Asian Cup News

  • အာဆီယံ ယူ-၁၅ ဘောလုံးပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်း

    လာအိုနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို  ယမန်နေ့နံနက်ပိုင်းက လာအိုနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၌ ကျင်းပကြောင်း သိရသည်။

  • အာရှ ယူ-၁၆ နှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စုမဲခွဲ

    မြန်မာ ယူ-၁၆ အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့ပါဝင်ယှဉ်ပြိုင်မည့် ၂၀၁၈ အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲနှင့် ၂၀၁၈ အာရှ  ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ယမန်နေ့တွင် မလေးရှားနိုင်ငံ၌ ကျင်းပပြီး မြန်မာအသင်းများ ပါဝင်ယှဉ်ပြိုင်မည့် အုပ်စုများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။

  • မြန်မာနှင့် ဆီးရီးယား ယနေ့ကစားမည်

    ၂၀၁၈ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအုပ်စု(ဃ)တတိယနေ့ ပွဲစဉ်များကို ဧပြီ ၇ရက်(ယနေ့)ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းသည် ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

  • အာရှဖလားခြေစစ်ပွဲစဉ်များ

    UAE တွင် ၂၀၁၉ ၌ ကျင်းပမည့် အာရှဖလားပြိုင်ပွဲအတွက် အုပ်စုအဆင့် ခြေစစ်ပွဲများကို စတင်ကျင်းပနေပြီဖြစ်သည်။

  • ခြေစစ်ပွဲအတွက် မြန်မာ စတင်လေ့ကျင့်မည်

    မြန်မာ့လက်ရွေးစင်အသင်းသည် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ရမည့် အာရှဖလားခြေစစ်ပွဲအတွက် မတ် ၁၄ ရက်တွင် စတင်လေ့ ကျင့်မည် ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် မတ် ၂၁ ရက်တွင် အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် ဂျတာတာမြို့၌ ခြေစမ်းပွဲကစားမည် ဖြစ်သည်။

  • နည်းပြတစ်ဦးတည်းကိုင်တွယ်မည့် ယူ-၂၂နှင့် လက်ရွေးစင်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၇ ခုနစ်အတွင်း အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီးဂိမ်း ပြိုင်ပွဲ ယှဉ်ပြိုင်ရမည့် မြန်မာ ယူ-၂၂ အသင်းတို့ကို နည်းပြချုပ် ဂတ်ဆီဇီ တစ်ဦးတည်းကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

  • မက်ဆီဒိုးနီးယားသားကို လက်ထောက်နည်းပြခန့်မည့် မြန်မာ

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာရှဖလားခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဂတ်ဆီဇီ၏ လက်ထောက် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် မက်ဆီဒိုးနီးယားနိုင်ငံသားတစ်ဦးကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

  • မြန်မာနှင့် အင်ဒိုနီးရှား ဂျကာတာမြို့၌ ခြေစမ်းပွဲကစားမည်

    အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် မတ် ၂၁ ရက် ဒေသစံတော်ချိန် ည ၇နာရီတွင် အင်ဒိုနီးရှားနိုင်ငံ ဂျတာကာမြို့ ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်သည်။

  • ခြေစစ်ပွဲအတွက် အာရှအသင်းကြီးနှင့် ခြေစမ်းမည်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မတ် ၂၈ ရက်တွင် စတင်ယှဉ်ပြိုင်ကစားရမည့် အာရှဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင် မှုအဖြစ် မတ် ၂၁ရက်တွင် အာရှအသင်းကြီးတစ်သင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း အဖွဲ့ချုပ် စီအီး အို ဦးဘုန်းနိုင်ဇော်က ပြောသည်။

  • ဆူဇူကီးဖလား ဒုတိယအကျော့ပွဲစဉ်များ

    ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို ဗီယက်နမ်နှင့် ထိုင်းအသင်းတို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၇ရက်နှင့် ၈ရက်တို့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

  • ထိုင်းနိုင်ငံမှ ဒိုင်များကိုင်တွယ်မည့် ဆူဇူကီးဖလားပွဲ

    မြန်မာနိုင်ငံ၌ကျင်းပမည့် ဆူဇူကီးဖလားအကြို မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲများကို ထိုင်းနိုင်ငံမှ ဖီဖာအသိအမှတ်ပြု ဒိုင်လူကြီးများက ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

