Asian Cup News

  • အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်

    ၂၀၁၈ ကမ္ဘာ့ဖလားနှင့်၂၀၀၉အာရှဖလားပြိုင်ပွဲများအတွက် အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်များကို ယမန်နေ့က နောက်ဆုံးပွဲအဖြစ် ကျင်းပခဲ့ရာတတိယအဆင့် တက်ရောက်ခွင့်အသင်းများပေါ်ထွက်လာပြီဖြစ်သည်။

  • တတိယအဆင့်ဝင်ခွင့်ရ မြန်မာ

    ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်တတိယအဆင့်ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် လက်ဘနွန်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် ၆နာရီခွဲတွင် သွားရောက်ယှဉ်ပြိုင်ကစားရာတစ်ဂိုးစီသရေကျခဲ့သည်။

  • ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်ရန်မြန်မာနည်းပြယုံကြည်

    မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်အသင်းအနေဖြင့် လက်ရှိခြေစွမ်း ထက်ပိုမိုကောင်းမွန်ကာ အောင်မြင်မှုရရန်ယုံကြည်ကြောင်းမြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီကပြောသည်။

  • မြန်မာကစားသမားများကို ထိုင်းစိတ်ဝင်စား

    ထိုင်းလိဂ်-၂ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နေသည့် ကလပ်အသင်းမားအနေဖြင့် အရှေ့တောင်အာရှဘောလုံးလောက တွင် အောင်မြင်မှုများရရှိခဲ့သောမြန်မာလက်ရွေးစင်ကစားသမားများကို ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကြောင်း ပြည်တွင်းရှိဘောလုံးကလပ်အသင်းများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရသည်။

  • အာရှဇုန်ခြေစစ်ပွဲများ

    အာရှဇုန်ခြေစစ်ပွဲများ၏ ဒုတိယနောက်ဆုံးပွဲစဉ်များကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး အချို့အုပ်စုများတွင်ပြတ်သွားသော အဖြေများထွက်လာကြသည်။

  • မြန်မာနှင့်စင်ကာပူပွဲတိုက်ရိုက်ထုတ်လွှင့်မည်

    မတ် ၂၄ရက် ကြာသပတေးနေ့ မြန်မာစံတော်ချိန် ည၆နာရီ ၁၅မိနစ်တွင်ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့်စင်ကာပူအသင်းတို့၏ခြေစမ်းပွဲကို SKY NET ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး အခမဲ့ရုပ်သံလိုင်းမှလည်း  တိုက်ရိုက်ပြသပေးနိုင်ရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

  • ပရိုလိုင်စင်နှင့်အေလိုင်စင်ရရှိထားရမည့် နည်းပြများ

    ၂၀၁၇ အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာကလပ်အသင်းများ၏ နည်းပြများအနေဖြင့် ပရိုလိုင်စင်နှင့်အေ လိုင်စင်ကိုရရှိထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။

  • အမျိုးသမီးအသင်း မေလဆန်းတွင် ထွက်ခွာမည်

    မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် လေ့ကျင့်မှုပိုမိုထိရောက်စေရန် ဂျပန်နိုင်ငံသို့မေလဆန်းတွင် သွားရောက်၍ကွင်းဆင်းလေ့ကျင့်မှုများအပြင်ဂျပန်အမျိုးသမီ့းလက်ရွေးစင်အသင်းနှင့်ချစ်ကြည်ရေးခြေ စမ်းပွဲကစားရန်စီစဉ်လျက် ရှိကြောင်း သိရသည်။

  • လက်ရွေးစင်အသင်းလေ့ကျင့်ရေးစတင်

    မြန်မာ့လက်ရွေးစင်အသင်း၏စခန်းသွင်းလေ့ကျင့်မှုကို မတ်၁၄ရက်မှစတင်နေပြီဖြစ်သော်လည်းအေအက်ဖ်စီ ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည်ရန်ကုန်ယူနိုက်တက်နှင့်ဧရာဝတီယူနိုက်တက်အသင်း တို့မှ ရွေးချယ်ခံထားရသည့် ကစားသမားများမှာ မတ်၁၈ရက်တွင် လက်ရွေးစင်အသင်းနှင့် လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

  • ရတနာပုံအသင်း ရာသီဝက်ချန်ပီယံဖြစ်

    ၂၀၁၆ ရာသီ MNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁၀) ဒုတိယနေ့ပွဲစဉ်များကို ကျင်းပရာ ရတနာပုံအသင်း နိုင်ပွဲရယူနိုင်ခဲ့ပြီး မကွေးနှင့်ရှမ်း ယူနိုက်တက်တို့သရေကျသွားသည်။

