La-liga News

  • အကောင်းဆုံးဆုရချင်သူ

    အက်သလက်တီကိုမှ ပြင်သစ်သား တိုက်စစ်မှုး ဂရစ်ဇ်မန်းက သူ့အနေနှင့် ၂၀၁၅-၁၆ရာသီ အကောင်းဆုံး ကစားသမားဆုကို ရလိုသည်ဟု ပြောဆိုလိုက်သည်။

  • ကြိုးစာခဲ့ပါတယ်ဆိုတဲ့ နည်းပြ

    ချန်ပီယံလိဂ် Play-Off ဒုတိယအကျော့ပွဲစဉ်တွင် ဗီလာရီးရဲလ်အသင်းမှာ ၂ဂိုးပြတ်ဖြင့် နိုင်မှသာ နောက်တစ်ဆင့်တက် မည်ဖြစ်သော်လည်း မိုနာကိုကသာ ၁းဝဖြင့် အနိုင်ရသွားခဲ့၍  ယူရိုပါလိဂ်သို့ ဆင်း ကစားရတော့မည် ဖြစ်သည်။

  • စာချုပ်သစ်နှင့် ဘေးလ်

    ရီးရဲလ်မှ ဝေလကစားသမား ဘေးလ်မှာ ၂၀၁၉အထိ စာချုပ်ရှိနေသေးသော်လည်း အသင်းကသူ့အား တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀နှင့် ၂၀၂၁ အထိရှိမည့် ၅နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

  • မူစတာဖီကို မရောင်းပါ

    အာဆင်နယ်က ပစ်မှတ်ထားနေသော နောက်ခံလူ မူစတာဖီကို ထုတ်ရောင်းမည်မဟုတ်ဟု ဗလင်စီယာ နည်းပြ အေရက်စ်တာရန် က ပြောဆိုလိုက်သည်။

  • စိတ်ပျက်သွားတဲ့ ဆီမြွန်းနီ

    ပွဲပြီးခါနီးမှ ချေပဂိုးပြန်ပေးလိုက်ရသည့်အပေါ် အက်သလက်တီကို နည်းပြ ဆီမြွန်းနီက များစွာစိတ်ပျက်မိကြောင်း ပြောဆို လိုက်သည်။

  • ဗီလာရီးရဲလ် နည်းပြနှုတ်ထွက်

    အသက် ၅၀ အရွယ် နည်းပြ မာဆီလီနိုမှာ ဗီလာရီးရဲလ်တွင် ၃နှစ်ခွဲကြာ တာဝန်ယူခဲ့ပြီးနောက် ရာသီစရန် နီးကပ်နေချိန် တွင် နှုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

  • ရီးရဲလ်ကို ဂုဏ်ပြုတဲ့ စီရိုနယ်ဒို

    ဆီဗီးလားအသင်းကို အချိန်ပို အနိုင်ဂိုးသွင်းကာ ဥရောပစူပါဖလားရခဲ့သည့် ရီးရဲလ်အသင်းအတွက် စီရီုနယ်ဒိုက ဆိုရှယ် ၀က်ဘ်ဆိုက်မှ ဂုဏ်ပြုပေးခဲ့သည်။

  • PSG ရောက် ဂျီစီ

    ရီးရဲလ် တိုက်စစ်မှုး ဂျီစီရိုဒရီဂုဇ်မှာ ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ဖြင့် PSG သို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

  • ယနေ့ည ဘေးလ်မပါနိုင်

    ရီးရဲလ်အသင်း၏ ယနေ့ည ဆီဗီးလားနှင့် ကစားရမည့် ဥရောပစူပါဖလားပွဲတွင် ဝေလလက်ရွေးစင် ဘေးလ်မှာ စီရိုနယ်ဒိုနှင့် အတူ ပါဝင်နိုင်မည် မဟုတ်ဟု သိရသည်။

