La-liga News

  • ၀င်ငွေအကောင်းဆုံး စီရိုနယ်ဒို

    ဖော်ဘီးစ် စီးပွားရေး မဂ္ဂဇင်းကြီး၏ အားကစားလောကမှ ၀င်ငွေအကောင်းဆုံးနေရာကို ရီးရဲလ်တိုက်စစ်မှုး စီရိုနယ်ဒိုက ရရှိသွားပြီဖြစ်သည်။

  • နည်းပြအကြောင်းပြောတဲ့ တောရက်စ်

    မိမိတို့၏ နည်းပြဖြစ်သူ ဆီမြွန်းနီက ရှေ့ရေးအတွက်တွေးနေသည်ဆိုခြင်းအပေါ် နားလည်နိုင်ပါကြောင်းနှင့် ဤသည်မှာ သူ့အခွင့် အရေးဖြစ်ကြောင်း အက်သလက်တိကို တိုက်စစ်မှုး တောရက်စ်က ပြောဆို လိုက်သည်။

  • ဒါရိုက်တာ နှုတ်ထွက်မှု လက်မခံ

    အားကစား ဒါရိုက်တာဖြစ်သူ မွန်ချီ၏ တာဝန်မှ နှုတ်ထွက်ခွင့်ပြုရန် တောင်းဆိုချက်ကို ဆီဗီးလားအသင်းက ပယ်ချလိုက်ပြီး စာချုပ်ပါ ၄နှစ် သက်တမ်းပြည့်သည်ထိ ဆက်နေသွားရန် အကြောင်းပြန်လိုက် ကြောင်း သိရသည်။

  • ဇီဒန်းကို ပီရက်ဇ်ချီးကျူး

    နည်းပြဇီဒန်းအနေနှင့် ရီးရဲလ်တွင် သမိုင်းမှတ်တမ်းစိုက်ထူနိုင်သူတစ်ဦးဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ချီးကျူးပြောဆိုလိုက်သည်။

  • မာတာကို ခေါ်ယူရန် ဘာကာစဉ်းစားနေ

    ချဲလ်ဆီးကစားသမားဘ၀တွင် မော်ရင်ဟို၏ ထုတ်ရောင်းခြင်းကို ခံခဲ့ရပြီး ယခု မန်ယူတွင် မော်ရင်ဟိုနှင့် ပြန်တွေ့ရချိန်တွင် မည်ကဲ့ သို့ ဖြစ်လာမည်ကို မသိနိုင်သေးသော ကွင်းလယ်ကစားသမား မာတာကို ဘာစီလိုနာက ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။

  • တန်းတက်လာသော အလာဗက်စ်

    စပိန်ဆီဂန်ဒါမှ အလာဗက်စ်အသင်းမှာ ယမန်နေ့က နူမန်စီယာကို ၂းဝဖြင့်အနိုင်ရခဲ့ပြီးနောက် လာလီဂါသို့ တန်းတက်ခွင့် သေချာသွားပြီဖြစ်သည်။

  • ရှေ့ရေးကို တွေးနေတဲ့ ဆီမြွန်းနီ

    ချန်ပီယံလိဂ် ဖိုင်နယ်တွင် ရီးရဲလ်ကို ပယ်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အက်သလက်တီကိုနည်းပြ ဆီမြွန်းနီမှာ သူ၏ ရှေ့ရေးအတွက် စတင်တွေးတောနေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

  • အရေးအကြီးဆုံးပွဲဆိုတဲ့ တောရက်စ်

    ယနေ့ည ရီးရဲလ်နှင့် ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မိမိဘ၀တွင် အရေးအကြီးဆုံး ပွဲတစ်ပွဲဖြစ်ကြောင်း အက်သလက်တီကို တိုက်စစ် မှုး တောရက်စ်က ပြောဆိုလိုက်သည်။

  • ရီးရဲလ်ပြောင်းချင်သော လီဝန်ဒေါစကီး

    ဘိုင်ယန် တိုက်စစ်မှုး လီဝန်ဒေါစကီး၏ အေးဂျင့်ဖြစ်သူမှာ ရီးရဲလ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။

