SEA Games News

  • ၂၀၁၇ ဆီးဂိမ်းတွင် ယူ-၂၁ သာကစားရမည်

    အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည်၂၀၁၇ခုနှစ် ဆီးဂိမ်းဘောလုံးပွဲမှစတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲကိုယူ-၂၁ အဖြစ် ပြောင်းလဲသတ်မှတ်ကျင်းပသွားရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

  • ထိခိုက်မှုအာမခံလျော်ကြေး ပေးအပ်ပွဲကျင်းပ

    စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများထဲမှ ပြိုင်ပွဲကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော အားကစားသမားများကို ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံလျော်ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားတစ်ရပ်ကို ဇူလိုင်လ ၁ရက်နေ့ မွန်းလွဲပိုင်းက မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ဧရာမြန်မာ အာမခံ လုပ်ငန်း ရုံးချုပ်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

  • ဆီးဂိမ်းအဆင့် ၇- မြန်မာ

    စင်င်္ကာပူတွင် ကျင်းပသည့် ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲကြီးမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ယနေ့ ပိတ်ပွဲကျင်းပမည်ဖြစ်ကာ မြန်မာအားကစား အဖွဲ့များက စုစုပေါင်းဆုတံဆိပ် ၆၉ ခုဖြင့်အဆင့် ၇ နှင့် ကျေနပ်ခဲ့ရပြီဖြစ်သည်။

  • ဗီယက်နမ် ၅းဝ အင်ဒိုနီးရှား

    ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲမှ ဘောလုံးပွဲ ပွဲစဉ်တတိယနေရာလုပွဲတွင် ဗီယက်နမ်ကအင်ဒိုနီးရှားကို ၅းဝ ဖြင့်အနိုင်ရရှိကာ တတိယကြေးတံဆိပ် ရရှိသွားခဲ့သည်။

  • ဗိုလ်လုပွဲရောက် မြန်မာ

    ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းမှာ ၂၀၀၇ ဆီးဂိမ်းတွင် ဗိုလ်လုပွဲရောက်ခဲ့ပြီးနောက် ၈ နှစ်အကြာ ၂၀၁၅ တွင်ဗိုလ်လုပွဲသို့ နောက်တစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

  • မြန်မာ အသင်းသတင်းစာ ရှင်းလင်းပွဲ

    မြန်မာ့ လက်ရွေးစင် အသင်းနှင့် လာအို လက်ရွေးစင် အသင်းတို့၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖွင့်ပွဲစဉ် အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက လာအို ဘောလုံးအဖွဲ့ချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ နှစ်ဖက်အသင်း နည်းပြများ၊ အသင်းခေါင်းဆောင်များနှင့် တာဝန်ရှိသူများ၊ မီဒီယာများ တက်ရောက် ခဲ့ကြသည်။

  • မြန်မာ ယူ၂၃ နည်းပြ ဦးကြည်လွင် ၏အဖြေစကား

    "ယမန်နေ့က ကစားခဲ့သော ကမ္ဘောဒီးယားနှင့် ပွဲအပြီးတွင် မြန်မာ ယူ-၂၃ နည်းပြဦးကြည်လွင်က သတင်းသမား များ၏ မေးမြန်းမှုကို အောက်ပါအတိုင်း ဖြေကြား သွားခဲ့သည်။

  • ဆီးဂိမ်းမှ အဆုံးအဖြတ်ပွဲတစ်ပွဲ

    ၂၀၁၅ စင်င်္ကာပူ ဆီဂိမ်းဘောလုံး ပြိုင်ပွဲတွင် အရေးကြီးပွဲစဉ် တစ်ပွဲဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့ပွဲစဉ်ကို ယနေ့ညနေ ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။

  • ရွှေထပ်ရသော မြန်မာ

    ၂၀၁၅ စင်င်္ကာပူဆီးဂိမ်း ပြိုင်ပွဲ၏ ယမန်နေ့ပွဲစဉ်များတွင် မြန်မာအသင်းက ရွှေတံဆိပ် ၂ ခု ထက်မံရရှိခဲ့ကြောင်း သိရသည်။

  • နောက်တစ်ဆင့်တက်သော မြန်မာ ယူ-၂၃

    ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းမှာ ယမန်နေ့က ဖိလစ်ပိုင်နှင့် ပွဲတွင် ၅း၁ ဖြင့် အနိုင်ရခဲ့ပြီးနောက် ဆီးမီးဖိုင်နယ်တက်ရန် သေချာသွားခဲ့ပြီ ဖြစ်သည်။

