယ်ကွင်း တည်ဆောက်ရန် လိုအပ်နေကြောင်း သိရသည်။