Serie-A News

နည်းပြသစ်ခန့်သော ဆီစီနာ

Dec 09 , 2014

စီးရီးအေကလပ် ဆီစီနာသည် ထုတ်ပယ်ခဲ့သော နည်းပြ ဘီဆိုလီ၏နေရာတွင် ဒီကာလိုကို ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဆီစီနာမှာ တနင်္ဂနွေနေ့က အတ္တလန္တာကို ၃း၂ ဖြင့် ရှုံးခဲ့ပြီးနောက် ဇယားအောက်ဆုံးနှင့် ၂ မှတ်အကွာ အဆင့် ၁၉ တွင်သာ ဆက်ရှိနေခဲ့ခြင်းကြောင့် ဘီဆိုလီကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ဒီကာလိုမှာ အသက် ၅၀ ရှိပြီဖြစ်ပြီး လီဗော်နိုနည်းပြဟောင်းတစ်ဦး ဖြစ်သည်။

သူသည် ယခု ၂၀၁၄-၁၅ ရာသီကုန်အထိ တာဝန်ယူရမည်ဖြစ်ပြီး ၁၄ ပွဲကစား ၈ မှတ်သာ ရထားသော အနေအထားမှ တိုးတက်လာစေရန် အားထုတ်ရမည်ဖြစ်သည်။

ဒီကာလိုနှင့်အတူ နည်းစနစ် လက်ထောက်နှင့်ကြံ့ခိုင်ရေး နည်းပြတို့ ပါလာမည်ဖြစ်ပြီး အသင်းတွင် ယခင်က ရှိနေသော ဂိုးနည်းပြနှင့် ကြံ့ခိုင်ရေးမှုးတို့ကိုမူ ဆက်လက်ခန့်ထားမည် ဖြစ်သည်။

ဒီကာလိုမှာ လွန်ခဲ့သောရာသီက လီဗော်နိုကို ၈၈ ရက်သာနည်းပြအဖြစ် တာဝန်ယူခဲ့ရပြီးနောက် ဧပြီလတွင် ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here