Other World Cup Football News

  • သေနတ်ဆွဲထုတ်ခဲ့တဲ့ဒိုင်

    ယခုအပတ်အတွင်းကစားခဲ့သည့် ဘရာဇီးအဆင့်နိုမ့်လိဂ်ပွဲစဉ်တစ်ခုတွင် ကွင်းလယ်ဒိုင်မှာအနီကဒ် ထုတ်ပြရမည့်အစား ပစ္စတိုသေနတ် ဆွဲထုတ်ခဲ့၍ သက်ဆိုင်ရာကအမြန်ထိန်းသိမ်း လိုက်ရကြောင်းသိရသည်။

  • အသင်းနှင့်လမ်းခွဲခဲ့သော ရော်နယ်ဒင်ဟို

    ဘရာဇီးသားရော်နယ်ဒင်ဟိုမှာ ဖလူးမင်းနင့်ဇ်အသင်းနှင့် ၃လမပြည့်မီမှာပင်လမ်းခွဲလိုက်ပြီဖြစ်သည်။

  • အမျိုးသမီးဖူဆယ်ဖလား အီရန်ရရှိ

    မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော  2015 AFC အမျိုးသမီးဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဖိုင်နယ်တွင် အီရန်ကဂျပန်ကို ၁းဝ ဖြင့်အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

  • ကမ္ဘာ့ဖလားစမည့်ရက် အတည်ပြု

    ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့တွင်စတင်ကျင်းပမည်ဟု ဖီဖာကအတည်ပြုကျေညာလိုက်ပြီဖြစ်သည်။

  • အမျိုးသမီးခြေစစ်နောက်ဆုံးပွဲ ယနေ့ကစားမည်

    မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၆ ရီယိုအိုလံပစ်အမျိုးသမီးဘောလုံး ပြိုင်ပွဲအာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲနောက်ဆုံးနေ့ပွဲစဉ်များကို စက်တင်ဘာ ၂၂ ရက်တွင်မန္တလေးမြို့ရှိ မန္တလာသီရီကွင်း၌ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

  • မြန်မာ ယူ-၁၆ အသင်းသြစတြေးလျကို ရှုံးနိုမ့်

    ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ ကျင်းပလျက်ရှိသည့်အာရှ ယူ-၁၆ ခြေစစ်ပွဲအုပ်စု (J) ဒုတိယနေ့ပွဲစဉ်မျာကို ယမန်နေ့နေ့လည်ပိုင်းတွင် ကျင်းပရာမြန်မာ ယူ-၁၆ အသင်းမှသြစတြေးလျ ယူ-၁၆ အသင်းကို ၃ဂိုး-၁ဂိုးဖြင့်ရှုံးနိုမ့်သွားသည်။

  • အမျိုးသမီးအိုလံပစ်ခြေစစ်ပွဲ ထိုင်းနှင့်ဗီယက်နမ်တို့အနိုင်ရ

    မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၆ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ တတိယနေ့ပွဲစဉ်များကို မန္တလာသီရိကွင်း၌ ယမန်နေ့ဆက်လက်ကျင်းပရာ ထိုင်းအသင်းနှင့်ဗီယက်နမ်အသင်းတို့ နိုင်ပွဲရရှိသွားပြီးအိမ်ရှင်မြန်မာနှင့် ဂျော်ဒန်အသင်းတို့ရှုံးနိုမ့်ခဲ့သည်။

  • မြန်မာပရိသတ်အချို့စည်းကမ်းမဲ့မှုကြောင့် အရေးယူခံရနိုင်

    မန္တလေးမြို့မန္တလာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီးဘောလုံးအသင်းတို့၏ အိုလံပစ်ခြေစစ်ပွဲတွင် ပွဲကြည့်ပရိသတ်အချို့ ကွင်းအတွင်းသို့အရာဝထ္ထုပစ္စည်းများနှင့် ပစ်ပေါက်ခဲ့သဖြင့်ဖီဖာ၏အရေးယူမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

  • ထိုင်း ၂ဂိုး-၁ဂိုး မြန်မာ

    ၂၀၁၆ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့ရှိမန္တလာသီရိအားကစားကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းရှုံးပွဲကြုံတွေ့ခဲ့ပြီး ထိုင်းနှင့်တရုတ်(တိုင်ပေ)တို့ နိုင်ပွဲရရှိခဲ့သည်။

