Other World Cup Football News

  • ယုံကြည်မှုရှိနေတဲ့ကိုးမန်း

    ဆောက်သင်တန်နည်းပြကိုးမန်းက ယနေ့ညလီဗာပူးနှင့်ကစားရမည့် ကက်ပီတယ်ဝမ်းကွာတားဖိုင်နယ်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်းပြောဆိုလိုက်သည်။

  • မြန်မာပါဝင်မည့် Merlion Cup ဖိတ်ခေါ်ဖလားပွဲ

    မြန်မာလက်ရွေးစင်အသင်းပါဝင်ယှဉ်ပြိုင်မည့် စင်ကာပူ  Merlion Cup နိုင်ငံတကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် နာမည်ကြီးကစားသမားများ သာမက ဥရောပလိဂ်များတွင် ကစားခဲ့သည့် နာမည်ကြီးကစားသမားဟောင်းများလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း စင်ကာပူဘောလုံး အဖွဲ့ချုပ်(AFS) မှထုတ်ပြန်ခဲ့သည်။

  • MIC အမျိုးသားအသင်း တတိယရရှိ

    ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယမန်နေ့ကကျင်းပရာ မြန်မာကလပ်  MIC အမျိုးသားအသင်းက တတိယနေရာရရှိခဲ့သည်။ 

  • အသင်းပြောင်းမည့် အာဖရိကသား ကိုနေး

    အာဖရိကလူမျိုးကစားသမား ကိုနေးသည် ရတနာပုံဘောလုံးအသင်းတွင် နှစ်ကာလရှည်ကစားခဲ့ သည့်ကစားသမားဟောင်း တစ်ဦးဖြစ် ၍ မြန်မာနေရှင်နယ်လိဂ်ဘောလုံး ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကစားနေသည့် ကလပ်အသင်းတော်တော်များများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၏ ဈေးကွက်ဖွင့်လှစ် ချိန်တွင် လာမည့်နေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် ကစား မှုပြုလုပ်မည့် ကလပ်အသင်းတစ်သင်းထံ ပြောင်းရွှေ့ကစားနိုင်ရန် ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

  • မြန်မာကလပ် MIC တတိယလုပွဲတက်

    ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များမှာ ယမန်နေ့က ပြီးဆုံးခဲ့ပြီး  မြန်မာကလပ် MIC အမျိုးသားအသင်းမှာ တတိယနေရာလုပွဲတက်ရောက်နိုင်ခဲ့သည်။

  • ရန်ကုန်အသင်းကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

    မဲခေါင်တိုယိုတာဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးယှဉ်ပြိုင်ရန် ရန်ကုန်အသင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ ကြကြောင်း သိရသည်။

  • မြန်မာနှင့် ဂျပန် ခြေစမ်းမည်

    မြန်မာလက်ရွေးစင်ဘောလုံးအသင်းနှင့် ဂျပန်လက်ရွေးစင်ဘောလုံးအသင်းတို့သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစား  မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

  • နိုင်ပွဲဆက်သောအီကွေဒေါ

    ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ခြေစစ်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ အီကွေဒေါအသင်းမှာ ၄ပွဲဆက်တိုက်နိုင်ပွဲရကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်လျက်ရှိသည်။

  • သရေကျခဲ့သောခြေစစ်ပွဲ

    ၂၀၁၈ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲအဖြစ် အာဂျင်တီးနားနှင့် ဘရာဇီးတို့ ကစားခဲ့ကြရာ တစ်ဘက်တစ်ဂိုးစီဖြင့် သရေကျသွားခဲ့သည်။

  • ခြေစစ်ပွဲ ပွဲစဉ်ရွှေ့ရ

    အာဂျင်တီးနားနှင့်ဘရာဇီးတို့ ကစားကြရမည့် ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဉ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရက်ရွှေ့ပြောင်းကျင်းပမည်ဖြစ်သည်။

  • မြန်မာအသင်း တောင်ကိုရီးယားအသင်းကိုရှုံးနိမ့်

    ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် တောင်ကိုရီးယားလက်ရွေးစင်အသင်းနှင့် မြန်မာ လက်ရွေးစင်အသင်း တို့ပွဲစဉ်ကို ယမန်နေ့ညနေပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ ဆူဝမ်မြို့၌ ယှဉ်ပြိုင်ကစားရာ တောင်ကိုရီးယားအသင်းက ၄ဂိုး-ဂိုးမရှိဖြင့် အနိုင်ရသွားသည်။ မြန်မာလက်ရွေးစင်အသင်းမှာ အာရှထိပ်သီး တောင်ကိုရီးယားအသင်းကို အဝေးကွင်း၌ ထပ်မံအရှုံးပေးခဲ့ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့သည်။

