Asian Cup News

  • လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ဇွန်၃စမည်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှုးကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (AYA Bank Cup 2016) ကို ဇွန်၃ရက်နှင့် ၆ရက်တို့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်း အပါအ၀င် ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင် မည်ဖြစ်သည်။

  • ဗီယက်နမ်ကို ချီးကျူးသော ဂတ်ဆီဇီ

    မကြာမီကျင်းပမည့် AYA Bank Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ဟောင်ကောင်၊ စင်ကာပူနှင့် ဗီယက်နမ်အသင်း သုံးသင်းအနက် ဗီယက်နမ်အသင်းသာလျှင် အတောင့်တင်း ဆုံးအသင်းအဖြစ် မြန်မာ့လက်ရွေးစင် အသင်းကို ခြိမ်းခြောက် လာနိုင်ကြောင်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီက သုံးသပ်ပြောသည်။

  • မြန်မာအမျိုးသမီးအသင်းနှင့် Kanagawa ခြေစမ်းမည်

    အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာအမျိုးသမီး အသင်းသည် မေ ၁၁ရက် (ယနေ့)တွင် ခြေစမ်းပွဲ စတင်ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

  • ပဏာမကစားသမားများ ရွေးချယ်

    အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအကြိုကျင်းပမည့် AYA Bank Cup လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အသင်းသည် ပဏာမကစားသမား ၂၆ဦး ရွေးချယ်ခဲ့ပြီး လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။

  • Sponsorship စာချုပ်ပွဲနှင့် သတင်းစာရှင်းလင်းပွဲကျင်းပ

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် AYA Bank Cup 2016 လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ Title Sponsorship စာချုပ် လက်မှတ်ရေးထိုးပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂နာရီတွင် ဟိုတယ်ရန်ကုန်၌ ကျင်းပသည်။

  • မြန်မာက အိမ်ရှင်လုပ်မည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အိမ်ရှင်မြန်မာ အသင်းအပါအ၀င် ဗီယက်နမ်၊ စင်ကာပူ၊ ဟောင်ကောင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

  • ဗိုလ်စွဲရန်ကြိုးပမ်းမည့် မြန်မာ

    ၂၀၁၆ အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးသည် မြန်မာအသင်း၏ ဦးစားပေး ရည်မှန်းချက် ဖြစ်သော်လည်း ဇွန်လအတွင်း မြန်မာနိုင်ငံ၌ ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ၌လည်း ဗိုလ်စွဲရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း၏ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

  • မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့အဆင့်၄၄

     ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က မတ်လအတွက် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၁၅ခုနှစ်ဒီဇင်ဘာလတွင် နောက်ဆုံးထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အတိုင်း မပြောင်းလဲပဲ ကမ္ဘာ့အဆင့်၄၄၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

  • ထိုင်းကလပ်အသင်းများနှင့်ခြေစမ်းမည့် ဖူဆယ်အသင်း

    မြန်မာယူ-၁၉ ဖူဆယ်အသင်းသည် ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံ ယူ-၂၀ဖူဆယ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကစားရာ တွင် အောင်မြင်မှုများရရှိရန် ရည်ရွယ်၍ အောက်တိုဘာလတွင် ထိုင်းနိုင်ငံသို့ ခြေစမ်းခရီးစဉ်ထွက်မည်ဖြစ်ရာ ယင်းခရီးစဉ်၌ အတွေ့အကြုံရှိသည့် ကလပ်အသင်းများနှင့်ချစ်ကြည်ရေးခြေစမ်းကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဖူဆယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းကပြောသည်။

  • ခြေစမ်းပွဲကစားမည့်မြန်မာ

    မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ဧပြီ၂ရက်တွင် ပြန်လည်စုစည်းလေ့ကျင့်မှုများပြုလုပ်ပြီး ဧပြီလနောက်ဆုံးပတ်တွင် ၂၀၁၆MNL ALL STAR ဘောလုံးအသင်းနှင့်ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူ တစ်ဦးကပြောသည်။

  • မြန်မာ ယူ-၁၄ အသင်းဘရူနိုင်း သွားမည်

    မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်းသည် ဇူလိုင်လအတွင်း ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည့် ဘရူနိုင်းနိုင်ငံဘောလုံးပွဲတော်သို့ သွားရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး လက်ရှိတွင် ပဏာမကစားသမား ၃၁ဦးဖြင့် သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁)၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

  • အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်

    ၂၀၁၈ ကမ္ဘာ့ဖလားနှင့်၂၀၀၉အာရှဖလားပြိုင်ပွဲများအတွက် အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ယမန်နေ့က နောက်ဆုံးပွဲအဖြစ် ကျင်းပခဲ့ရာတတိယအဆင့် တက်ရောက်ခွင့်အသင်းများပေါ်ထွက်လာပြီဖြစ်သည်။

  • တတိယအဆင့်ဝင်ခွင့်ရ မြန်မာ

    ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်တတိယအဆင့်ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် လက်ဘနွန်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် ၆နာရီခွဲတွင် သွားရောက်ယှဉ်ပြိုင်ကစားရာတစ်ဂိုးစီသရေကျခဲ့သည်။

  • ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်ရန်မြန်မာနည်းပြယုံကြည်

    မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အသင်းအနေဖြင့် လက်ရှိခြေစွမ်း ထက်ပိုမိုကောင်းမွန်ကာ အောင်မြင်မှုရရန်ယုံကြည်ကြောင်းမြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီကပြောသည်။

  • မြန်မာကစားသမားများကို ထိုင်းစိတ်ဝင်စား

    ထိုင်းလိဂ်-၂ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နေသည့် ကလပ်အသင်းမားအနေဖြင့် အရှေ့တောင်အာရှဘောလုံးလောက တွင် အောင်မြင်မှုများရရှိခဲ့သောမြန်မာလက်ရွေးစင်ကစားသမားများကို ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကြောင်း ပြည်တွင်းရှိဘောလုံးကလပ်အသင်းများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရသည်။

  • အာရှဇုန်ခြေစစ်ပွဲများ

    အာရှဇုန်ခြေစစ်ပွဲများ၏ ဒုတိယနောက်ဆုံးပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး အချို့အုပ်စုများတွင်ပြတ်သွားသော အဖြေများထွက်လာကြသည်။

  • မြန်မာနှင့်စင်ကာပူပွဲတိုက်ရိုက်ထုတ်လွှင့်မည်

    မတ် ၂၄ရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည၆နာရီ ၁၅မိနစ်တွင်ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့်စင်ကာပူအသင်းတို့၏ခြေစမ်းပွဲကို SKY NET ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး အခမဲ့ရုပ်သံလိုင်းမှလည်း  တိုက်ရိုက်ပြသပေးနိုင်ရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

  • ပရိုလိုင်စင်နှင့်အေလိုင်စင်ရရှိထားရမည့် နည်းပြများ

    ၂၀၁၇ အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာကလပ်အသင်းများ၏ နည်းပြများအနေဖြင့် ပရိုလိုင်စင်နှင့်အေ လိုင်စင်ကိုရရှိထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။

  • အမျိုးသမီးအသင်း မေလဆန်းတွင် ထွက်ခွာမည်

    မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် လေ့ကျင့်မှုပိုမိုထိရောက်စေရန် ဂျပန်နိုင်ငံသို့မေလဆန်းတွင် သွားရောက်၍ကွင်းဆင်းလေ့ကျင့်မှုများအပြင်ဂျပန်အမျိုးသမီ့းလက်ရွေးစင်အသင်းနှင့်ချစ်ကြည်ရေးခြေ စမ်းပွဲကစားရန်စီစဉ်လျက် ရှိကြောင်း သိရသည်။

  • လက်ရွေးစင်အသင်းလေ့ကျင့်ရေးစတင်

    မြန်မာ့လက်ရွေးစင်အသင်း၏စခန်းသွင်းလေ့ကျင့်မှုကို မတ်၁၄ရက်မှစတင်နေပြီဖြစ်သော်လည်းအေအက်ဖ်စီ ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည်ရန်ကုန်ယူနိုက်တက်နှင့်ဧရာဝတီယူနိုက်တက်အသင်း တို့မှ ရွေးချယ်ခံထားရသည့် ကစားသမားများမှာ မတ်၁၈ရက်တွင် လက်ရွေးစင်အသင်းနှင့် လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။


Advertisement
Here