Bundesliga News

ဘိုင်ယန်ဥက္ကဌဟောင်း ထောင်ထဲစ၀င်

Jun 19 , 2014

အခွန်တိမ်းရှောင်မှုဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံရမည့် ဘိုင်ယန်ဥက္ကဌဟောင်း အူလီဟိုးနက်စ်မှာ သူ၏ ပြစ်ဒဏ်ကို စတင်ကျ ခံပြီဖြစ်ကြောင်း သူ၏ရှေ့နေများက အတည်ပြု ပြောဆိုခဲ့သည်။

ဟိုးနက်စ်မှာ ဂျာမနီတောင်ပိုင်းရှိ လန်းစ်ဘော့ဂ် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရခြင်းဖြစ်ပြီး သူသည် အခွန်ပေးဆောင်ရ မည့် ပေါင် ၂၂.၅ သန်းကို မပေးဆောင်ခဲ့ကြောင်း ပြီးခဲ့သည့် မတ်လက စတင်စုံစမ်းတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဟိုးနက်စ်က သူသည် သူ့ဘ၀တွင် အကြီးမား ဆုံး အမှားတစ်ခုကို ကျူးလွန်မိခဲ့ကြောင်းနှင့် ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံ မည့်အကြောင်း ၀န်ခံခဲ့သည်။

ထိုကိစ္စ ပေါ်ပေါက်လာချိန်တွင် သူသည် ဂျာမနီ၏ အအောင်မြင်ဆုံးကလပ်ကြီး ဖြစ်သည့် ဘိုင်ယန်၏ ဥက္ကဌရာထူးမှ ဆင်းပေးခဲ့ပြီး အယူခံဝင်ရန်ကိုလည်း ငြင်းပယ်ခဲ့သည်။

ဂျာမနီနှင့်အတူ ကမ္ဘာ့ဖလားရရှိခဲ့ဘူးသော ဟိုးနက်စ်မှာ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်ပြီး သူ၏ ယခုအမှုသည် ဂျာမနီတွင် လူအများ စိတ်ဝင် စားသည့် အမှုဖြစ်ခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here