  • နေမာကိုချီးကျူးတဲ့ဒွန်ဂါ

    ဘရားဇီးလက်ရွေးစင်အသင်းနည်းပြ ဒွန်ဂါက အသင်းခေါင်းဆောင်နေမာမှာ လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား တစ်ဦးဖြစ်ကြောင်း ပြောဆိုလိုက်သည်။

  • လေ့ကျင့်နေသော မြန်မာအသင်း

    ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်းသည် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရန် နိုဝင်ဘာ၈ရက်နေ့ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိခဲ့ပြီး နောက်နေ့နံနက်မှစတင်၍   လေ့ကျင့်မှုများ ပြုလုပ် လျက် ရှိကြောင်းသိရသည်။

  • မြန်မာနှင့်တောင်ကိုရီးယားတို့ကစားမည်

    ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲ ပွဲစဉ်များကို နိုဝင်ဘာ၁၂ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစား မည်ဖြစ်ပြီး မြန်မာ အသင်းမှာ တောင်ကိုရီးယားအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းနှင့် တောင်ကိုရီးယား အသင်းတို့၏  ကမ္ဘာ့ဖလားခြေစစ်ပွဲကို နိုဝင်ဘာ၁၂ရက် မြန်မာစံတော်ချိန် ညနေ၅နာရီခွဲတွင် ဆူဝမ်မြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

  • ကြားကွင်းတွင်ကစား၇မည့်ပါလက်စတိုင်း

    ပါလက်စတိုင်း လက်ေ၇ွးစင်အသင်းအနေနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲများ၏ အိမ်ကွင်းပွဲစဉ်များကို ကြားကွင်းတွင် သာကစားရန် ဖီဖာကအမိန့်ထုတ်ပြန်ခဲ့သည်။

  • ရှရုအကြောင်းပြောတဲ့ ဘလတ္တာ

    ဘောလုံးလောကမှရက်ပေါင်း ၉၀ ပိတ်ပင်ခံထားရသော ဖီဖာဥက္ကဌဘလတ္တာက ၂၀၁၈ ကမ္ဘာ့ဖလားပွဲကိုရုရှတွင် ကျင်းပစေရန်မှာ မဲမပေးမီကပင် သဘောတူထားပြီးဖြစ်ကြောင်း ပြောဆိုလိုက်သည်။

  • ဖီဖာဥက္ကဌလောင်းများ

    ဖီဇာဥက္ကဌသစ်ရွေးချယ်ပွဲကိုလာမည့် ၂၀၁၆ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ကျင်းပတော့မည်ဖြစ်ပြီး ဥက္ကဌရွေးပွဲဝင်မည့်ဥက္ကဌလောင်းမှာ ၇ ဦးရှိကြောင်းသိရသည်။

  • အသင်းကြီးအချို့မပါဝင်သော ဖလားပွဲ

    ကက်ပီတယ်ဝမ်းဖလားပွဲ ၁၆ သင်းအဆင့်ပွဲစဉ်များကို ယမန်နေ့ညကဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာမန်ယူမှာ ရှုံးပွဲတွေ့ခဲ့ပြီးအာဆင်နယ်၊ ချဲလ်ဆီးတို့နှင့်အတူ ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်သည်။

  • မှားခဲ့တယ်ဆိုတဲ့ ဘက်ကင်ဘောင်ဝါ

    ဂျာမနီဂန္တ၀င်ကစားသမားကြီး ဘက်ကင်ဘောင်ဝါကကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက်ငွေကြေးပေးကာ ဆွဲဆောင်ခဲ့ရသည့်သတင်းကို ငြင်းဆိုလိုက်သော်လည်း ထိုသို့ကျင်းပခွင့်ရရေးကြိုးစားမှုတွင် အမှားရှိခဲ့သည်ဟုဝန်ခံလိုက်သည်။

  • ရွေးချယ်ပွဲမှ ဇစ်ကိုနှုတ်ထွက်

    ဘရာဇီးဂန္တ၀င်ဘောလုံးကစားသမားကြီး ဇစ်ကိုမှာလာမည့်ဖီဖာဥက္ကဌရွေးချယ်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်းသိရသည်။


Advertisement
Here