  • ရွှေတံဆိပ် ၇ ခုရထားသော မြန်မာ

    စင်င်္ကာပူတွင် ကျင်းပနေသော ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းမှာ ယမန်နေ့ ဇွန်လ ၇ ရက် ပွဲစဉ်များအပြီးတွင် ရွှေတံဆိပ် ၇ ခု ရရှိထားပြီဖြစ်သည်။

  • ရွှေတံဆိပ်စရသော မြန်မာ

    ၂၀၁၅ ဆီးဂိမ်းတွင် မြန်မာအသင်းမှာ ယနေ့ ဇွန်လ ၆ ရက်နေ့၌ ရွှေတံဆိပ်စတင်ရရှိခဲ့ပြီဖြစ်သည်။

  • တိုင်ပင်နေသော ဖာဂူဆန်နှင့် ဗန်ဂေါလ်

    မန်ယူအသင်း၏ လာမည့်ရာသီအစီအစဉ်များနှင့် ပတ်သက်၍ နည်းပြ ဗန်ဂေါလ်နှင့် နည်းပြဟောင်း ဖာဂူဆန်တို့မှာ ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း သိရသည်။

  • မြန်မာ၊ ဗီယက်နမ်နှင့်ထိုင်းတို့ အနိုင်ရ

    ၂၀၁၅ စင်္ကာပူဆီးဂိမ်း ဘောလုံးပြိုင်ပွဲများကို ယမန်နေ့က ဆက်လက်ကျင်းပခဲ့ရာ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းတို့အနိုင်ရရှိခဲ့သည်။

  • အရေးကြီးပွဲစဉ်နှင့် မြန်မာ ယူ-၂၃

    ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းမှာ ယနေ့ည မြန်မာစံတော်ချိန် ၇ နာရီတွင် အိမ်ရှင် စင်္ကာပူအသင်းနှင့် အရေးကြီးပွဲစဉ်ကို ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။

  • မြန်မာနည်းပြအပြော

    မြန်မာအသင်းအနေနဲ့ ယမန်နေ့ကပွဲ အနိုင်ရတဲ့အပေါ်မှာ သာယာနေစရာ မရှိပါဘူး။

  • သရေပွဲမပါသောဆီးဂိမ်းပွဲများ

    ၂၀၁၅ စကာင်္ပူ ဆီးဂိမ်းပြိုင်ပွဲ၏ ဘောလုံးပွဲ ပွဲစဉ်များကို မေလ ၂၉ ရက်နေ့မှစတင် ကျင်းပခဲ့ရာ သရေပွဲတစ်ပွဲမျှမပါရှိသေးပေ။

  • စင်္ကာပူဆီးဂိမ်း လုပ်ပွဲအမှု

    စင်္ကာပူတွင် စတင်ကျင်းပနေပြီဖြစ်သော ဆီးဂိမ်းအားကစားပြိုင်ပွဲများအနက် မလေးရှားနှင့် တီမောပွဲစဉ်တွင် လုပ်ပွဲကစားခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ပြီးနောက် အာရှဘောလုံးအဖွဲ့ချုပ် AFC က တီမော အသင်းက မန်နေဂျာ မန်ဒက်စ်ကို ဘောလုံးရေးရာကိစ္စများတွင် ပါဝင်ပတ်သက်ခွင့် မပြုတော့သည့် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။

  • ယူ-၂၃ အသင်း အပြီးသတ်လူရွေးချယ်

    စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ရန်အတွက် အပြီးသတ်ကစားသမား ၂၀ ကို ရွေးချယ်လိုက်ပြီဖြစ်သည်။

  • ယူ-၂၃ ဗီယက်နမ်နှင့် မြန်မာ သရေကျ

    မြန်မာ့ လက်ရွေးစင် ယူ၂၃ အသင်းနှင့် ဗီယက်နမ် လက်ရွေးစင် ယူ၂၃ အသင်းတို့ ဆီးဂိမ်းစ်အကြို ခြေစမ်းပွဲကို ယနေ့ မေ ၂၂ ရက် ဒေသစံတော်ချိန် ညနေ (၅း၀၀)နာရီက ဗီယက်နမ်နိုင်ငံ ကန်နင်းမြို့ အားကစားကွင်းတွင် ကျင်းပရာ (၂-၂) သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။


Advertisement
Here