Other World Cup Football News

  • မှားခဲ့တယ်ဆိုတဲ့ ဘက်ကင်ဘောင်ဝါ

    ဂျာမနီဂန္တ၀င်ကစားသမားကြီး ဘက်ကင်ဘောင်ဝါကကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက်ငွေကြေးပေးကာ ဆွဲဆောင်ခဲ့ရသည့်သတင်းကို ငြင်းဆိုလိုက်သော်လည်း ထိုသို့ကျင်းပခွင့်ရရေးကြိုးစားမှုတွင် အမှားရှိခဲ့သည်ဟုဝန်ခံလိုက်သည်။

  • ရွေးချယ်ပွဲမှ ဇစ်ကိုနှုတ်ထွက်

    ဘရာဇီးဂန္တ၀င်ဘောလုံးကစားသမားကြီး ဇစ်ကိုမှာလာမည့်ဖီဖာဥက္ကဌရွေးချယ်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်းသိရသည်။

  • ဒဏ်ရိုက်ခံရသော အဖွဲ့ချုပ်များ

    ပြီးခဲ့သည့်ယူရိုခြေစစ်ပွဲ ပွဲစဉ်များတွင်ပရိသတ်များသောင်းကျန်း ခဲ့မှုကြောင့်အင်္ဂလန်၊ လစ်သူရေးနီးယား၊ စကော့တလန်၊ ပိုလန်ဘောလုံးအဖွဲ့ချုပ်များမှာ UEFA ၏ဒဏ်ရိုက်ခြင်းကိုခံခဲ့ရကြောင်းသိရသည်။

  • စုံစမ်းမှုစမည့် ဂျာမနီ

    ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်လုပ်ခွင့် ရရေးအတွက်တံစိုးလက်ဆောင်နှင့်ငွေကြေး များပေးကာရယူခဲ့သည်ဟူသော စွပ်စွဲချက်များအတွက်ဂျာမနီဘောလုံး အဖွဲ့ချုပ်ကအဖွဲ့ချုပ်အတွင်း စုံစမ်းဆေးမှုများစတင်နေပြီဖြစ်သည်။

  • ဒါဘီပွဲအကြောင်းပြောတဲ့ ဇဘာလက်တာ

    မန်စီးတီးညာနောက်ခံလူဇဘာလက်တာက မန်ယူနှင့်ကစားရမည့်မန်ချက်စတာ ဒါဘီပွဲစဉ်မှာအာဂျင်တီးနားနှင့် ဘရာဇီးတို့ဆုံကြသကဲ့သို့ ပွဲကြီးပွဲကောင်းနှင့် အကြိတ်အနယ် အရှိဆုံးပွဲတစ်ပွဲဖြစ်ကြောင်း ပြောဆိုလိုက်သည်။

  • အိမ်ရှင်လုပ်မည့် အမေရိကန်

    ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲကို မိမိတို့အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဟုအမေရိကန်ဘောလုံး အဖွဲ့ချုပ်ကထုတ်ပြန်ကြေညာလိုက်သည်။

  • နိုင်ပွဲဆက်တဲ့ နိုင်ဂျီးရီးယားနှင့်ကိုရီးယား

    ချီလီနိုင်ငံတွင်ကျင်းပနေသောဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ဂျီးရီးယားနှင့်တောင်ကိုရီးယားတို့မှာ ၂ ပွဲစီအနိုင်ရထားပြီးအခြေအနေကောင်း လျက်ရှိနေသည်။

  • အနားယူသွားသည့်ဆစ်ဆေး

    ပြင်သစ်လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ တိုက်စစ်မှုးဆစ်ဆေးမှာဘောလုံး ကစားခြင်းမှအနားယူသွားပြီဖြစ်သည်။

  • မြန်မာ့အသင်း အာရှဖလားဝင်ခွင့်နီးကပ်လာ

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှကူဝိတ်လက်ရွေးစင်အသင်းနှင့် ကလပ်အသင်းများအား နိုင်ငံတကာပြိုင်ပွဲများ ၀င်ရောက်ကစားခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ခြင်းကြောင့် ကမ္ဘာ့ဖလားနှင့်အာရှဖလားတို့အတွက် ခြေစစ်ပွဲဝင်ရောက်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့်အာရှဖလား ၀င်ခွင့်ရရှိရေးအတွက် ပိုမိုနီးကပ်သွားပြီဖြစ်ကြောင်းသိရသည်။

  • ယနေ့စမည့် ယူ-၁၇ ကမ္ဘာ့ဖလား

    ချီလီနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၅ ဖီဖာ ယူ-၁၇ ကမ္ဘာ့ဖလားပွဲကိုယနေ့ စတင်မည်ဖြစ်သည်။

