Asian Cup News

  • ခြေစွမ်းအကုန် ထုတ်ရမည့်မြန်မာ ယူ-၁၉

    ယခုနှစ်သြဂုတ် ၃၁ တွင်လာအိုနိုင်ငံ ဗီယမ်ကျင်းမြို့၌မြန်မာ ယူ-၁၉ ဘောလုံးအသင်းမှ ၂၀၁၅ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ၏ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့်ဗီယမ်နမ် ယူ-၁၉ ဘောလုံးအသင်းနှင့် ပွဲစဉ်တွင်မြန်မာအသင်းအနေဖြင့် ခြေစွမ်းအကုန်ထုတ်ပြီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာ ယူ-၁၉ ဘောလုံးအသင်း၏ နည်းပြချုပ်ဂျာမနီလူမျိုး ဂတ်ဆီဇီကပြောသည်။

  • မြန်မာ ယူ-၁၉ ပွဲယနေ့တိုက်ရိုက်လွှင့်မည်

    အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့ ညနေ ဒေသစံတော်ချိန် ၇း၀၀ နာရီ (မြန်မာ စံတော်ချိန် ၆း၃၀) တွင် အုပ်စုတွင်း ပြိုင်ဘက် မလေးရှား အသင်းနှင့် တတိယမြောက် အုပ်စု ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

  • မြန်မာအသင်းကံကောင်းဟု ဂတ်ဆီဇီ ပြောကြား

    အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အုပ်စု ပွဲစဉ်တွင် တီမောအသင်းကို နာကျင်အချိန်ပို၌ ရရှိခဲ့သည့် သွင်းဂိုးဖြင့် သရေကျခဲ့ပြီးနောက် မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ကစားသမား အချို့၏ အားထုတ်မှုကို ဝေဖန်ခဲ့ပြီး ကံကောင်း သောကြောင့်သာ သရေကျခဲ့ ရခြင်းဟု ဆိုလိုက်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုပွဲတွင် ပွဲချိန် ၁ မိနစ် မပြည့်မီ ကတည်းက တီမော အသင်း၏ ဦးဆောင်မှုကို ခံခဲ့ရပြီး နာကျင် အချိန်ပို ၂ မိနစ်တွင် ချေပဂိုး ပြန်ရခဲ့ သောကြောင့်သာ ရှုံးပွဲမကြုံတွေ့ ခဲ့ရခြင်း ဖြစ်သည်။

  • သရေကျခဲ့သော ယူ-၁၉ ပွဲစဉ်များ

    လာအိုနိုင်ငံတွင်ကျင်းပနေသော AFF ယူ-၁၉ ချန်ပီယံရှစ်အုပ်စု B ပွဲစဉ်များကိုယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ၂ ပွဲလုံးသရေကျသွားခဲ့သည်။

  • နိုင်ပွဲဆက်နေသော မလေးရှား

    AFF ယူ-၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယမန်နေ့ကဆက်လက်ကျင်းပခဲ့ရာ မလေးရှားအသင်းမှာ ၂ ပွဲဆက်အနိုင်ရပြီး အခြေအနေကောင်းလျက်ရှိသည်။

  • မြန်မာယူ-၁၉ အသင်းပွဲဦးထွက်အနိုင်ရ

    အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲအုပ်စု (ခ) ပထမနေ့ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းတွင် လာအိုနိုင်ငံဗီယန်ကျင်းမြို့၌ ကျင်းပရာမြန်မာ ယူ-၁၉ အသင်းကစင်ကာပူ ယူ-၁၉ အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့်ပွဲဦးထွက် အနိုင်ရရှိခဲ့သည်။

  • AFF အကောင်းဆုံးဆုများ

    ၂၀၁၅ ခုနှစ်သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော အာဆီယံ အကောင်းဆုံး ဆုပေးပွဲ ညတွင် ပေးအပ်ချီးမြှင့်ခဲ့သော ဆုတံဆိပ် စုစုပေါင်း၊ ဆုအမျိုးအစား၊ ဆုရရှိသူ များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မြန်မာအသင်းနည်းပြချုပ် ဂတ်ဆီဇီပြောစကား

    အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်တွင် စင်ကာပူ အသင်းကို အနိုင်ရခဲ့သော်လည်း ကျန်ရှိသည့် အုပ်စုပွဲစဉ် များတွင် မလေးရှား၊ ဗီယက်နမ် တို့ကဲ့သို့ တောင့်တင်းသော အသင်းများကို ကျော်ဖြတ် နိုင်ရန် အတွက် မြန်မာ ယူ-၁၉ အသင်းအနေဖြင့် ယခုထက် ပိုမို တိုးတက်ရန် လိုအပ်နေသေးကြောင်း ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီက ပွဲအပြီးတွင် မှတ်ချက်ပြု ပြောကြားခဲ့သည်။

  • AFF ဒုဥက္ကဌဖြစ်လာသော ဦးဇော်ဇော်

    ယနေ့နံနက်ရန်ကုန်မြို့ Novotel Hotel တွင်ကျင်းပသော Asean Football Federation (AFF) ကွန်ဂရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်အား ကွန်ဂရက်အစည်းအဝေးက အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ၏ ဒုတိယ ဥက္ကဋ္ဌ မဲပေးဆုံးဖြတ်ရွေးချယ် လိုက်ကြောင်းသတင်းရရှိသည်။

  • မြန်မာ ယူ-၁၉ လာအိုသို့ ရောက်ရှိ

    ထိုင်းနိုင်ငံသို့ သွားရောက် လေ့ကျင့်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် လာအိုနိုင်ငံ ဗီယန်ကျင်း မြို့သို့ ယနေ့နံနက်ပိုင်း ဒေသ စံတော်ချိန် ၁၁း၀၀ နာရီခန့်က ရောက်ရှိခဲ့သည်။

  • အာဆီယံအကောင်းဆုံး ဆုပေးပွဲမနက်ဖြန်ကျင်းပမည်

    အာဆီယံအကောင်းဆုံး ဆုပေးပွဲမနက်ဖြန်ကျင်းပမည်ဖြစ်ပြီး ယင်းကျင်းပမည့် အာဆီယံအကောင်းဆုံး ဆုပေးပွဲတွင်ပေးအပ်မည့် အာဆီယံအကောင်းဆုံး ကစားသမားလေးဦး ဆန်ခါတင်စာရင်းတွင် မြန်မာ့လက်ရွေးစင်အသင်းမှ တိုက်စစ်မှုးအောင်းသူပါဝင် လာခဲ့ကြောင်းသိရသည်။

  • အာဆီယံ ယူ-၁၉ ရုပ်/သံ၌ပြမည်

    မြန်မာယူ-၁၉အသင်း ပါဝင်ယှဉ်ပြိုင်မည့် အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို MRTV Entertainment Channel မှအကြိုဗိုလ်လုပွဲမှစ၍ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

  • ယူ-၁၆ တွင်ဘင်္ဂလားဒက်ခ်ျဗိုလ်စွဲ

    တောင်အာရှဘောလုံးအဖွဲ့ချုပ် SAFF ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အိမ်ရှင်ဘင်္ဂလားဒက်ခ်ျ အသင်းဗိုလ်စွဲခဲ့ကြောင်း သိရသည်။

  • AFFအကောင်းဆုံးဆု ၂၂ ရက်နေ့ချီးမြှင့်မည်

    အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) တစ်နှစ်တာ အကောင်းဆုံး ဆုပေးအပ်ပွဲ အခမ်းအနားနှင့် AFF ကွန်ဂရက် အစည်းအဝေးကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သြဂုတ်လ ၂၂ ရက်နေ့တွင် အိမ်ရှင်အဖြစ် Novotel Yangon Max တွင်ကျင်းပသွားမည် ဖြစ်သည်။ အာဆီယံ ဘောလုံး အဖွဲ့ချုပ်၏ တစ်နှစ်တာ အကောင်းဆုံးဆု များပေးအပ်ပွဲကို ယင်းနေ့ ည(၇း၀၀)နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုအရေအတွက် (၁၈)မျိုးအထိ ပေးအပ် သွားမည်ဖြစ်သည်။

