AFC Cup News

  • မြန်မာယူ-၁၄ တတိယရ

    ဗီယက်နမ်တွင်ကျင်းပခဲ့သော AFC ယူ-၁၄ အာဆီယံဇုန်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ-၁၄ အသင်းက တတိယ ရရှိခဲ့သည်။

  • ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ၂၀၁၅ ပြိုင်ပွဲအတွက် တပ်မတော်မှ ကျပ်သိန်း (၂၀၀၀) ပံ့ပိုးလှူဒါန်း

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကျင်းပလျက်ရှိသည့် ဗိုလ်ချုပ် အောင်ဆန်း ဒိုင်း ၂၀၁၅ ရှုံးထွက် ပြိုင်ပွဲအတွက် တပ်မတော်မှ ပံ့ပိုး လှူဒါန်းငွေ ပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ (၆း၃၀) နာရီက ရန်ကုန်မြို့ ပြည် လမ်းရှိ Novotel Max Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်ကိုယ်စား စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦးနှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် ဥက္ကဋ္ဌနှင့် မြန်မာနေရှင်နယ် လိဂ် ကလပ်အသင်းပိုင်ရှင်များ၊ MFF နှင့် MNL ကလပ်အသင်း တာဝန်ရှိသူများ၊ ကစားသမား များနှင့် မီဒီယာများ တက်ရောက်ခဲ့ ကြသည်။

  • ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကျင်းပရေးတပ်မတော်မှ လှူဒါန်းမည်

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှ ကြီးမှူးကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ ၂၀၁၅(General Aung San Shield 2015) အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပံ့ပိုးကူညီသည့်အနေဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀၀) ပံ့ပိုးလှူဒါန်းမည်ဟုသိရပြီး ယင်းလှုဒါန်းပွဲ အခမ်းအနားကို မနက်ဖြန် ဇွန်လ (၂၇) ရက်နေ့၊ ညနေ (၆) နာရီ တွင် ပြည်လမ်းရှိ Yangon Novotel Max ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ပါသည်။

  • ဥက္ကဋ္ဌများနှင့် ဆွေးနွေးသောဦးဇော်ဇော်

    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်သည် ဖီဖာယူ၂၀ ကမ္ဘာ့ဖလား (နယူးဇီလန်) ပြိုင်ပွဲကာလ အတွင်း တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ချောင်မွန်ဂျွန်း၊ ထိုင်းဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ၀ိုရာဝီ မာကူဒီတို့နှင့်တွေ့ဆုံ၍ မြန်မာ့ဘောလုံး ဖွံဖြိုးတိုးတက်ရေး စီမံကိန်းများ လက်တွဲဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

  • မြန်မာနှင့်ဗီယက်နမ် ဆီးမီးတွင်တွေ့မည်

    AFC ယူ-၁၄ အမျိုးသမီးဘောလုံး ပြိုင်ပွဲအာဆီယံဇုန်တွင် ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သော မြန်မာယူ-၁၄ အမျိုးသမီးအသင်းမှာ စနေနေ့ကျင်းပမည့် ဆီးမီးဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ်နှင့် တွေ့ရမည်ဖြစ်သည်။

  • မြန်မာ ၄း၁ လာအို

    ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့တွင်ကျင်းပနေသော  အာဆီယံဇုန် ယူ-၁၄ အမျိုး။သမီးပြိုင်ပွဲတွင် မြန်မာကလာအိုကို ၄း၁ ဖြင့်အနိုင်ရကာ ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီဖြစ်သည်။

  • ကွာတားတက်သောဂျပန်

    လက်ရှိချန်ပီယံဂျပန်အသင်းမှာ ၂၀၁၅ အမျိုးသမီးကမ္ဘာ့ဖလား ရှုံးထွက်ပြိုင်ပွဲတွင် ဟော်လန်ကို ၂း၁ ဖြင့်အနိုင်ရကာ ကွာတား ဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

  • AFC ယူ-၁၄ ပွဲများစတင်

    AFC ယူ-၁၄ ချန်ပီယံရှစ် အာဆီယံဇုန်ပြိုင်ပွဲများစတင်ခဲ့ရာ အုပ်စု A မှမြန်မာနှင့်ထိုင်း၊ အုပ်စု B မှမလေးနှင့်ဗီယက်နမ်တို့ အနိုင်ရရှိခဲ့ကြသည်။

  • ဝေသာလီကွင်းစီမံကိန်းပန္နက်ချ

    ရခိုင်ပြည်နယ်စစ်တွေမြို့ရှိဝေသာလီကွင်းအားအဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းပန္နက်ချမင်္ဂလာအခမ်းအနားကိုဇွန်လ (၁၉)ရက်နေ့က ရခိုင်ယူနိုက်
    တက်အက်ဖ်စီ၏အိမ်ကွင်းဖြစ်သောဝေသာလီကွင်းအရှေ့ဘက်ရှင်းလင်းဆောင်တွင်ကျင်းပပြုလုပ်ခဲ့သည်။

