Bundesliga News

နိုင်ပွဲရသော ဒေါ့မွန်

Dec 06 , 2014

တန်းဆင်းဇုန် အောက်ဆုံးသို့ရောက်နေသော ဒေါ့မွန်မှာ ယမန်နေ့ညက ဟော့ဖန်ဟိန်းနှင့်ပွဲစဉ်တွင် ၁းဝ ဖြင့် အနိုင်ရခဲ့၍ တန်းဆင်းဇုန်မှ လွန်လာပြီဖြစ်သည်။

စက်တင်ဘာ ၂၀ ရက်နေ့မှစ၍ ယမန်နေ့အထိ ဘွန်ဒစ်လီဂါပွဲစဉ်များတွင် ၁၀ ပွဲကစား ၇ ပွဲ ရှုံး ၂ ပွဲသရေ အနိုင် ၁ ပွဲသာရထားသဖြင့် ဇယားအောက်ဆုံးရောက်နေ ရသည့် ဒေါ့မွန်မှာ ယခုပွဲစဉ်တွင် နိုင်ပွဲရရေးအတွက် ကြိုးစားကစားခဲ့ရာ ၂၀၁၃ ဇူလိုင်လမှစ၍ ဂိုးမရခဲ့သော ကွန်ဒိုဂန်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

လွန်ခဲ့သောရာသီတွင် ဘွန်ဒစ်လီဂါ၌ ဒုတိယရခဲ့သော ဒေါ့မွန်မှာ ယခုရာသီ ဘွန်ဒစ်လီဂါတွင် များစွာရုန်းကန်ခဲ့ရပြီး ယခုနိုင်ပွဲကြောင့် အဆင့် ၁၄ သို့ ရောက်လာသော်လည်း အောက်ဆုံးအသင်းနှင့် ၂ မှတ်သာ အသာစီရထားသေးသဖြင့် လာမည့်ပွဲစဉ်များတွင် ကြိုးစားရဦးမည်ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here