Asian Cup News

  • အာဆီယံဆူဇူကီးဖလား သြဂုတ်လတွင်အုပ်စုခွဲမည်

    မြန်မာလက်ရွေးစင်အသင်းပါဝင်ယှဉ်ပြိုင်မည့် ၂၀၁၆ အာဆီယံဆူဇူကီးဖလားဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် မဲနှိုက်ခွဲပွဲကို သြဂုတ်လတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

  • နည်းပြချုပ်ခန့်မည့်အမျိုးသမီးအသင်း

    အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းတွင် လစ်လပ်နေသည့် နည်းပြ ရာထူးအတွက်  ဂျာမနီသို့မဟုတ် နယ်သာလန်မှ နည်းပြတစ်ဦးကိုခေါ်ယူခန့်အပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

  • ပြည်ပတွင်ခြေစမ်းမည့်အမျိုးသမီးအသင်း

    မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ခုနှစ် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် စတင်လေ့ကျင့်လျက် ရှိပြီး ပြိုင်ပွဲမတိုင်မီ တရုတ် သို့မဟုတ် ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခြေစမ်းရန် စီစဉ်ထားကြောင်း သိရသည်။

  • နိုဝင်ဘာစတုတ္တပတ်အကောင်းဆုံး ကျော်ကိုကို

    ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၅ မဲခေါင်ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ လာအိုတိုယိုတာ အသင်းကို ၅ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်အပြီးတွင် Goal.Comမှ ရွေးချယ်သည့်တစ်ပတ်အတွင်း အာဆီယံအကောင်းဆုံးဘောလုံး သမားဆုကို မြန်မာလက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက် အသင်းတိုက်စစ်မှုးကျော်ကိုကိုက ရရှိခဲ့ကြောင်း သိရသည်။

  • မြန်မာအမျိုးသမီးအသင်း ပြည်ပသို့သွားရောက်မည်

    ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ (AFF Women's Championship) မတိုင်မီ ကြိုတင်လေ့ကျင့်မှုအနေဖြင့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ပြည်ပသို့သွားရောက်လေ့ကျင့်ရန်စီစဉ် ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

  • မြန်မာအမျိုးသမီးအသင်းလေ့ကျင့်ရေးစမည်

    မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ လေ့ကျင့်ရေးအစီအစဉ်များကို  နိုဝင်ဘာ၂၂ရက်သို့မဟုတ်၂၃ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

  • ၂၀၁၅ ခုနှစ်အာဆီယံဖူဆယ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ

    မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်ဘောလုံးအသင်းသည် ၂၀၁၅ ခုနှစ်အာဆီယံဖူဆယ်ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကိုအုပ်စု (ခ) တွင်သြစတြေးလျ၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။

  • မြန်မာအသင်း ပွဲဦးထွက်ဂိုးပြတ်အနိုင်ရ

    မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့်အာရှ ယူ-၁၉ ခြေစစ်ပွဲဒုတိယနေ့ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းကသုဝဏ္ဏကွင်း၌ ကျင်းပရာအိမ်ရှင်မြန်မာအသင်းမှာ ဘရူနိုင်းအသင်းကိုလေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။

  • မြန်မာ-ဘရူနိုင်းပွဲ LED နှင့်ပြမည်

    ယမန်နှစ်ကပရိသတ်များ ကွင်းအတွင်းအောင်ပွဲခံမှုကြောင့် ပထမဆုံးကစားရမည့် ဘရူနိုင်းနှင့်ပွဲစဉ်ကို ကွင်းပိတ်ကစား ရမည်ဖြစ်ခြင်းကြောင့် ပရိသတ်များအတူတကွ အားပေးနိုင်ရန် MFF မှစီစဉ်လျက်ရှိကြောင်းသိရသည်။

  • ဗီယက်နမ်အသင်း ပွဲဦးထွက်သုံးမှတ်ရ

    မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့်အာရှ ယူ-၁၉ ခြေစစ်ပွဲအုပ်စု(G) ပထမနေ့ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ကျင်းပရာ ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို သုံးဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

  • လက်ရွေးစင်အသင်း၏ လူစာရင်းထုတ်ပြန်

    မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ရန်အတွက် အောက်ဖော်ပြပါ ကစားသမား ၂၄ ဦးကို အပြီးသတ်ရွေးချယ်ဖွဲ့စည်းလိုက်သည်။

  • မြန်မာ့အမျိုးသမီးအသင်း ဖိတ်ခေါ်ပြိုင်ပွဲပြိုင်မည်

    မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် လေ့ကျင့်မှုများမပျက်စေရန် နိုင်ဝင်ဘာလတွင်ကျင်းပမည့် ၂၀၁၅ ဗီယက်နမ်အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်း၏နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးကပြောသည်။