  • ယူ-၁၉ အသင်းစခန်းသွင်း

    လာမည့် စက်တင်ဘာ ၂၈ တွင် စတင်ကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းကို ယမန်နေ့ နေ့လည်ပိုင်းမှ စတင်ကာ ကစားသမား ၂၃ ဦးဖြင့် Goal ဟိုတယ်တွင် စခန်းသွင်း လိုက်ပြီ ဖြစ်သည်။

  • ယူ-၁၆ အသင်းဗီယက်နမ်သို့ထွက်ခွာ

    ၂၀၁၅ အာရှ ယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည်ယမန်နေ့ နံနက်ပိုင်းတွင်ဗီယက်နမ်နိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပြီဖြစ်သည်။

  • မြန်မာအမျိုးသမီးအသင်း ပွဲဦးထွက်အနိုင်ရ

    ၂၀၁၆ ရီယိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ ပထမမန်နေ့ပွဲစဉ်များကိုယနေ့ညနေပိုင်းတွင် မန္တလေးမြို့ရှိမန္တာသိရိအားကစားကွင်း၌ ကျင်းပရာမြန်မာအသင်းပွဲဦးထွက် နိုင်ပွဲရရှိခဲ့သည်။

  • အမျိုးသမီးခြေစစ်ပွဲ သတင်းစာရှင်းလင်း

    ဘရာဇီးအိုလံပစ်အမျိုးသမီးအာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့် ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့၊ မွန်းလွဲ (၃) နာရီတွင် မန္တလေးမြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် နည်းပြအသီးသီးက အောက်ပါအတိုင်းပြောဆို သွားခဲ့ကြသည်။

  • အမျိုးသမီးခြေစစ်ပွဲ ယနေ့စတင်မည်

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲအမျိုးသမီးအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲကို စက်တင်ဘာ ၁၄ ရက်တွင်စတင်ကျင်းပသွားမည်ဖြစ်သည်။

  • လက်ဘနွန်ပွဲလွဲမည့် ကစားသမားသုံးဦး

    ကမ္ဘာ့ဖလားခြေစစ်ပွဲ စတုတ္ထပွဲအဖြစ်ကစားမည့် လက်ဘနွန်အသင်းနှင့်ပွဲတွင် မြန်မာအသင်း၏ အဓိကနောက်ခံ ကစာသမား များဖြစ်သောဇော်မင်းထွန်း၊ အောင်ဇော်နှင့်ဒေးဗစ်ထန်းတို့ ပါဝင်နိုင်မည်မဟုတ်ကြောင်းသိရသည်။

  • အမျိုးသမီးဘောလုံးပြိုင်ပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF မှကြီးမှုး၍မြန်မာနိုင်ငံ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ ခုနှစ်ရီယိုနွေရာသီ အိုလံပစ်အမျိုးသမီးဘောလုံး ပြိုင်ပွဲ၏ဒုတိယအဆင့်ခြေစစ်ပွဲဘောလုံး ပွဲစဉ်များကိုစက်တင်ဘာ ၁၄ ရက်မှ ၂၂ ရက်အထိမန္တလာသီရိကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

  • အမျိုးသမီးခြေစစ်ပွဲ လက်မှတ်ရောင်းမည်

    ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ (ဒုတိယအဆင့်) ပွဲစဉ်များအား မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းတွင် စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

  • အထုတ်ခံရသော ခရိုအေးရှားနည်းပြ

    နော်ဝေအသင်းကို ၂းဝ ဖြင့်ရှုံးနိုမ့်ခဲ့ပြီးနောက် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်သည် နည်းပြကိုဗက်စ်ကိုရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

  • မလေးရှားနှင့်ဆော်ဒီပွဲစဉ် ဖျက်သိမ်း

    မလေးရှားကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ်ဆော်ဒီအာရေဗျနှင့် ကစားရသောပွဲတွင် ပရိသတ်များက မီးရှုးမီးပန်းများကွင်းအတွင်း ပစ်လွှတ်ကာသောင်းကျန်း ခဲ့ကြသဖြင့်ထိုပွဲကို ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။

  • ရွန်းနီနှင့် ဂိုး၅၀

    အင်္ဂလန်တိုက်စစ်မှုးရွန်းနီမှာ ဆန်မာရီနိုနှင့်ပွဲတွင် တစ်ဂိုးသွင်းယူကာဆာဘော်ဘီချာလ်တန်၏ အင်္ဂလန်အတွက်ဂိုးသွင်း စံချိန်ကိုအမီလိုက်နိုင်ခဲ့ပြီးနောက် ဆွစ်ဇာလန်နှင့်ပွဲ၌နောက်ထပ် တစ်ဂိုးသွင်းယူပြီးအင်္ဂလန်၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။


Advertisement
Here