AFC Cup News

  • AFC Cup အဝေးကွင်းကစားရမည့် မကွေး

    AFC Cup ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မကွေးအသင်းသည် အုပ်စုတတိယပွဲအဖြစ် အဝေးကွင်းကစာရမည် ဖြစ်သည်။ ကမ္ဘောဒီးယား လက်ရွေးစင်အသင်းသည် မတ် ၁၄ ရက် မြန်မာစံတော်ချိန် ညနေ ၅နာရီ တွင် ကမ္ဘောဒီးယားနိုင်ငံ  ဖနွမ်းပင်မြို့ရှိ အိုလံပစ်ကွင်း ၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

  • AFC Cupကစားရန် မကွေး ကမ္ဘောဒီးယားသို့ ထွက်ခွာ

    AFC Cup 2017 အုပ်စု (F) တတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယားကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားရန် မကွေးအသင်းသည် ယမန်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။

  • ရတနာပုံနှင့် ထန်ကွမ်နင်သရေကျ

    ၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု (H) ဒုတိယပွဲအဖြစ် ထန်ကွမ်နင်(ဗီယက်နမ်)အသင်းနှင့် ရတနာပုံ(မြန်မာ)အသင်းသည် ယမန်နေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင်းကွင်း၌ ကျင်းပရာ တစ်ဂိုးစီသရေကျခဲ့သည်။

  • AFC Cup ပြိုင်ပွဲတွင် မကွေးနှင့် ဂျိုဟိုးသရေကျ

    ၂၀၁၇ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု(F) ဒုတိယပွဲအဖြစ် မကွေးအသင်းနှင့် ဂျိုဟိုးဒါရူးလ်(မလေးရှား)အသင်းတို့သည် ယမန်နေ့ ညနေ၃နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီ သရေကျခဲ့သည်။

  • ဗီယက်နမ်ကို အနိုင်ရရန် ယုံကြည်ဟုနည်းပြချုပ်ပြော

    AFC Cup 2017 Group (H) အဖြစ် ဗီယက်နမ်ကလပ် သန်ကွမ်နင်းအသင်းကို အနိုင်ယူနိုင်ရန် ကစားသမားများအား အပြည့် အ၀ယုံကြည်ကြောင်း ရတနာပုံအသင်း နည်းပြချုပ်ရီနီက ယမန်နေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

  • AFC Cup 2017 အုပ်စုဒုတိယပွဲစဉ်များ ကစားမည်

    AFC Cup 2017 အုပ်စုဒုတိယပွဲစဉ်များကို မတ် ၇ရက်နှင့် ၈ရက်တို့တွင် ရတနာပုံအသင်းသည် အဝေးကွင်းပွဲစဉ်အဖြစ် လည်းကောင်း၊ မကွေးအသင်းသည် အိမ်ကွင်းအဖြစ်လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

  • ရတနာပုံက ဟုမ်းအသင်းကို အနိုင်ရ

    ၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု (H) ပထမနေ့ကို ယမန်နေ့ ညနေ ၅နာရီတွင် မန္တလာသီရိကွင်း၌ ကျင်းပရာ ရတနာပုံအသင်းက ဟုမ်းယူနိုက်တက်(စင်ကာပူ)ကို ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

  • AFC Cup အဖွင့်ပွဲတွင် မကွေးရှုံးနိမ့်

    ၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု (F) ပထမပွဲအဖြစ် ဂလိုဘယ်(ဖိလစ်ပိုင်)နှင့် မကွေး(မြန်မာ)အသင်းသည် ယမန်နေ့ ညနေ ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Rizall Memorial ကွင်း၌ ယှဉ်ပြိုင်ကစားရာ ဂလိုဘယ်အသင်းက ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။

  • ရတနာပုံနှင့် ဟုမ်းအသင်း ယနေ့ကစားမည်

    ၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု (H) အဖွင့်ပွဲအဖြစ် ရတနာပုံအသင်း(မြန်မာ)နှင့် ဟုမ်းယူနိုက်တက်(စင်ကာပူ) အသင်းတို့ သည် ဖေဖော်ဝါရီ ၂၂ရက် (ယနေ့) ညနေ ၅နာရီတွင် မန္တလေးမြို့ရှိ မန္တလာသီရိ ကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

  • အကောင်းဆုံးပြင်ဆင်ထားကြောင်း မကွေးနည်းပြပြော

    AFC Cup 2017 ပြိုင်ပွဲကို ပထမဆုံး အတွေ့အကြုံအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာနေရှင်နယ်လိဂ်ကလပ် မကွေးအသင်း သည် ဖေဖော်ဝါရီ ၂၁ရက်တွင် ဖိလစ်ပိုင်ကလပ်နှင့် အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် အကောင်းဆုံးပြင်ဆင်ထားကြောင်း မကွေးအသင်းနည်းပြချုပ် ဦးဇော်ဝင်းထွန်းက မနီလာမြို့၌ ယမန်နေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