  • ဆိုက်ပရပ်စ်နှင့် ခြေစမ်းမည့်မြန်မာ

    ဆူဇူကီးဖလားပြိုင်ပွဲအတွက်ပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများဖြစ်သည့် ဂျာမနီနှင့် ဆိုက်ပရပ်စ်နိုင်ငံတို့၌ လေ့ကျင့်မှုများ သွားရောက်ပြုလုပ်ပြီး၊ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသော မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခရီးစဉ် နောက် ဆုံး ခြေစမ်းပွဲအဖြစ် ဆိုက်ပရပ်စ် ပထမတန်းကလပ် နီယာဆာလာမီစ်အသင်းနှင့် အောက်တိုဘာ ၁၀ရက် မြန်မာစံတော်ချိန် ည ၇နာရီခွဲတွင် ဆိုက်ပရပ်စ်နိုင်ငံရှိ မြူနီစီပယ်ကွင်း၌ ခြေစမ်းကစားမည် ဖြစ်သည်။

  • မြန်မာ ယူ-၂၂ မလေးရှားနှင့် ခြေစမ်းမည်

    (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကျင်းပရန် ၁၀လ ကျော်လိုသေးသော်လည်း ပြင်ဆင်မှုများ စတင်ပြုလုပ်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းအိမ်ရှင် မလေးရှား ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

  • ၂၀၁၆ ဆူဇူကီးဖလား အုပ်စုပွဲစဉ်များ

    အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှုးကျင်းပမည့် ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး၊ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်များကို မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ ကျင်းပမည် ဖြစ်သည်။

  • ပြည်ပကလပ်နှင့် ခြေစမ်းမည့် ရခိုင်

    ၂၀၁၇ ခုနှစ် ရာသီမှစတင်၌ ရခိုင်ပြည်နယ် စစ်တွေမြို့၌ အိမ်ကွင်းကျင်းပရန် ပြင်ဆင်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် အိမ်ကွင်းဖွင့်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းဖွင့်ပွဲတွင် ပြည်ပကလပ်အသင်းတစ်သင်းဖြင့် ခြေစမ်းကစားရန် စီစဉ်ထားကြောင်း ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းထံမှ သိရသည်။

  • ဖိတ်ခေါ်ဖလား ရခိုင်ဝင်မပြိုင်

    တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ကျင်းပမည့် တရုတ်-အာဆီယံမြို့ကြီးများ နိုင်ငံတကာဖိတ်ခေါ်ဖလားပြိုင်ပွဲကို ရခိုင်ယူနိုက်တက်အသင်း ၀င်ရောက်ယှဉ်ပြိုင်ဖြစ်မည်မဟုတ်ဘဲ ရာသီကြိုပြင်ဆင်မှုများကိုသာ ဦးစားပေးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

  • ရက်ပြောင်းရွှေ့သော ဖိတ်ခေါ်ပြိုင်ပွဲ

    ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်က ဦးစီးကျင်းပမည့် Youth Newpaper Cup 2016 အသက် ၂၁ နှစ်အောက် ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း လက်ရှိတွင် ဒီဇင်ဘာလသို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

  • နယ်သာလန်ကလပ်နှင့် မြန်မာခြေစမ်း

    ဂျာမနီနိုင်ငံ၌ သွားရောက်လေ့ကျင့်မှုများ ပြုလုပ်နေသော မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခြေစမ်းပွဲ စတုတ္ထမြောက်ပွဲစဉ် အဖြစ် နယ်သာလန်ကလပ် VVV-Velno အသင်းနှင့် စက်တင်ဘာ ၂၆ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

  • မြန်မာယူ-၂၂ဗီယက်နမ်ဖိတ်ခေါ်ပွဲပြိုင်မည်

    (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မကြာမီဖွဲ့စည်းတော့မည့် မြန်မာ  ယူ-၂၂ အသင်းသည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ အဖြစ် ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲမှာ ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပနေသည့် ပြိုင်ပွဲဖြစ်ပြီး မြန်မာအသင်းမှာလည်း နှစ်စဉ်နီးပါး ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။

  • မြန်မာနှင့် ဘယ်လ်ဂျီယံကလပ် သရေကျ

    ဂျာမနီနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခြေစမ်းခရီးစဉ် ဒုတိယခြေစမ်းပွဲအဖြစ် ဘယ်လ်ဂျီယံ တတိယတန်းကလပ် ဘာချမ်အသင်းနှင့် စက်တင်ဘာ ၂၀ရက် မြန်မာစံ တော်ချိန် ည ၁၂ နာရီက ခြေစမ်းကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့သည်။


Advertisement
Here