Asian Cup News

  • ဆူဇူကီးပွဲအကြောင်းပြောသောဦးသန်းတိုးအောင်

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ချန်ပီယံဖြစ်ရန် အတိအကျမပြောနိုင်သော်လည်း ဗိုလ်လုပွဲထိ တက်ရောက် နိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောသည်။

  • မြန်မာနှင့် လာအို သရေကျ

    ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပလျက်ရှိသည့် ၂၀၁၆ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု  (ခ) တတိယနေ့ကို ယမန်နေ့ ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ မြန်မာအသင်းနှင့် လာအိုအသင်းတို့ လေးဂိုးစီ သရေကျသွားသည်။

  • အာဆီယံအဆင့်(၄) မြန်မာ

    ကမ္ဘာ့ဘောလုံးအဖွဲ့ချူပ် ဖီဖာမှ ထုတ်ပြန်သော စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အသင်းသည် အဆင့်ခြောက်ဆင့်အထိ မြင့်တက်ခဲ့ပြီး ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ အဆင့်များကျဆင်းခဲ့မှုကြောင့် ဖိလစ်ပိုင် အသင်းက အာဆီယံဒေသအဆင့်တွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

  • မြန်မာယူ-၁၉ အသင်း လေ့ကျင့်ပြင်ဆင်

    ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် ၂၀၁၆ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည့်  မြန်မာ ယူ-၁၉ အသင်း သည် လေ့ကျင့်ပြင်ဆင်လျက် ရှိသည်။

  • တရုတ်ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာပါမည်

    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကစာသမား ၁၄ဦးဖြင့် တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင်  ၀င်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားဖူဆယ်အသင်းနှင့် ဩဂုတ် ၂၆ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရ သည်။

  • မြန်မာနှင့် ဗီယက်နမ်သရေကျ

    လေးနိုင်ငံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ(KBZ Bank U-19 Cup 2016) အုပ်စု ဒုတိယနေ့ကို ယမန်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပရာ မြန်မာနှင့် ဗီယက်နမ် သရေကျပြီး ထိုင်းအသင်း နိုင်ပွဲရရှိခဲ့သည်။

  • မြန်မာနှင့် ဗီယက်နမ် ယနေ့ကစားမည်

    လေးနိုင်ငံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ (KBZ Bank U-19 Cup 2016) အုပ်စု ဒုတိယနေ့ပွဲစဉ်များကို ဩဂုတ် ၂၄ရက် (ယနေ့) ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ဆက်လက်ကျင်းပ မည်ဖြစ်ပြီး အိမ်ရှင်မြန်မာနှင့် ဗီယက်နမ်အသင်း တို့ ကစားရမည် ဖြစ်သည်။

  • KBZ Bank U-19 Cup ပထမနေ့ကျင်းပ

    KBZ Bank U-19 Cup 2016 ပြိုင်ပွဲ အုပ်စုပထမနေ့ ပွဲများကို ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပ ရာ အိမ်ရှင်မြန်မာအသင်း ရှုံးနိမ့်ပြီး ဗီယက်နမ်နှင့် ဆာပေါ်ရိုအသင်း အနိုင် ရရှိခဲ့သည်။

  • ယူ-၁၉ဖိတ်ခေါ်ပွဲ သတင်းစာရှင်းလင်း

    မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပမည့် ယူ-၁၉ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀နာရီတွင် မန္တလေးမြို့ရှိ နိုဗယ်မင်္ဂလာဟိုတယ်၌ ကျင်းပသည်။

  • ခြေစမ်းပွဲကစားရန်အာဆီယံနိုင်ငံများကိုကမ်းလှမ်း

    ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဥရောပငါးနိုင်ငံ ခြေစမ်းပွဲခရီးစဉ် မတိုင်မီ မြန်မာနိုင်ငံ၌ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားရန် အိန္ဒိယ၊ နယူးဇီလန်နှင့် အာဆီယံဒေသ တွင်းနိုင်ငံများအပါအ၀င် စုစုပေါင်း ခုနစ်နိုင်ငံကို ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တွဲဖက် အထွေထွေ အတွင်းရေးမှုး  ဦးတင်မြင့်အောင်ထံမှ သိရသည်။

  • လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ စပွန်ဆာပေးအပ်

    မန္တလေး၌ ကျင်းပမည့် ယူ-၁၉ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအတွက် ကမ္ဘောဇဘဏ်မှ စပွန်ဆာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

  • မလေးရှားနှင့် ပွဲကိုအဓိကထားမည့် မြန်မာ

    မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အုပ်စုတက်ရန် မလေးရှားနှင့် ပွဲကို အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း နည်းပြချုပ် ဂတ်ဆီဇီက ပြောသည်။

  • မြန်မာအသင်း အဆင့်တစ်ဆင့်တက်

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)မှ ထုတ်ပြန်သော ဩဂုတ်လအတွင်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းက အဆင့်တစ်ဆင့် မြင့်တက်ခဲ့ပြီး အာဆီယံဒေသ အတွင်း အဆင့်(၄) နေရာအထိ တက်လှမ်းနိုင် ခဲ့သည်။

  • အတွေ့အကြုံရရန်ကစားမည့် မြန်မာယူ-၁၉

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လေးပွင့်ဆိုင် ဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်းကောင်းများနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်၍ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် အတွေ့အကြုံရရှိရေးကိုသာ ဦးစားပေး ကစားမည်ဟု မြန်မာ ယူ-၁၉အသင်း နည်းပြ ချုပ် ဦးမျိုးလှိုင်ဝင်းထံမှ သိရသည်။

  • မြန်မာနှင့် ဩစတြေးလျ တတိယလုမည်

    ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဩဂုတ် ၄ရက်(ယနေ့)တွင် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

  • ဆူဇူကီးဖလားပွဲတွင် မြန်မာအုပ်စု(ခ)၌ ကျရောက်

    မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ အာဆီယံဆူဇူကီးဖလား အုပ်စုမဲခွဲပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပရာ မြန်မာအသင်းသည် အုပ်စု(ခ)တွင် မလေးရှား၊ ဗီယက်နမ် ၊ ခြေစစ်ပွဲအောင်အသင်းတို့နှင့် ကျရောက်လျက်ရှိသည်။

  • ချန်ပီယံရတနာပုံအသင်းကို (ဖီဖာ)ဥက္ကဋ္ဌ ဂုဏ်ပြုလွှာပေးပို့

    ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်(ဥက္ကဋ္ဌ) အင်ဖန်တီနိုက အူရီဒူး ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲမပြီးဆုံးမီ ပွဲစဉ်(၄)ပွဲ အလို၌ လိဂ်သမိုင်းတစ်လျှောက် အစောဆုံးချန်ပီယံဖြစ်ခဲ့သော ရတနာပုံအသင်းထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တစ်ဆင့်ပေးပို့ခဲ့ကြောင်း သိရသည်။

  •  အနိုင်ရရန်ယုံကြည်သော မြန်မာနည်းပြ

    ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းသည် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်အမျိုးသမီး အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့် ခက်ခဲမည့် ပွဲစဉ်ဖြစ်သော်လည်း အနိုင် ရရှိရန် ယုံကြည်ကြောင်း နည်းပြချုပ် ရော်ဂျာ က ပြောသည်။

  •  ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲကို မန္တလေးမြို့၌ကျင်းပမည်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဩဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည့် လေးနိုင်ငံ ယူ-၁၉ အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပသွားရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။

  • ဆီမီးပွဲများ ယနေ့ကစားမည်

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ် ၂ရက်(ယနေ့)တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။


Advertisement
Here