Europe News

ပွဲပယ်ခံရသော ခရိုင်းမီးယားကလပ်များ

Dec 05 , 2014

ဥရောပဘောလုံးအဖွဲ့ချုပ်သည် ရုရှားသို့သွားရောက်ကစားနေသော ခရိုင်းမီးယားဒေသမှ ကလပ်များကို ယင်းပြိုင်ပွဲများမှ ပွဲပယ်လိုက်ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ယူကရိန်းအပိုင် ခရိုင်းမီးယားဒေသမှ ကလပ်အသင်းများမှာ ရုရှား တတိယတန်းပွဲစဉ်များသို့ ယခုရာသီတွင် သွားရောက်ကစားနေခြင်းဖြစ် ပြီး ယင်းအသင်းများအနက် ၂ သင်းမှာ ယခင်က ယူကရိန်းလိဂ် ပထမတန်းပြိုင်ပွဲမှ အသင်းများ ဖြစ်သည်။

ယူကရိန်းဘောလုံးအဖွဲ့ချုပ်က ယင်းတို့ လက်အောက်ခံအဖြစ် ရှိခဲ့သော ခရိုင်းမီးယားဒေသခံ ကလပ် ၂ သင်းကို ကစားခွင့်ပေးခဲ့သည့် ဖီဖာနှင့် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေတို့ထံ တိုင်ကြားစာပေးပို့ထားခြင်း ဖြစ်သည်။

ရုရှား တတိယတန်းပြိုင်ပွဲစည်းကမ်းများတွင် ကစားသမားတိုင်းသည် ရုရှားနိုင်ငံသားများဖြစ်ရမည် ဟူသော အချက်ပါရှိသည်။

ယခု ယူအီးအက်ဖ်အေ၏ အရေးယူမှုကို ခံရသော ခရိုင်းမီးယားဒေသခံ ၃ သင်းမှာ ဆင်ဖီရိုပို၊ ဆီဗက်တိုပိုနှင့် ဇမ်ချူဇီနာ အသင်းများ ဖြစ်ကြသည်။

U Myo Thant




<< Back Europe News


Advertisement
Here