La-liga News

  • ပွဲ ၃၁၀ မှာ ၃၂၄ ဂိုးရခဲ့သူ

    ရီးရဲလ်တိုက်စစ်မှုး စီရော်နယ်ဒိုမှာရီးရဲလ်အတွက်ပွဲပေါင်း ၃၁၀ မြောက်အဖြစ်လီဗန်တေးနှင့် ပွဲတွင်ပါဝင်ကစားခဲ့ကာ ၃၂၄ ဂိုးမြောက်ဂိုးကိုသွင်းယူပြီး ရီးရဲလ်၏ထိပ်ဆုံးဂိုးသွင်းရှင် စံချိန်ကိုတင်သွားခဲ့ပြီဖြစ်သည်။

  • နောက်ဆုံးအယူခံဝင်မယ့် ဘာစီလိုနာ

    ဘာစီလိုနာအနေနှင့်ကစားသမားခေါ်ယူမှု ပိတ်ပင်ခံထားရခြင်းအပေါ် အားကစားဆိုင်ရာကမ္ဘာ့ခုံရုံး သို့နောက်ဆုံးအယူခံဝင်ထားပြီဖြစ်သည်။

  • ဝေလအကောင်းဆုံးဆုရ ဘေးလ်

    ရီးရဲလ်ကစားသမားဘေးလ်မှာ ဝေလဘောလုံးအဖွဲ့ချုပ်၏ ၁ နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ်မြောက်အဖြစ် ရရှိခဲ့ပြီဖြစ်သည်။

  • ဂိုး ၅၀၀ ကျော်တဲ့စီရော်နယ်ဒို

    ရီးရဲလ်တိုက်စစ်မှုးစီရော်နယ်ဒိုမှာ မဲလ်မိုနှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင်အနိုင် ၂ ဂိုးလုံးကိုသွင်းယူပေးခဲ့နိုင်သောကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀၏ စုစုပေါင်းသွင်းဂိုးမှာ ၅၀၁ ဂိုးအထိရှိသွားပြီဖြစ်သည်။

  • အခွန်ရှောင်တိန်းမှုနှင့် မာရှေယာနို

    ဘာစီလိုနာမှအာဂျင်တီးနား လက်ရွေးစင်မာရှေယာနိုမှာ အခွန်ရှောင်တိန်းသည့်စွဲချက် ၂ ခုနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။

  • ၂လခန့်နားရမည့် မက်ဆီ

    လာပါးမက်စ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ဘယ်ဘက်ဒူးဒဏ်ရာရသွားခဲ့သည့် ဘာစီလိုနာတိုက်စစ်မှုးမက်ဆီမှာ ၂ လခန့်နားရမည်ဖြစ်သည်။

  • နားရဦးမည့် ပီပီ

    ရီးရဲလ်နောက်ခံလူပီပီမှာ ဘယ်ဘက်ခြေထောက်ဒဏ်ရာကြောင့် မာလာဂါနှင့်ကစားရသည့်ပွဲကို လွဲချော်မည်ဖြစ်သည်။

  • ဇယားထိပ်ရောက်လာသော ရီးရဲလ်

    ယမန်နေ့ကကျင်းပသော လာလီဂါပွဲစဉ်များတွင် ဘာစီလိုနာမှာအဝေးကွင်းတွင် မမျှော်လင့်ပဲဆဲလ်တာဗီဂိုကို ၄း၁ ဖြင့်ဂိုးပြတ်ရှုံးခဲ့ပြီး ရီးရဲလ်ကအဝေးကွင်းတွင် အနိုင်ရကာဇယားထိပ်သို့ရောက်ရှိ သွားပြီဖြစ်သည်။

  • အခွန်ရှောင်မှုဖြင့် စုံစမ်းစစ်ခံရသူ ၂ ဦး

    လာလီဂါတွင်ကစားခဲ့ဘူးသော ကစားသမား ၂ ဦးကိုအခွန်ရှောင်မှုစွဲချက်များဖြင့် သက်ဆိုင်ရာကစတင်စုံစမ်း စစ်ဆေးနေပြီဟု သိရသည်။

  • ရိုနယ်ဒိုနှင့်ဆီးရီးယား ဒုက္ခသည်လေး

    ဂရာနာဒါနှင့်ကစားခဲ့ရသော လာလီဂါပွဲစဉ် ၄ တွင်ရီးရဲလ်မှကစားသမားများက ရီးရဲလ်ဝတ်စုံဝတ်ထားသည့် ကလေးငယ်လေးများနှင့်အတူ ကွင်းအတွင်းဝင်ရောက်လာရာတွင် ထူးခြားမှုအနေနှင့်ဆီးရီးယား စစ်ပြေးဒုက္ခသည်ကလေးငယ် တစ်ဦးမှာသူသဘောကျလှသည့် စီရော်နယ်ဒို၏လက်ကိုဆွဲ၍ ကွင်းအတွင်းဝင်ရောက်ခွင့် ရခဲ့သည်။

