Bundesliga News

မာကိုရူးစ် ဒဏ်ရာရ

Jun 19 , 2014

 ဒေါ့မွန်အသင်းမှ ဂျာမနီလက်ရွေးစင် မာကိုရူးစ်မှာ အာမေးနီးယားကို ၆:၁ ဖြင့် နိုင်ခဲ့သော ခြေစမ်းပွဲတွင်ဒဏ်ရာ ရရှိသွားခြင်းကြောင့် ကမ္ဘာ့ဖလားပွဲ ကစားနိုင်ရေးအတွက် စိတ်မအေးစရာ ဖြစ်ခဲ့ရသည်။

ခြေကျင်းဝတ် ဒဏ်ရာရရှိသွားခဲ့သော ရူးစ်မှာ ဆေးအဖွဲ့အကူအညီဖြင့် ကွင်းပြင်သို့ ထွက်ခဲ့ရပြီးသူ၏ ဒဏ်ရာအခြေအနေကို စစ်ဆေးရဦးမည် ဖြစ်သည်။

နည်းပြ ဂျိုအာချင်လို၏ ဂျာမနီအသင်းမှာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်နေ့တွင် ပေါ်တူဂီနှင့် စတင်တွေ့ဆုံ ရမည်ဖြစ်ပြီး ရူးစ်၏ ဒဏ်ရာမှာ ကမ္ဘာ့ဖလားပွဲနှင့် လွဲရနိုင်သည်ဟု ထင်မြင်မှုများလည်း ရှိနေသည်။

နည်းပြ လိုက မိမိတို့အနေနှင့် ဒဏ်ရာအခြေအနေကို စစ်ဆေးရဦးမည်ဖြစ်ပြီး ပထမဆုံး ပွဲမကစားရမီ ၂၄ နာရီကြို၍ လူစားခေါ်ခွင့် ရှိပါကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here