La-liga News

  • အစွမ်းပြတဲ့ သားဇီဒန်း

    ရီးရဲလ် ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်သူ ဇီဒန်းအတွက် ဂုဏ်ယူစရာအဖြစ် သူ၏သား ပြင်သစ် ယူ-၁၇ လက်ရွေးစင် ဂိုးသမား လူကာဇီဒန်းမှာ ဘယ်လ်ဂျီယံ ယူ-၁၇ နှင့် ကစားခဲ့သည့်ပွဲတွင် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သည်။

  • ဟက်ထရစ် ၇-ကြိမ်နှင့် စီရီုနယ်ဒို

    အက်စပန်ညိုနှင့် ကစားခဲ့သောပွဲတွင် ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုမှာ ယခုရာသီတွင် ဟက်ထရစ် ၇ ကြိမ် သွင်းယူနိုင်သူအဖြစ် စံချိန်တင်ခဲ့ပြီ ဖြစ်သည်။

  • ဒုတိယဦးစားပေးအဆင့်သာရမည့် ရီးရဲလ်

    လာလီဂါတွင် အဆင့် ၂ ဖြင့်သာ ကျေနပ်ရတော့မည့် ရီးရဲလ်သည် လာမည့်ရာသီ ချန်ပီယံလိဂ်အုပ်စုမဲခွဲရာတွင် ပထမဦးစားပေးအဆင့် အသင်းများထဲတွင် ပါဝင်တော့မည်မဟုတ်ဟု သိရသည်။

  • ဒီစတီဖာနိုကိုမီတဲ့ စီရိုနယ်ဒို

    ပေါ်တူဂီသား စီရိုနယ်ဒိုမှာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသော်လည်း ရီးရဲလ်အတွက် တစ်ဂိုးသွင်းနိုင်ခဲ့သဖြင့် အသင်းအတွက် ဒုတိယဂိုးအများဆုံး သွင်းထားသူ ဒီစတီဖာနို၏ ၃၀၇ ဂိုးစံချိန်ကို မီခဲ့ပြီဖြစ်သည်။

  • မရေရာတော့သည့် အန်ဆလော့တီ

    ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် ရီးရဲလ်နည်းပြ အန်ဆလော့တီက သူ့အနေနှင့်လာမည့်ရာသီတွင် လက်ရှိနေရာ၌ ဆက်ရှိမရှိ မသိနိုင်တော့ကြောင်း ပြောဆိုလိုက်သည်။

  • အခွန်ရှောင်မှုနှင့် ဘာစီလိုနာ

    ဘရာဇီးသား နေမာကို ခေါ်ယူခဲ့ရာတွင် ပြောင်းရွေှ့ကြေး ဒေါ်လာ ၆၅ သန်းဟု ဖော်ပြခဲ့ခြင်းမှာ ဘာစီလိုနာအနေနှင့် အခွန်သက်သာရန် တမင်လျှော့၍ ဖော်ပြခဲ့ခြင်းဟု ယုံကြည်ကြောင်း စပိန်တရားရုံးက ယုံကြည်ခဲ့ခြင်းကြောင့် ဘာစီလိုနာအနေနှင့် ၁၀ ရက်အတွင်း ဖြေရှင်းချက်နှင့် အကြောင်းပြန်ရန် အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။

  • ဖလားမရတော့ဘူးဆိုတဲ့ ကာဗာဂျယ်

    ရီးရဲလ်နောက်ခံလူ ကာဗာဂျယ်က ဗလင်စီယာနှင့် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် လာလီဂါချန်ပီယံဖြစ်ရေး အိပ်မက်မှာ ပြီးဆုံးသွားခဲ့ပြီဟု ပြောဆိုလိုက်သည်။

  • အလောင်းအစားတစ်ခုလိုပဲဆိုတဲ့ မိုရက်စ်

    ဆိုစီဒက်နည်းပြ မိုရက်စ်က သူသည် ပရီးမီးယားလိဂ်မှ လာလီဂါသို့ လာရောက်ခဲ့သည်မှာ အလောင်းအစားတစ်ခု လုပ်ခဲ့သကဲ့သို့ပင်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

  • ပွဲရပ်ဆိုင်းမှုအပေါ် နည်းပြများအမြင်

    ရုပ်/သံ ထုတ်လွှင့်ခွင့်မှ ငွေကြေးခွဲဝေပေးမှု မညီမျှခြင်းမှစခဲ့သည့် ကိစ္စများကြောင့် စပိန်နိုင်ငံရှိ ဘောလုံးပွဲစဉ်များအားလုံးကို မေလ ၁၆ ရက်နေ့မှစ၍ ရပ်ဆိုင်းထားရန် အစိုးရ၏ ဖိအားပေးမှုအရေးနှင့် ပတ်သက်၍ ထိပ်တိန်းလိဂ် လာလီဂါမှ နည်းပြ ၂ ဦးတို့က မကြာမီ အဆင်ပြေသွားမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