  • ဆီဗီးလားနှင့်ပွဲ လွဲမည့် ၃ဦး

    နော်ဝေတွင် လာမည့်အပတ် ဆီဗီးလားနှင့် ကစားရမည့် ဥရောပစူပါဖလားပွဲစဉ်တွင် ရီးရဲလ်ဘက်မှ စီရိုနယ်ဒိုမပါနိုင်သေးသကဲ့ သို့ ဘေးလ်နှင့် ဘင်ဇီမာတို့လည်း မသေချာသေးကြောင်း သိရသည်။

  • ရွက်သင်္ဘောလှူတဲ့ ဇာဗီ

    ကာတာကလပ် အယ်လ်ဆတ်တွင် ကစားနေသော ဘာစီလိုနာကစားသမားဟောင်း ဇာဗီက မြေထဲပင်လယ်ရှိ လှေစီးပြေး ဒုက္ခ သည်များ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုသို့ သူ၏ကိုယ်ပိုင် ရွက်သင်္ဘော တစ်စီးကို လှုဒါန်းခဲ့ကြောင်း သိရသည်။

  • မက်ဆီကို ချီးကျူးတဲ့ ပုပ်ရဟန်းမင်းကြီး

    ပုပ်ရဟန်းမင်းကြီးက ဘာစီလိုနာမှ အာဂျင်တီးနားသား မက်ဆီက ပီပီ၊ မာရာဒိုနာတို့ထက် ပိုတော် ပိုကောင်းသူဖြစ်ကြောင်း ချီးကျူး လိုက်သည်။

  • ဆစ်ဆိုကိုဘက်လှည့်သော ရီးရဲလ်

    ပိုဂဘာကို ခေါ်ယူရန် မဖြစ်နိုင်တော့သော ရီးရဲလ်မှာ ယခုအခါ အခြားပြင်သစ်သားတစ်ဦးဖြစ်သော ဆစ်ဆိုကို ကို ပေါင်သန်း ၃၀ဖြင့်ကမ်းလှမ်းထားပြီဖြစ်သည်။

  • မာရီယိုကို ချဲလ်ဆီးခေါ်မည်

    ချဲလ်ဆီးအသင်းသည် ပေါ်တူဂီလက်ရွေးစင် ဂျိုအာရို မာရီယိုကို ပေါင် ၄၆သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။

  • ဂိုမက်စ်ကို ဘာကာခေါ်ယူ

    ဘာစီလိုနာအသင်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သော ပေါ်တူဂီသား ဂိုမက်စ်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

  • နောက်ခံလူခေါ်သော ဘာကာ

    လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းမှာ PSG မှ ပြင်သစ်နောက်ခံလူ ဒစ်ဂနီကို ပြောင်းရွှေ့ကြေးပေါင် ၁၃.၉သန်းဖြင့် ခေါ်ယူလိုက် ပြီဖြစ်သည်။

  • မက်ဆီနားလျှင် အဂူရိုနားမယ်

    မက်ဆီအနေနှင့် အာဂျင်တီးနားလက်ရွေးစင်အဖြစ်မှ အမှန်တကယ်အနားယူမည်ဆိုပါက နောက်ထပ်အနားယူမည့် သူမှာ မိမိ၏သားပင်ဖြစ်လိမ့်မည်ဟု အဂူရို၏ ဖခင်ဖြစ်သူက ပြောဆိုလိုက်သည်။

  • ဆွာရက်ဇ်ကို ဘာကာပြန်ခေါ်

    ဘာစီလိုနာအသင်းသည် ဗီလာရီးရဲလ်မှ ကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကို ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်သည်။

  • သက်တမ်းတိုးမည့် နေမာ

    ဘရာဇီးတိုက်စစ်မှုး နေမာမှာ ဘာစီလိုနာတွင် ဆက်နေရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

  • ဗလင်စီယာရွှေ့မည့် နာနီ

    မန်ယူတောင်ပံကစားသမားဟောင်း နာနီမှာ တူရကီကလပ် ဖီနာဘီချီမှ စပိန်လာလီဂါကလပ် ဗလင်စီယာသို့ ပြောင်းရွှေ့မည်ဟု ဖီနာဘီချီအသင်းဥက္ကဋ္ဌ အေဇစ်က ပြောဆိုလိုက်သည်။


Advertisement
Here