  • အာဆီယံအမျိုးသမီး အုပ်စုထွက်ပေါ်

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များထွက်ပေါ်လာပြီဖြစ်သည်။

  • ဖူဆယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပ

    ၂၀၁၆ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့ပွဲစဉ်များကို မတ် ၁၂ ရက် နေ့နံနက်ပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်ဖွင့်လှစ်ပေးသည်။

  • မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်မည်

    ၂၀၁၆ ခုနှစ် အာဆီယံဆူဇူကီးဖလားဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေပြီး စင်ကာပူနိုင်ငံ၌ သွာရောက်ခြေစမ်း မည့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းအတွက် အပြီးသတ်လူစာရင်းကို မတ် ၇ ရက်တွင်ရွေးချယ်သွားရန်ရှိကြောင်း သိရသည်။

  • ခြေစမ်းပွဲကစားရန် အမျိုးသမီးအသင်းတောင်းဆို

    အာဆီယံအမျိုးသမီး  ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဧပြီလအတွင်း ပြိုင်ပွဲလက်ခံကျင်းပမည့် မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ သွားရောက်လေ့ကျင့်ရန်စီစဉ်ထားပြီး အဆိုပါကွင်း၌ နိုင်ငံတကာခြေစမ်းပွဲကစားရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့တောင်းဆိုထားရှိကြောင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ သိရသည်။

  • ရန်ကုန်ယူနိုက်တက်ဘောလုံးသင်တန်းကျောင်း Level 1& 2 ဖွင့်မည်

    ရန်ကုန်ယူနိုက်တက်အသင်းသည် လစဉ်ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိသည့်ဘောလုံးသင်တန်းကျောင်း (School of Football )မှ မတ် ၂ ရက်တွင် Level 1 & 2 တန်းခွဲသစ်များ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

  • အသင်းအကြောင်းပြောသော ရတနာပုံနည်းပြ

    ယခုနှစ် မြန်မာနေရှယ်နယ်လိဂ်ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုများရရှိနေသည့်ရတနာပုံအသင်း၏ ကစား သမားများအား မိမိအနေဖြင့်လာမည့်ပွဲစဉ်များအတွက် ပွဲထွက်ကစားခွင့်ကို အာမခံချက်ပေးမည်မဟုတ်ဘဲ ကြံ့ခိုင်မှုအားကောင်းသည့် ကစားသမား ၁၁ ဦးကိုသာ ရွေးချယ်ပြီး ပွဲထွက်ကစားသမားများအဖြစ် ပွဲထုတ်သွားမည်ဖြစ်ကြောင်း အသင်း၏နည်းပြချုပ် ဘယ်လ်ဂျီယံလူမျိုးရီနီက ထုတ်ဖော်ပြောသည်။

  • ကွန်ရက်တစ်ခုဖွဲ့မည့် MFF

    Myanmar Football Family အမည်ဖြင့် ကွန်ရက်တစ်ခုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ( MFF ) က တရားဝင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း MFF မှ တရားဝင်ထုတ်ပြန်ထားသည်။

  • အိမ်ရှင်အစားထိုးရမည့် ဆူဇူကီးဖလားပွဲ

    ၀၁၆ ဆူဇူကီးဖလားဘောလုံး ပြိုင်ပွဲကို မြန်မာနိုင်ငံနှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသော် ဖိလစ်ပိုင်နိုင်ငံသည်  အိမ်ရှင်အဖြစ်မှနုတ်ထွက်သွားခဲ့သဖြင့် အစားထိုးရမည့်အိမ်ရှင်နိုင်ငံကိုAFF Council အစည်းအဝေးတွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

  • မြန်မာအမျိုးသမီးအသင်းဂျပန်တွင်လေ့ကျင့်

    မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် မြန်မာ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ဂျပန်နိုင်ငံသို့ နှစ်ပတ်ကြာသွားရောက်နေထိုင်လေ့ကျင့်ရန်စီစဉ်ထားကြောင်း သိရသည်။

  • ပဏာမ ယူ-၁၉ အသင်းဖွဲ့စည်း

    အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုးကျင်းပသည့် ၂၀၁၆ အာဆီယံအမျိုးသားဖူဆယ် ယူ-၂၀ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာ လက်ရွေး စင်ဖူဆယ် ယူ-၁၉ အသင်းကို ပဏာမကစားသမား ၄၀ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။


Advertisement
Here