  • AFC U-14 အမျိုးသမီး ဂိုးပြတ်နိုင်ပွဲ ရ

    မြန်မာ အမျိုးသမီး ယူ-၁၄ အသင်းသည် ယနေ့ ဇွန်လ (၂၃) ရက်နေ့၊မြန်မာစံတော်ချိန် မွန်းလွဲ (၁း၃၀) နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်၊လူငယ်လေ့ကျင့်ရေး စခန်း ကွင်းအမှတ် (၁) ၌ အာရှ ဒေသတွင်း အမျိုးသမီးယူ-၁၄ ချန်ပီယံရှစ် ပြိုင်ပွဲ (အာဆီယံဇုန်)AFC U-14 Girls' Regional Championship 2015 အုပ်စု (က) အဖွင့်ပွဲစဉ် အဖြစ် ကမ္ဘောဒီးယား အမျိုးသမီး
    ယူ-၁၄ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၃ ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိ ခဲ့သည်။

  • အေအက်ဖ်စီ (အေ) နည်းပြ သင်တန်း ဇူလိုင် (၇) ရက်နေဖွင့်မည်

    မန်မာ့ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အရည်အသွေးပြည့်ဝသည့် ဘောလုံး နည်းပြ ဆရာများ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ အာရှ ဘောလုံးအဖွဲ့ချုပ် (အေ) လိုင်စင် နည်းပြသင်တန်း (AFC "A" Certificate Coaching Course) ကို၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့မှ သြဂုတ်လ(၃) ရက်နေ့အထိ ရန်ကုန်မြို့၊ အမျိုးသားဘောလုံး လေ့ကျင့်ရေးစခန်း၊ သုဝဏ္ဏ တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

  • မြန်မာအသင်းများ အောင်မြင်မှု ရရှိရေး ဆွေးနွေး

    မန်မာ့လက်ရွေးစင် အသင်းများ လာမည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်မက်စ် တွင်ပြုလုပ်ခဲ့သည်။

  • စံချိန်သစ်တင်သော ဂျပန်သူဆာဝါ

    AFC ၁ နှစ်တာ အကောင်းဆုံးအမျိုးသမီး ကစားသမားဆုကို ၂ ကြိမ်တိုင်ရခဲ့ဘူးသော ဂျပန်အမျိုးသမီးလက်ရွှေးစင် အိုမာရီဆာဝါမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ၆ ကြိမ်ဆက်တိုက် ပါဝင်ကစားခဲ့ဘူးသော ပထမဆုံးကစားသမား အဖြစ်စံချိန်တင် လိုက်ပြီဖြစ်သည်။

  • ထိပ်ဆုံးမှ ဧရာဝတီတိုက်စစ်မှူး

    ယခုနှစ် ၂၀၁၅ AFC ဖလားပွဲစဉ်များတွင် မြန်မာကလပ် ဧရာဝတီမှ တိုက်စစ်မှူး ရစ္စတီမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

  • စံချိန်သစ်နဲ့ ဆာဝါ

    AFC ၁ နှစ်တာ အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို ၂ ကြိမ်တိုင် ရရှိထားသော ဂျပန်လက်ရွေးစင် ဟိုမာရီ ဆာဝါမှာ ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပွဲအတွက် ဂျပန်လူစာရင်းတွင် ထပ်မံပါဝင်ခဲ့သဖြင့် ကမ္ဘာ့ဖလားပွဲ ၆ ကြိမ်ဆက်တိုက် ပါဝင်နိုင်ခဲ့သည့် ပထမဆုံး ကစားသမားတစ်ဦးအဖြစ် စံချိန်တင်ခဲ့ပြီ ဖြစ်သည်။

  • အဖြေပေါ်ခဲ့သော AFC ပွဲစဉ်များ

    AFC Cup အုပ်စုပွဲစဉ် ၅ ကို ယမန်နေ့က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အချို့အုပ်စုများတွင် ပြတ်သားသော အဖြေများ ထွက်ပေါ်လာပြီ ဖြစ်သည်။

  • နောက်တစ်ဆင့်တက်သော ဧရာဝတီ

    ယမန်နေ့က ကစားခဲ့သော AFC Cup အုပ်စုပွဲစဉ် ၅ တွင် ဧရာဝတီအသင်းမှာ လာအို တိုယိုတာ အသင်းကို ၄း၃ ဖြင့် နိုင်ခဲ့သောကြောင့် နောက် တစ်ဆင့်တက်ရန် သေချာသွားခဲ့ပြီဖြစ်သည်။

  • ဧရာဝတီ၏ AFC Cup ပွဲစဉ်

    AFC Cup အုပ်စုပွဲစဉ်ဖြစ်သည့် ဧရာဝတီနှင့် လာအိုတိုယိုတာ အသင်းတို့ ပွဲစဉ်ကို ယနေ့ ညနေ ၃း၃၀ နာရီတွင် YTC ကွင်းတွင် ကျင်းပသွားမည် ဖြစ်ပါသည်။

  • ကစားရဦးမည့် AFC Cup ပွဲစဉ်များ

    အသင်း ၃၂ သင်း ပါဝင်ကစားနေသည့် AFC Cup ပွဲစဉ်များ၏ ပွဲစဉ် ၅ ကို ယနေ့နှင့် မနက်ဖြန်တို့တွင် ဆက်လက်ကစားကြဦးမည် ဖြစ်သည်။

  • အဝေးကွင်းတွင် အနိုင်ရသော ဧရာဝတီ

    AFC ဖလား အုပ်စုပြိုင်ပွဲအဖြစ် အဝေးကွင်းတွင် နယူးရေးဒီးယင့်အသင်းနှင့် ကစားခဲ့ရသောပွဲတွင် ဧရာဝတီ ယူနိုက်တက်က ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။


Advertisement
Here