  • ပိတ်ပင်ခံရသောကူဝိတ် FA

    အားကစားဆိုင်ရာ ဥပဒေကြောင်း စည်းမျဉ်းများကိုပြုပြင်ပြောင်းလဲရန် ပျက်ကွက်ခဲ့သော ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ကို ဖီဖာကတားမြစ်ပိတ်ပင်မှု ချမှတ် ခဲ့ပြီးပြည်တွင်းနှင့်နိုင်ငံ တကာပွဲများကိုပါ ကျင်းပခွင့်မရှိဟုအမိန့်ထုတ်ပြန်ခဲ့သည်။

  • အနားယူတော့မည့် ရာအူး

    စပိန်မှနာမည်ကျော်တိုက်စစ်မှုးကြီး တစ်ဦးဖြစ်သည့်ရာအူးလ်မှာ လာမည့်လတွင်ကစားသမား ဘ၀မှအနားယူတော့မည်ဖြစ်သည်။

  • AFC ဥက္ကဌကိုဖီဖာတွင် ၀င်ရွေးစေလို

    ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကအာရှဘောလုံးအဖွဲ့ချုပ် AFC ဥက္ကဌဖြစ်သူဘာရိန်းစော်ဘွားခါလီကို ဖီဖာဥက္ကဌသစ်ရွေးချယ်ပွဲတွင် ၀င်ရောက်အရွေးခံစေလိုကြောင်း သိရသည်။

  • ဇီကိုကို ၀င်ရွေးစေလိုတဲ့ပီလီ

    ကမ္ဘာကျော်ဘောလုံးသမားကြီး ပီလီကဘရာဇီးသားဇီကိုကို ဖီဖာဥက္ကဌသစ်ရွေးချယ်ပွဲသို့ ၀င်ရောက်အရွေးခံစေလိုကြောင်း ပြောဆိုလိုက်သည်။

  • ပလာတီနီအရေး UEFA ဆွေးနွေး

    ဘောလုံးလောကနှင့်ရက်ပေါင်း ၉၀ မပတ်သက်ရန်ပိတ်ပင်ခံထားရသော ဥက္ကဌပလာတီနီအရေးကို UEFA အဖွဲ့ဝင်နိုင်ငံများယနေ့တွေ့ဆုံဆွေးနွေး ကြမည်ဟုသိရသည်။

  • ဖီဖာအကြောင်းပြောတဲ့ ဂျိုဟန်ဆင်

    ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်းလန်းနတ်ဂျိုဟန်ဆင်က ဖီဖာဥက္ကဌဘလတ္တာနှင့် ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဌပလာတီနီတို့အကြား ငွေပေးငွေယူမှုများကို မိမိမသိရှိကြောင်းပြောဆိုလိုက်သည်။

  • နိုင်ပွဲမရသေးသော အာဂျင်တီးနား

    ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက်တောင်အမေရိဇုန် ခြေစစ်ပွဲများကိုဆက်လက် ကျင်းပခဲ့ရာမက်ဆီ မပါဝင်နိုင်သေးသော အာဂျင်တီးနားမှာသရေပွဲနှင့် သာကျေနပ်ခဲ့ရသည်။

  • လာအိုကို(၃-၁)ဂိုးဖြင့်မြန်မာအသင်းအနိုင်ရရှိ

    ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်)အဖြစ် ဘန်ကောက်မြို့ ဆူပါချလာဆိုင်း အားကစားကွင်းတွင် အောက်တိုဘာ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ည(၇း၀၀)နာရီတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် လာအို လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ပွဲစဉ်တွင် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း – ကျော်ဇင်လွင်၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ ခင်မောင်လွင်၊ အလယ်တန်း- ကျော်ကိုကို၊ ရဲကိုဦး၊ ရန်အောင်ကျော်၊ လှိုင်းဘိုဘို၊ အောင်သူ၊ရှေ့တန်း – ဆမ်လန်မန် စသဖြင့် ၄-၂-၃-၁ ပုံစံ ကစားကွက်အတိုင်း ပွဲထွက်ခဲ့သည်။

  • ရိုးမားအကြောင်းပြောတဲ့ အန်ဆလော့တီ

    ရီးရဲလ်နည်းပြဟောင်း အန်ဆလော့တီက ရိုးမားအသင်းအနေနှင့် လက်ရှိအချိန်တွင်ဇယားထိပ်နှင့် ၄ မှတ်သာကွာဟနေသဖြင့် ချန်ပီယံဖြစ်နိုင်ခြေ ရှိသည်ဟုပြောဆိုလိုက်သည်။

  • ထိပ်ဆုံး ၄ သင်းဝင်ချင်တဲ့အီတလီ

    ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်ခဲ့ပြီးဖြစ်သော်လည်း အုပ်စုဗိုလ်အဖြစ်အောင်မြင် လိုကြောင်းနှင့်ပြင်သစ်တွင် ကျင်းပမည့်ယူရိုပွဲတွင် အနည်းဆုံးထိပ်ဆုံး ၄ သင်းစာရင်းဝင်လိုကြောင်း အီတလီနည်းပြ ကွန်တီကပြောဆိုလိုက်သည်။


Advertisement
Here