  • အိမ်ကွင်းပွဲစဉ် လက်မှတ်ဈေးနှုန်းများထုတ်ပြန်

    ရတနာပုံအသင်းသည် AFC Cup 2017 အုပ်စုအဖွင့်ပွဲစဉ်ကို အိမ်ကွင်းအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ယင်းပွဲစဉ်အတွက် ပွဲကြည့်ခွင့်လက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်ခဲ့သည်။

  • မကွေးအသင်း ဖိလစ်ပိုင်သို့ ထွက်ခွာ

    2017 AFC Cup ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အဝေးကွင်းကစားရမည့် မကွေးအသင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

  • AFC Cup ပြိုင်ပွဲ ရတနာပုံနှင့် မကွေးယှဉ်ပြိုင်မည်

    မြန်မာကလပ်အသင်းများအတွက် အရေးပါသည့် ၂၀၁၇ ရာသီ AFC Cup ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဖေဖော်ဝါရီ တတိယပတ်တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။

  • AFC Cupတွင် အုပ်စုတက်ရန် မျှော်လင့်ဟုနည်းပြဆို

    2017 AFC Cup ပြိုင်ပွဲတွင် ရတနာပုံအသင်းအနေဖြင့် သုံးသင်းအုပ်စုတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းထဲမှ နှစ်သင်းမှာ အုပ်စုတက်မည်ဖြစ်သောကြောင့် မိမိတို့အသင်းအနေဖြင့် အုပ်စုတက်ရန် မျှော်လင့်ထားကြောင်း ရတနာပုံအသင်း လက်ထောက်နည်းပြ ဦးဇော်လေးအောင်က ပြောသည်။

  • အကောင်းဆုံးပြင်ဆင်မည့် မကွေး

    ၂၀၁၇ ဘောလုံးရာသီတွင် AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားသော မကွေးအသင်းသည် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းပိုင်ရှင်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရာမှ လက်ရှိတွင် ယှဉ်ပြိုင်ခွင့်ရရှိပြီ ဖြစ်ကြောင်း အသင်းမန်နေဂျာ ဦးစိုးမင်း က ပြောသည်။

  • အသင်းပိုင်ရှင်ပေါ်မူတည်သည့်မကွေးအသင်း

    မကွေးအသင်းသည် ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုကို ဆွတ်ခူးပြီးနောက်၂၀၁၇ ဘောလုံးရာသီတွင် AFC Cup ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သော်လည်း ပြိုင်ပွဲဝင်ရန်၊ မ၀င်ရန် မှာ အသင်းပိုင်ရှင်အပေါ်တွင် မူတည်သည်ဟု နည်းပြချုပ် ဦးကြည်လွင်ထံမှ သိရသည်။

  • AFC Cup ၀င်ခွင့်ရရှိရေး ဇွဲကပင်မျှော်မှန်း

    ဇွဲကပင်ယူနိုက်တက်အသင်းသည် လာမည့်နှစ် AFC Cup ဘောလုံးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် လက်ရှိကျင်းပနေသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို အရယူရန် မျှော်မှန်းထားကြောင်း အသင်း၏နည်းပြချုပ် ဦးအောင်မင်းဦး က ပြောသည်။

  • အုပ်စုအဆင့်မှထွက်ခဲ့ရသော ရန်ကုန်

    ၂၀၁၆ရာသီ AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များအဖြစ် ယနေ့ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားရာ ရန်ကုန်အသင်း က မော်လ်ဒိုက်အသင်းကို ၃ဂိုး-၂ဂိုး၊ ဧရာဝတီအသင်းက လာအိုတိုယိုတာ အသင်းကို ၃ဂိုး-၂ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

  • ယနေ့ယှဉ်ပြိုင်မည့် AFC Cup

    မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းတို့ ပါဝင်သည့်၂၀၁၆ ရာသီ AFC Cup အုပ်စုနောက်ဆုံးပွဲစဉ် များကို မေ ၁၁ရက်(ယနေ့)တွင် ယှဉ်ပြိုင်မည် ဖြစ်သည်။

  • AFC Cup နောက်ဆုံးပွဲစဉ်များ

     မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ဧရာဝတီအသင်းတို့ ပါဝင်သည့် ၂၀၁၆ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် များကို မေ ၁၁ရက်တွင် ကျင်းပမည်ဖြစ်သည်။


Advertisement
Here