Europe News

နိုင်ငံလိဂ်ကျင်းပမည့် UEFA

Dec 05 , 2014

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA သည် ၂၀၁၈ နှင့် ၂၀၁၉ တွင် နိုင်ငံများလိဂ်ဟူသော ပြိုင်ပွဲသစ်တစ်ခု ကျင်းပရန်စီစဉ်နေပြီဖြစ်သည်။

ယင်းပြိုင်ပွဲမှာ နိုင်ငံတကာခြေစမ်းပွဲများ အများစုနေရာတွင် အစားထိုး ကျင်းပရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်းဆင်းတန်းတက်စနစ်များဖြင့် အဆင့် ၄ ဆင့် ခွဲ ကစားစေမည်ဟု ဆိုသည်။

ဥရောပဘောလုံး အဖွဲ့ချုပ်လက်အောက်ရှိ နိုင်ငံ ၂၅ နိုင်ငံကို အဆင့် ၄ ဆင့်ခွဲကာ ကစားစေမည်ဖြစ်ပြီး ၃ သင်းမှ ၄ သင်းအထိပါမည့် အုပ်စု ၄ စုခွဲကာ ၂၀၁၈ စက်တင်ဘာမှ နိုဝင်ဘာအတွင်း စတင်ကစားရမည်ဖြစ်သည်။

အဆင့် ၁ ရှိ အုပ်စု ၄ စုမှ ထိပ်ဆုံးအသင်းများမှာ ၂၀၁၉ ဇွန်လတွင် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များ ကစားရမည်ဖြစ်သည်။

ယူရို ၂၀၂၀ အတွက် ခြေစစ်ပွဲအောင်ပြီး မဟုတ်သည့် အဆင့် ၄ ဆင့်မှ အကောင်းဆုံးအသင်းဟု သတ်မှတ်သည့် အသင်းများသည် ၂၀၂၀ မတ်လတွင် ထိပ်ဆုံး ၄ နေရာအတွက် Play-Off ကစားခွင့်ရမည် ဖြစ်သည်။

ယူရို ၂၀၂၀ အတွက် ခြေစစ်ပွဲအောင်ပြီးသော အသင်းများမှာမူ ယခုလိဂ်အတွက် ၂၀၁၉ မတ်လနှင့် နိုဝင်ဘာလများတွင် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

အုပ်စု 4 ခုမှ ထိပ်ဆုံးအသင်းများမှာ တန်းတက်ခွင့် (သို့မဟုတ်) ဖိုင်နယ် ၄ ပွဲသို့ ၀င်ခွင့်ရမည်ဖြစ်ပြီး အောက်ဆုံး ၄ သင်းမှာ ၂၀၂၀ ပြိုင်ပွဲ၌ တန်းဆင်းရမည့် အသင်းအဖြစ် ၀င်ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here