  • မြန်မာဖူဆယ်အသင်းအတွက် နိုင်ငံခြားသားခန့်မည်

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်အာရှ ယူ-၁၉ ဖူဆယ်ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်မြန်မာ ယူ-၁၉ ဖူဆယ်အသင်းအတွက် နိုင်ငံခြားသားနည်းပြခန့်အပ်နိုင်ရန် စီစဉ်နေကြောင်းသိရသည်။

  • စိတ်မကောင်းဖြစ်သော နည်းပြချုပ်အဲရစ်ဝီလျံ

    ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် ၂၀၁၆ အာရှ ယူ-၁၆ ဘောလုံးပြိုင်ပွဲခြေစစ်ပွဲအုပ်စု (J) ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်မြန်မာ ယူ-၁၆ ဘောလုံးအသင်းခြေစစ်ပွဲ မအောင်မြင်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်းမြန်မာ ယူ-၁၆ ဘောလုံး အသင်းနည်းပြချုပ် အဲရစ်ဝီလျံက ထုတ်ဖော်ပြောသည်။

  • အာရှဇုန်ခြေစစ်ပွဲ ကစားသမားစာရင်းထုတ်ပြန်မည်

    ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲများအဖြစ် လက်ဘနွန်၊ လာအိုအသင်းတို့နှင့်ယှဉ်ပြိုင် ကစားရမည့်မြန်မာ့လက်ရွေးစင် အသင်းသည်ယင်းပွဲစဉ်များအတွက် ကစားသမားများစာရင်းကို စက်တင်ဘာနောက်ဆုံးပတ်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကာအောက်တိုဘာ ၁ ရက်မှစ၍လေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

  • ယူ-၁၉ ခြေစစ်ပွဲစက်တင်ဘာ ၂၈ စမည်

    မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အာရှ ယူ-၁၉ ခြေစစ်ပွဲအုပ်စု(G)ပွဲစဉ်များကို စက်တင်ဘာ ၂၈ ရက်မှစတင်ကာရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပမည်ဖြစ်သည်။

  • မြန်မာ ယူ-၁၉ နည်းပြချုပ်ဂတ်ဆီဇ်ီပြောစကား

    မြန်မာ ယူ-၁၉ ဘောလုံးအသင်းအနေဖြင့် စက်တင်ဘာ ၂၀ ရက်ညနေ ၅ နာရီတွင်ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားမည့်ထိုင်း ယူ-၁၉ ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲတွင် အနိုင်အရှုံးကိုအဓိကထား၍ ကစားမည်မဟုတ်ဘဲ ပြည်ပအင်အားကြီးဘောလုံး အသင်းတစ်သင်းနှင့်ယှဉ်ပြိုင် ရသည့်အတွက်မိမိအသင်း၏ ခြေစွမ်းအစစ်အမှန်ကို မြင်တွေ့ရန်သာရည်ရွယ်ကာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း နည်းပြချုပ်ဂတ်ဆီဇီက ထုတ်ဖော်ပြောကြားသည်။

  • ယူ-၁၉ မြန်မာနှင့်ထိုင်းတို့ခြေစမ်းမည်

    ၂၀၁၆ ခုနှစ်အာရှ ယူ-၁၉ ခြေစစ်ပွဲဝင်မည့်မြန်မာ ယူ-၁၉ အသင်းသည်ထိုင်း ယူ-၁၉ အသင်းနှင့်ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ စက်တင်ဘာ ၂၀ ရက်ညနေ ၅ နာရီတွင်ခြေစမ်းကစားမည်ဖြစ်သည်။

  • ယူ-၁၆ ပွဲဦးထွက်ရှုံးနိုမ့်

    အာရှ ယူ-၁၆ ခြေစစ်ပွဲအုပ်စု(J) ပထမနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ ကျင်းပရာမြန်မာအသင်းမှာ ပွဲဦးထွက်ရှုံးပွဲကြုံတွေ့ခဲ့သည်။ မြန်မာအသင်းမှာအိမ်ရှင် ဗီယက်နမ်အသင်းနှင့် စတင်ကစားခဲ့ပြီး ၅ဂိုး-၁ဂိုးဖြင့်ရှုံးနိုမ့်ခဲ့ခြင်းဖြစ်သည်။

  • ပရိသတ်စံချိန်တင်သော အာရှချန်ပီယံလိဂ်

    ၂ နှစ် ၁ ကြိမ်ကျင်းပနေသော AFC အာရှချန်ပီယံလိဂ်ပွဲစဉ်များတွင် ပရိသတ်အားပေးမှုမှာပိုမို တိုးများလာခဲ့ကြောင်း AFC အာရှဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။


Advertisement
Here