Bundesliga News

အမ်မရီကန်ကို လီဗာပူး စိတ်ဝင်စား

Jun 19 , 2014

လီဗာပူးအသင်းမှာ မိမိတို့ ကွင်းလယ်ကစားသမား အမ်မရီကို စိတ်ဝင်စားကာ ကမ်းလှမ်းမှုပြုထားကြောင်း လေဗာကူဆင်အသင်းမှ စီအီးအို မိုက်ကယ်ရှာဒီက အတည်ပြု ပြောဆိုလိုက်သည်။

အသက် ၂၀ သာရှိသေးသော ကန်မှာ လွန်ခဲ့သော လကတည်းကပင် ပရီးမီးယားလိဂ် အသင်းများထံမှ စိတ်ဝင်စားနေသည်ကို သိရှိခဲ့ရပြီး လေဗာကူဆင်အနေနှင့် ၎င်းတို့၏ အဓိက ကစားသမားတစ်ဦးကို ထုတ်ရောင်းရန် သင့်မသင့် ချင့်ချိန်လျှက် ရှိသည်။

ကန်မှာ လွန်ခဲ့သောရာသီအစက ဘိုင်ယန်ထံမှ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိစာချုပ် ရှိနေသေးသည့်အတွက် ခေါ်ယူလိုပါက ယူရို ၁၂ သန်းခန့် ပေးရမည် ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here