  • ပြန်ကစားနိုင်မည့် ဘင်ဇီမာ

    ဒူးဒဏ်ရာကြောင့် နားနေရသော တိုက်စစ်မှူး ဘင်ဇီမာမှာ ဒဏ်ရာသက်သာလာပြီဖြစ်သဖြင့် ဗလင်စီယာနှင့် ကစားရမည့်ပွဲတွင် ရီးရဲလ်အတွက် ၀င်ကစားနိုင်မည်ဟု သိရသည်။

  • စပိန်လိဂ်ပွဲစဉ်များ ရပ်ဆိုင်း

    ရုပ်/သံ ထုတ်လွှင့်ခွင့် အပါအ၀င် အခြားသောအကြောင်းပြချက်များဖြင့် အစိုးရ၏ အမိန့်အရ စပိန်ဘောလုံးအဖွဲ့ချုပ်သည် မေလ ၁၆ ရက်နေ့မှစ၍ ပြည်တွင်းလိဂ် အသီးသီး၏ ပွဲစဉ်များကို ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်လိုက်သည်။

  • သတင်းဆိုးများကို ငြင်းသည့် ၂ သင်း

    စပိန် ထိပ်သီးအသင်း ၂ သင်းဖြစ်သော မက်ဒရစ်မြို့ခံ ရီးရဲလ်နှင့် အက်သလက်တီကိုတို့ကို ဖီဖာက ကစားသမားခေါ်ယူခွင့် ပိတ်ပင်မည်ဟူသော သတင်းများကို အသင်း ၂ သင်းလုံးက ငြင်းဆိုလိုက်သည်။

  • ဘာကာအကြောင်းပြောတဲ့ ရာကီတစ်

    ဘာစီလိုနာ ကွင်းလယ်ကစားသမား ရာကီတစ်က အသင်းအနေနှင့် ယခုရာသီတွင် ဖလား ၃ လုံး ရယူနိုင်စွမ်းရှိနေကြောင်း ပြောဆိုလိုက်သည်။

  • ဂိုး ၃၀၀ ပြည့်တဲ့ စီရိုနယ်ဒို

    ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုမှာ ဗယ်လီကာနိုနှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပြိုင်ပွဲအသွင် ကစားရသောပွဲများတွင် ရီးရဲလ်အတွက် ဂိုးသွင်းပေးခဲ့သည်မှာ ၃၀၀ ပြည့်သွားပြီ ဖြစ်သည်။

  • ရီးရဲလ်အတွက် ဂိုး ၃၀၀ ပြည့်သော CR7

    ပေါ်တူဂီလက်ရွေးစင် စီရိုနယ်ဒိုမှာ ဂရာနာဒါနှင့် ကစားခဲ့သောပွဲတွင် ၅ ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ရီးရဲလ်အတွက် သွင်းပေးခဲ့သည့်ဂိုးမှာ စုစုပေါင်း ၃၀၀ ပြည့်သွားပြီ ဖြစ်သည်။

  • အထုတ်ခံရသော မာတီနက်ဇ်

    အယ်လ်မီးရီးယားအသင်းသည် ၇ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရပြီးနောက် နည်းပြ ဂျူအန် မာတီနက်ဇ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

  • လစာမပေးနိုင်တဲ့ အယ်လ်ချီ

    လာလီဂါကလပ်တစ်ခုဖြစ်သော အယ်လ်ချီမှ ကစားသမားများမှာ လစာမရသည်မှာ ၂ လရှိပြီ ဖြစ်သည်ဟုသိရပြီး သတင်းစာရှင်းလင်းပွဲသို့ တက်မတက်ကိုမူ မဆုံးဖြတ်ရသေးဟု ဆိုသည်။

  • ရီးရဲလ်အကြောင်းပြောတဲ့ နက်ဗက်ဒ်

    ဂျူဗင်တပ် ဒါရိုက်တာတစ်ဦးဖြစ်သူ ပါဗယ် နက်ဗက်ဒ်က ရီးရဲလ်မှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံဖြစ်သော်လည်း ယခုအခါ ဘိုင်ယန်၊ ဘာစီလိုနာတို့ ကဲ့သို့ တောင့်တင်းလှခြင်း မရှိတော့ကြောင်း ပြောဆိုလိုက်သည်။

  • ဘေးလ်ကို မရောင်းပါ

    ရီးရဲလ် ဥက္ကဌ ပီရက်ဇ်က အသင်းအနေနှင့် ဂါရတ်ဘေးလ်ကို ယခုရာသီကုန်တွင် လုံးဝထုတ်ရောင်းမည် မဟုတ်ဟု ပြောဆိုလိုက်သည်။

  • ဒါနီလိုကို ရီးရဲလ်ခေါ်ယူ

    ပေါ်တို ညာနောက်ခံလူ ဒါနီကိုလို ရီးရဲလ်က ခေါ်ယူရန် သဘောတူလိုက်ပြီဖြစ်၍ လာမည့်ရာသီကုန်တွင် စပိန်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။


Advertisement
Here