  • MNLပွဲစဉ်(16)ရက် ပြောင်းရွှေ့ကျင်းပမည်

    ၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ၁၁-၈-၂၀၁၅ရက်နေ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် MNL CEO.MNL COO. တွဲဖက်အတွင်းရေးမှူး(တာဝန်ခံ လက်ရွေးစင်များအသင်း) MFF . မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် တို့နှင့် MNL-1ကလပ်အသင်းများမှ တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေး ဆုံးဖြတ်ချက်များအရ Ooredoo MNL 2015( M-1) ပြိုင်ပွဲ၂၀၁၅ ခုနှစ် သြဂုတ်လ (၂၂) ရက် နှင့် (၂၃)ရက် တို့တွင် ယှဉ်ပြိုင်ကစားရန် သတ်မှတ်ထားသည့် Week(16) ပွဲစဉ်များအား ၂၀၁၅ခုနှစ် စက်တင်ဘာလ (၂၉)နှင့် (၃၀)ရက်သို့ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

  • မြန်မာနှင့်ထိုင်းယူ-၁၉ ခြေစမ်းမည်

    ထိုင်းနိုင်ငံသို့ ရောက်ရှိ လေ့ကျင့်လျှက် ရှိသည့် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲ အဖြစ် သြဂုတ် ၁၉ ရက် ညနေ ၇း၀၀ နာရီတွင် ထိုင်း ယူ-၁၉ အသင်းနှင့် ခြေစမ်း ကစားမည် ဖြစ်သည်။

  • ရေဘေးအလှူ ရန်ပုံငွေပွဲအဖြစ် ခြေစမ်းပွဲကျင်းပမည်

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းကမ်းလှမ်းမှု အဖြစ် နယူးဇီလန် လက်ရွေးစင် ဘောလုံး အသင်းသည် မြန်မာ့ လက်ရွေးစင် အသင်းနှင့် စက်တင်ဘာ (၇)ရက်နေ့တွင် ရန်ကုန်မြို့သို့ ခြေစမ်းပွဲ လာရောက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ခြေစမ်းပွဲမှ ရရှိသော ကွင်းဝင်ကြေးများနှင့် လှူဒါန်းမှုများအား ရေဘေးဒဏ်ခံ မိသားစုများ သို့ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ရာ အဆိုပါ ခြေစမ်းပွဲ ဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် နယူးဇီလန် နိုင်ငံသံရုံးမှ Deputy Head of Mission မစ္စတာ စတီဖင်ဝမ် တို့သည် ယနေ့ မနက် (၁၁း၀၀)နာရီက YTC ကွင်း အစည်းအဝေး ခန်းမတွင် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

  • မြန်မာယူ-၁၉ အပြီးသတ်လူစာရင်း

    သြဂုတ် ၂၃ ရက်မှ စက်တင်ဘာ ၄ ရက်ထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း၏ အပြီးသတ် လူစာရင်းကို နည်းပြချုပ် ဂတ်ဆီဇီက ထုတ်ပြန် လိုက်ပြီ ဖြစ်သည်။

  • မြန်မာယူ-၁၆ ပြန်လည်ရောက်ရှိ

    ၂၀၁၅ အာဆီယံယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ (AFF U-16 Championship 2015) တွင် ဒုတိယငွေတံဆိပ်ဆုနှင့် အသန့်ရှင်းဆုံးအသင်းဆု ရယူနိုင်ခဲ့သည့် မြန်မာယူ-၁၆ အသင်းသည် ယမန်နေ့ ညနေ (၃း၀၀) တွင် ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆိုက်ရောက်ခဲ့သည်။

  • မြန်မာနှင့်ထိုင်း ဗိုလ်လုမည်

    အာဆီယံယူ-၁၆ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့ညနေပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၌ ဆက်လက်ယှဉ်ပြိုင် ကစားရာ မြန်မာအသင်းသည်လာအိုအသင်းကို အနိုင်ယူပြီးဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။


Advertisement
Here