Serie-A News

အမှတ်လျှော့ခံရသော ပါးမား

Dec 11 , 2014

စီးရီးအေကလပ်တစ်ခုဖြစ်သော ပါးမားအသင်းမှာ ကစားသမားလစာများပေးချေရန် ပျက်ကွက်နေမှုကြောင့် တစ်မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အီတလီဘောလုံးအဖွဲ့ချုပ်သည် ကလပ်အား အမှတ်လျှော့ပြစ်ဒဏ်ချမှတ်သကဲ့သို့ အသင်း ဥက္ကဌ ဂီရာဒီနှင့် ဒါရိုက်တာ လီယိုနာဒီတို့အားလည်း ဒဏ်ငွေ ယူရို ၅၀၀၀ စီ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

ပါးမားအသင်းအနေနှင့် လောလောဆယ်တွင် ၁၄ ပွဲကစား ၅ မှတ်ဖြင့် ဇယားအောက်ဆုံးတွင် ရှိနေပြီး တန်းဆင်းဇုန်မှ လွတ်ရန် ၈ မှတ်ကွာဟလျှက် ရှိသည်။

လွန်ခဲ့သောရာသီတွင် ပါးမားမှာ အဆင့် ၆ ရခဲ့သော်လည်း လစာပေးချေရန် ပျက်ကွက်ခြင်းနှင့် ငွေကြေးဆိုင်ရာကိစ္စများကြောင့် ယူရိုပါလိဂ်ကစားခွင့် ရုပ်သိမ်းခံခဲ့ ရသော အသင်းဖြစ်သည်။

ယူအီးအက်ဖ်အေ ဖလား ၂ ကြိမ်နှင့် ကိုပါအီတာလျံ ဖလား ၃ ကြိမ် ရခဲ့ဘူးသော ပါးမားကို လက်ရှိကိုင်တွယ်နေသော နည်းပြမှာ အီတလီကွင်းလယ် ကစားသမားဟောင်း ဒိုနာဒိုနီဖြစ်ပြီး သူသည် အီတလီလက်ရွေးစင်အသင်းကို ၂၀၀၆ မှ ၂၀၀၈ အထိ တာဝန်ယူခဲ့သူလည်း ဖြစ်သည်။

  လောလောဆယ်တွင် ပါးမားအသင်းမှာ ရိုးမား၊ အင်တာ တို့ကဲ့သို့ နိုင်ငံခြားသားပိုင်သော တတိယမြောက် စီးရီးအေကလပ် ဖြစ်လာတော့မည် ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here