Asian Cup News

  • အိမ်ရှင်မြန်မာ ဆီမီးတက်

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၆ အာဆီယံအမျိုးသမီးပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးနေ့ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပရာ မလေးရှားအသင်းက တီမောအသင်းကို ဂိုးပြတ် အနိုင်ရပြီး မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့ သရေကျခဲ့သည်။

  • မြန်မာနှင့် ဩစတြေးလျ ဆီမီးတက်

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ဒုတိယနေ့ ပွဲစဉ်များ ကို ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြိ့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းနှင့် ဩစတြေးလျ ယူ-၂၀ အသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

  • ထိုင်းနှင့် ဗီယက်နမ် ဆီမီးတက်

    မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၆ အာဆီယံအမျိုးသမီးပြိုင်ပွဲ အုပ်စု(က) ဒုတိယနေ့ကို  ယမန်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပရာ ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ နှစ်ပွဲဆက် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

  • မြန်မာအသင်း တီမောကို ၁၇ဂိုးပြတ် သွင်း

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပထမနေ့ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းတွင် ကျင်းပရာ မြန်မာအသင်းနှင့် ဩစတြေးလျ ယူ-၂၀ အသင်းတို့ ဂိုးပြတ် အနိုင်ရရှိခဲ့ကြသည်။

  • ထိုင်းနှင့် ဗီယက်နမ် နိုင်ပွဲရ

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(က) ပထမနေ့ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပ ရာ လက်ရှိ ချန်ပီယံ ထိုင်းနှင့် ဗီယက်နမ်အသင်း ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

  • မြန်မာနှင့် တီမော ယနေ့ယှဉ်ပြိုင်မည်

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၆ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် အုပ်စုပထမပွဲစဉ်အဖြစ် မြန်မာ့ လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် တီမောအမျိုးသမီးအသင်းနှင့် ဇူလိုင် ၂၇ရက်နေ့(ယနေ့) ညနေ ၆နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲစဉ်ကို  MRTV ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

  • အမျိုးသမီးဘောလုံးပွဲ သတင်းစာရှင်းလင်းပွဲကျင်းပ

    ၂၀၁၆ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပ သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲကို ပြိုင်ပွဲဝင်အသင်း ခုနစ်သင်းမှ နည်းပြ များ တက်ရောက်ခဲ့ပြီး ရောက်ရှိလာခြင်းမရှိသေး သည့် တီမောအသင်းသာ တက်ရောက်ခဲ့ခြင်း မရှိပေ။

  • အာဆီယံအမျိုးသမီးပြိုင်ပွဲ ၂၆ရက် စမည်

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၆ရက်မှစ၍ မန္တလေး မြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။

  • မြန်မာနှင့် ထိုင်း သရေကျ

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို နံနက် ၁၁နာရီမှ စတင်ကာ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

  • မြန်မာအမျိုးသမီးအသင်း ထိုင်းကို အနိုင်ရ

    အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ ယမန်နေ့ ညနေ ၅နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာ အသင်းက ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

  • အစွမ်းကုန်ကြိုးစားကစားရမည့် တက္ကသိုလ်လက်ရွေးစင်အသင်း

    စင်ကာပူနိုင်ငံ၌ ကျင်းပနေသည့် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်နေသော မြန်မာတက္ကသိုလ် လက်ရွေးစင်အသင်းသည် ထိုင်းတက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် အုပ် စုနောက်ဆုံးပွဲစဉ်တွင် အစွမ်းကုန်ရုန်းကန်ရဖွယ်ရှိကြောင်း မြန်မာတက္ကသိုလ်လက်ရွေးစင်အသင်း တွဲဖက် အုပ်ချုပ်သူ ဦးဇော်မြင့် ပြောသည်။

  • ယူ-၁၆ပြိုင်ပွဲ စည်းမျဉ်းသစ်

    ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ဇူလိုင် ၁၀ရက်က စတင်ကျင်းပလျက်ရှိသော အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် နိုင်ငံတကာပြိုင်ပွဲကြီးများ၌ ကျင့်သုံးနေပြီဖြစ်သည့်  ဘောလုံးစည်းမျဉ်း ဥပဒေသစ်များကို အသုံးပြုလျက်ရှိသည်။

  • အာဆီယံ ယူ-၁၆ ၁၀ရက်နေ့ စမည်

    အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှုးကျင်းပမည့် ၂၀၁၆ အာဆီယံ ယူ-၁၆ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၀ရက်မှ စတင်ကာ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည်ဖြစ်သည်။

  • အာဆီယံဖူဆယ်နေပြည်တော်၌ ကျင်းပမည်

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များ ကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓီဖူဆယ်အားကစားကွင်း၌ ဇူလိုင် ၁၀ရက်မှစတင်၍ တစ်ပြိုင် တည်း ကျင်းပသွားမည်ဖြစ်သည်။

  • မြန်မာနှင့် ထိုင်း ခြေစမ်းမည်

    မြန်မာအမျိုးသမီးအသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရန် ပြင်ဆင်လျက်ရှိပြီး ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဇူလိုင် ၉ ရက် ညနေ ၅နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိ ကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

  • ကစားရခက်ခဲနေသော မြက်ခင်းတုကွင်း

    ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် အာဆီယံ ယူ-၁၆ပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များကို ယှဉ်ပြိုင်မည့် မြန်မာယူ-၁၆ အသင်းအတွက် National Olympic Stadium မှာ မြက်ခင်းတုကွင်းဖြစ်သော ကြောင့် မြန်မာကစားသမားများအနေဖြင့် မိုးရွာချိန်တွင် ကစားရခက်ခဲမှုများရှိနေကြောင်း မြန်မာ ယူ-၁၆အသင်း နည်းပြချုပ် ဦးညီညီလတ်က ပြောသည်။

  • အာဆီယံ ယူ-၁၆ ပြိုင်ပွဲ မြန်မာနှင့် ဩစတြေးလျတွေ့မည်

    မြန်မာ ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စုကျပ်ထဲ၌ ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၁၀ရက် ညနေတွင်  ဩစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

  • ကြိုတင်လေ့ကျင်မည့် မြန်မာအမျိုးသမီးအသင်း

    ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဇူလိုင် ၅ရက်တွင် မန္တလေးမြို့သို့ ထွက်ခွာ၍ ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

  • လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကျင်းပမည်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၉အသင်း အတွက် အတွေ့အကြုံကောင်းများရရှိစေရန် မလေးရှား ယူ-၁၉အသင်း၊ စင်ကာပူ ယူ-၁၉အသင်းနှင့် ခြေစမ်းကစားခွင့်ရရန် ကြိုးပမ်းနေသည့်အပြင် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကျင်းပရန်လည်း စီစဉ်ထားကြောင်း သိရသည်။

  • ဗိုလ်စွဲလိုသော မြန်မာအမျိုးသမီးအသင်း

    မြန်မာအမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပမည့် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်အမျိုးသမီးပြိုင်ပွဲတွင်  ဗိုလ်စွဲရန် ရည်မှန်းထားကြောင်း အသင်းနည်းပြချုပ် ဦးဋ္ဌေးမြင့် က ပြောသည်။


Advertisement
Here