Europe News

မေဂျာလိဂ်ပြောင်းမည့် ကွိုင်လီ

Dec 06 , 2014

အသင်းလက်မဲ့ဖြစ်နေသော နည်းပြ ကွိုင်လီသည် အမေရိကန်မေဂျာလိဂ်ကလပ်တစ်ခုဖြစ်သော ဒိုင်နမိုအသင်းနှင့် ဆွေးနွေးနေကြောင်း သိရသည်။

ဘော်လ်တန်၊ ၀ီဂန်တို့ကို ကိုင်တွယ်ခဲ့ဘူးသော ကွိုင်လီမှာ ၂၀၁၃ ဒီဇင်ဘာလက ၀ီဂန်နှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။

ဒိုင်နမိုအသင်းမှာ လွန်ခဲ့သော အောက်တိုဘာလက နည်းပြ ကင်နီးယား ထွက်သွားပြီးနောက် နည်းပြသစ် ရှာနေသည့်အသင်းဖြစ်ပြီး ကင်နီးယားမှာ ဆန်ဂျို့စ် အတ်သ်ကွစ်အသင်းကို တာဝန်ယူနေပြီဖြစ်သည်။

ကွိုင်လီက မိမိအနေနှင့် ဒိုင်နမို တာဝန်ရှိသူများနှင့် ဆွေးနွေးနေဆဲဖြစ်ပြီး အပြီးသတ်သဘောတူညီမှု မရသေးကြောင့် ပြောဆိုခဲ့သည်။

ဒိုင်နမို အသင်းမှာ မေဂျာလိဂ် အရှေ့ပိုင်းကွန်ဖရင့်စ်ပွဲစဉ်များတွင် အဆင့် ၈ နှင့် ရာသီသိမ်းခဲ့ပြီး စုစုပေါင်း ၃၄ ပွဲတွင် နိုင်ပွဲ ၁၁ ပွဲသာ ရခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here