La-liga News

ကစားနိုင်မယ်ဆိုတဲ့ ကော်စတာ

Jun 19 , 2014

စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာက သူသည် ဟော်လန်နှင့် ပွဲတွင် ပါဝင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။
   လာလီဂါချန်ပီယံ အက်သလက်တီကိုအသင်းမှ တိုက်စစ်မှူးကော်စတာမှာ ယင်းလာလီဂါပွဲများ ကစားစဉ်က ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ သက်သာလာပြီ ဖြစ်သည်။ သူက ကျွန်တော့်အထင် ကျွန်တော့်အခြေအနေဟာ အားလုံး ပုံမှန်ပြန်ဖြစ်နေပါပြီ၊ ချန်ပီယံလိဂ် ဖိုင်နယ်အပြီး တစ်ပတ်လောက်အကြာမှာ သက်သာလာခဲ့တာပါ။ ယခုအချိန်မှာ ကျွန်တော် လေ့ ကျင့်ရေးဆင်းနိုင်ပါပြီ၊ ကမ္ဘာ့ဖလားအတွက် အဆင်သင့်ဖြစ်ပြီလား လို့ မေးလာရင် ဘာလို့မဖြစ်ရမှာလဲ လို့ ပြန်ဖြေရုံပါပဲ ဟု ပြောဆို ခဲ့သည်။ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သည့် စပိန်သည် လာမည့် ဇွန်လ ၁၃ ရက်နေ့တွင် ဟော်လန်နှင့် စတင်ကစားရ မည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here