  • ယနေ့ည စီရိုနယ်ဒိုပါမည်

    ယနေ့ည အက်သလက်တီကိုနှင့်ကစားမည့် ပွဲစဉ်တွင် ရီးရဲလ်ဘက်မှ စီရိုနယ်ဒိုပါမည်ဟု နည်းပြဇီဒန်းက အတည်ပြု ပြောဆိုလိုက်သည်။

  • တီကို ဗိုလ်စွဲမယ်ဆိုတဲ့ ဂျူနင်ဟို

    ကစားသမားဟောင်းဖြစ်ခဲ့သူ ဂျူနင်ဟိုက လာမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် သူ၏အသင်းဟောင်း အက်သလက်တီကို ကို ဗိုလ်စွဲနိုင်သည် ဟု ပြောဆိုလိုက်သည်။

  • ဇီဒန်းကိုထောက်ခံတဲ့ ဘက်ခမ်း

    ရီးရဲလ်နည်းပြ ဇီဒန်းမှာ အသင်းအတွက် ပြီးပြည့်စုံသော နည်းပြဖြစ်ကြောင်း ကစားဖော်ဟောင်းတစ်ဦးဖြစ်ခဲ့သူ ဘက်ခမ်းက ထောက် ခံပြောဆိုလိုက်သည်။

  • ဖိုင်နယ်မှာ ဒိုင်လုပ်မယ့် ကလက်တန်ဘာ့ဂ်

    အင်္ဂလန်ဒိုင်လူကြီးတစ်ဦးဖြစ်သော ကလက်တန်ဘာ့ဂ်သည် ယခုလ ၂၈ရက်နေ့ ရီးရဲလ်နှင့် အက်သလက်တီကိုတို့ ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်မည်ဖြစ်သည်။

  • ချန်ပီယံမျှော်လင့်ချက်နှင့် ရီးရဲလ်

    ရီးရဲလ်အသင်းမှာ ဗလင်စီယာအသင်းကို ၃း၂ဖြင့်အနိုင်ရခဲ့သောကြောင့် နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံမျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့ ရသည်။

  • မက်ဒရစ်၂သင်း ဗိုလ်လုမည်

    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ဗိုလ်လုပွဲသို့ စပိန် မက်ဒရစ်မြို့ခံ ၂သင်းဖြစ်သော ရီးရဲလ်နှင့် အက်သလက်တီကိုတို့ တက်ရောက်သွားခဲ့ကြသည်။

  • ရာသီသစ်နှင့် ဂွာဒီယိုလာ

    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရှိနေသေးသော်လည်း ဘိုင်ယန်နည်းပြ ဂွာဒီယိုလာမှာ လာမည့် ရာသီ မန်စီးတီးကို တာဝန်ယူရမည့် အရေးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသည်။

  • အယူခံရှုံးသော ဆီမြွန်းနီ

    မာလာဂါနှင့်ပွဲတွင် ပြုမှုခဲ့သော ဖြစ်ရပ်အတွက် ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် အက်သလက်တီကိုနည်းပြ ဆီမြွန်းနီက အယူခံဝင်ခဲ့ရာတွင် ရှုံးနိမ့်သွားခဲ့သည်။

  • လက်မလျော့သေးတဲ့ အလွန်ဆို

    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင် အက်သလက်တီကိုကို ၁းဝဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အတွက် မျှော်လင့်ချက် ရှိနေသေးကြောင်း ဘိုင်ယန်ကစားသမား အလွန်ဆိုက ပြောဆိုလိုက်သည်။

  • ဒဏ်ရာရသွားသော ဆေးလ်ဗား

    မန်စီးတီးအသင်းမှ ဆေးလ်ဗားမှာ ရီးရဲလ်နှင့် ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်ပထမပိုင်းတွင် ဒဏ်ရာရသွားခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်အတွက် မသေချာသေးဟု ဆိုသည်။

  • အင်တာအကြောင်းပြောတဲ့ ဆီမြွန်နီ

    အက်သလက်တီကိုနည်းပြ ဆီမြွန်နီမှာ ပရီးမီးယားလိဂ်သို့ ရောက်လာလိမ့်မည်ဟု နာမည်ထွက်နေသော်လည်း တစ်ချိန်တွင် စီးရီးအေကလပ် အင်တာသို့ ပြန်သွားချင်သေးကြောင်း ပြောဆိုလိုက်သည်။


Advertisement
Here