  • ငိုမိခဲ့သောဂိုးသမား နာဗက်စ်

    ရီးရဲလ်ဂိုးသမားနာဗက်စ်က မန်ယူသို့ပြောင်းရတော့မည့် အပြောင်းအရွေ့နောက်ဆုံးနေ့တွင် မိမိငိုကြွေးမိခဲ့ဘူးကြောင်းပြော ဆိုလိုက်သည်။

  • တောရက်စ်အကြောင်းပြောတဲ့ ဆီမြွန်နီ

    အက်သလက်တီကိုနည်းပြဆီမြွန်နီက သူ့အနေနှင့်တိုက်စစ်မှုးတော့ရက်စ်၏ ကြိုးစားအားထုတ်မှုများအပေါ်ကျေနပ် မိကြောင်းပြောဆိုလိုက်သည်။

  • ကျနော်တို့ပိုကောင်းတယ်ဆိုတဲ့ နူနို

    ဇင်းနစ်အသင်ကိုအိမ်ကွင်းတွင် ၂း၃ ဖြင့်ရှုံးနိုမ့်ခဲ့သော်လည်း မိမိတို့အသင်းကစားပုံပိုကောင်းခဲ့သည်ဟု ဗလင်စီယာနည်းပြနူနိုကပြောဆိုလိုက်သည်။

  • ဟက်ထရစ်ရသော စီရော်နယ်ဒို

    ရီးရဲလ်တိုက်စစ်မှုးစီရော်နယ်ဒိုမှာ ရှက်တာဒိုးနက်နှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ဟက်ထရစ်ရခဲ့ပြီး ၄ ရက်အတွင် ၈ ဂိုးသွင်းနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

  • ချန်ပီယံလိဂ်ရာပြည့်ပွဲနှင့် မက်ဆီ

    ယနေ့ညရိုးမားနှင့်ကစားမည့်ပွဲတွင် ဘာစီလိုနာမှမက်ဆီမှာ ချန်ပီယံလိဂ်ပွဲတစ်ရာပြည့် ကစားမည့်သူအဖြစ်ပါဝင် လာမည်ဖြစ်သည်။

  • စံချိန်တင်သော စီရိုနယ်ဒို

    အက်စပန်းညိုနှင့်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင်ရီးရဲလ်မှ စီရိုနယ်ဒိုမှာတစ်ဦးတည်း ၅ ဂိုးသွင်းယူပြီးရီးရဲလ်၏ လာလီဂါစံချိန်ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်င်နိုင်ခဲ့ပြီဖြစ်သည်။

  • တစ်လနားရမည့် ရိုဒရီဂုဇ်

    ရီးရဲလ်ကွင်းလယ်ဖန်တီးရှင် ရိုဒရီဂုဇ်မှာကိုလံဘီယာကို ကိုယ်စားပြု၍ပီရူးနှင့်ကစားခဲ့သည့် ခြေစမ်းပွဲတွင်ဒဏ်ရာရခဲ့မှုကြောင့် တစ်လခန့်နားရမည်ဖြစ်သည်။

  • ဘင်နီတက်ဇ်ကိုချီးကျူးတဲ့ ပီရက်စ်

    ရီးရဲလ်ဥက္ကဌပီရက်ဇ်က လက်ရှိနည်းပြဘင်နီတက်ဇ်မှာ ယခင်နည်းပြမော်ရင်ဟို တက်သာသူဖြစ်ကြောင်းပြော ဆိုလိုက်သည်။

  • ECA ဆုရသောဘာစီလိုနာ

    ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနှင့်စပိန်ဘုရင့် ဖလားတို့ကိုတစ်ရာသီအတွင်း ရရှိခဲ့သည့်ဘာစီလိုနာမှာ ဥရောပကလပ်အဖွဲ့ချုပ် ECA မှပေးအပ်ချီးမြှင့်သော ဂုဏ်ပြုဆုဖလားကိုပါထပ်မံ ရရှိသွားခဲ့သည်။

  • ကိုယ့်အကြောင်းကိုယ့်ပြောတဲ့ မိုရက်စ်

    မိမိအနေနဲ့လွန်ခဲ့သောနွေတွင် အင်္ဂလန်ကလပ်များထံမှ ကမ်းလှမ်းမှုများရခဲ့သော်လည်း ဆိုစီဒက်တွင်သာပျော်မွေ့နေကြောင်း နည်းပြမိုရက်စ်ကပြောဆိုလိုက်သည်။


Advertisement
Here